"မိန်းမလှကျွန်း" ၏ တည်းဖြတ်မှု မူကွဲများ

၃ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
→‎လက်ရှိ အခြေအနေ: စာလုံးပေါင်း ပြင်ခဲ့သည်
(→‎ဒဏ္ဍာရီ ပုံပြင်များ: စာလုံးပေါင်း ပြင်ခဲ့သည်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
(→‎လက်ရှိ အခြေအနေ: စာလုံးပေါင်း ပြင်ခဲ့သည်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
မြန်မာနိုင်ငံမှာ ၁၉၂၄ ခုနှစ်က ဧရာဝတီတိုင်း အတွင်း ဒီရေတော ဧကပေါင်း ဟတ်တာ ၂၅၀၀၀ဝ ကျော်ရှိခဲ့ပြီး၊ ၂၀၀၂ ခုနှစ်တွင် ဟတ်တာ ၁၁၀၀၀ဝ ကျော်သာကျန်ရှိတော့ သောကြောင့် (၇၇) နှစ်အတွင်း ဒီရေတော ပြုန်းတီးမှုမှာ (၅၅) ရာခိုင်နှုန်းဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းများ အရ သိရပါတယ်။ ဥတုရာသီ တောကို မှီဆိုတဲ့ စကားဟာ အစဉ်အမြဲ မှန်ကန် ခဲ့ သလို သဘာဝပတ်ဝန်းကျင် ပျက်ဆီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်း တို့နဲ့ အတူ ဧရာဝတီတိုင်း အတွက် ဒီရေတောတွေရဲ့ အခန်း ကဏ္ဍဟာ ပိုလို့ အရေးပါလာနေပါပြီ။ ဒီရေတော တွေကို ကျွန်တော်တို့ အမြန်ဆုံး ပြန်လည် ထူထောင်နိုင်ဖို့လိုတယ်။ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်တွေကို စိမ်းလန်းတဲ့ သစ်တောတွေနဲ့အတူ ဒီရေတောတွေကို ချစ်တတ်၊ ထိန်းသိမ်းတတ်တဲ့ စိတ်ဓာတ်တွေကို အမွေပေး ကြရမယ်။ ဧရာဝတီ လင်းပိုင်များ အပါအဝင် ကမ္ဘာပေါ်မှာ မျိုးတုန်းပျောက်ကွယ်မယ့် အန္တာရယ်နဲ့ ကြုံတွေ့ နေရတယ့် သက်ရှိမျိုး စိတ်များ ဟာ ကျွန်းကို အမှီပြုပြီး ရှင်သန်နေကြရတယ်။ ကမ္ဘာပေါ်မှာ သုံးကောင်ပဲ ကျန်ရှိတော့တယ့် ဒီရေတောဆင် တွေဟာလည်း မိန်းမလှကျွန်းနဲ့ ပြင်ဒရယ် ကြိုးဝိုင်း အနီးမှာ ကျက်စားကြတယ်လို့ သိရတယ်။ (ဒီဆင်သုံးကောင် လုံးက အထီးတွေ ဖြစ်တဲ့ အတွက် ဒီရေတော ဆင်တွေဟာတော့ မျိုးတုန်းပျောက်ကွယ် ဖို့ သေချာသွားပါပြီ)။
 
ကျွန်းပေါ်မှာ ဌာနဆိုင်ရာ ကင်းစခန်းတွေက လွဲလို့ မည်သူမျှ အခြေချ နေထိုင်ခွင့် မရှိပါဘူး။ သို့သော်လက်ရှိမှာ ကျွန်းပေါ်က ချောင်းတွေထဲမှာ ငါးခိုးဖမ်းတာတွေ ရှိနေသလို၊ ကျွန်းပေါ်မှာလည်း ထင်းခိုးခုတ်နေတယ့် အနေအထားတွေ ရှိနေတုန်းပါပဲ။ ဥပဒေကြောင်း အရ တင်းကျပ်ထားပြီး ဖမ်းဆီး အရေးယူနေတာတွေ လုပ်နေသော်လည်းပဲ၊ ဒေသခံလူထုရဲ့ တကယ်နားလည် မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ရာရှိမှာရရှိမှာ သာလျှင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းဟာ ရာနှုန်းပြည့် အောင်မြင်မှာ ဖြစ်ပါတယ်။ <ref>ဒီရေတောများကို ချစ်ကြပါ၊ ကြည်ဝေ၊ ဇွန် ၂၇၊ ၂၀၀၈</ref>
 
== ကိုးကား ==
အမည်မသိ အသုံးပြုသူ