ကြွက် (တိရစ္ဆာန်): တည်းဖြတ်မှု မူကွဲများ

→‎ကြွက် (တိရစ္ဆာန်): စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂၆ -
== ပြန့်ပွားမှုနှင့် ၎င်းတို့၏ ပြဿနာများ ==
ကြွက်ငယ်မျိုး၏ မူလဒေသမှာ ကြွက်ကြီးမျိုးကဲ့သို့ အာရှတိုက်ပင် ဖြစ်သော်လည်း တစ်ရပ်မှ တရပ်သို့ မီးရထား၊ သင်္ဘောတို့ဖြင့် တစတစ ပြန့်ပွားသွားသောကြောင့်၊ ယခုအခါ ကမ္ဘာပေါ်တွင် လူတို့နေထိုင်ရာ အရပ်ဟူသမျှအရပ်မှာပင် ယင်းတို့ကို တွေ့ရတတ်သည်။ အိမ်ကြွက်များသည် အိမ်ရှင်တို့၏ အစားအစာ၊ အဝတ်အစား အိမ်ထောင် ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးကြသည့်နည်းတူ၊ လယ်ကွင်း ခြံစည်းရိုးနှင့် တောခြေတို့တွင် နေ့လေ့ရှိကြသော ကြွက်ငယ်တမျိုးတို့သည်လည်း လူတို့ကို များစွာ အနှောင့်အယှက်ပေးကြသည်။ ယင်းတို့သည် တောင်သူလယ်သမားတို့ ပြုစုထားသော ကောက်ပဲသီးနှံတို့ကို ကိုက်ဖြတ်ဖျက်ဆီးတတ်ကြရုံသာမက လယ်မြေယာမြေနှင့် လယ်ကန်သင်းတို့တွင်လည်း ကျင်းများတူးကာ မြေဆီလွှာကို ညံ့ဖျင်းအောင် ပြုတတ်ကြသည်။
ကြွက်သည် အလွန်မျိုးပွားမြန်သည့်အတိုင်း အိမ်၌ဖြစ်စေ၊ လယ်၌ဖြစ်စေ နေမိလျှင် ယင်းတို့ကို လုံးဝပျောင်အောင်လုံးဝပျောက်အောင် သုတ်သင်ရန်မျာသုတ်သင်ရန်မှာ မဖြစ်နိုင်သလောက် ခဲယဉ်းပေသည်။ သို့ရာတွင် [[ကြောင်]]၊ [[ကျီး]]၊ [[ဇီးကွက်]]၊ [[သိမ်းငှက်]]၊ [[ငှက်ဘီလူး]]၊ [[မြွေပါ]]စသော ကြွက်တို့၏ [[ဘသာဝရန်သူ]]များကြောင့် ကြွက်တို့၏ အရေအတွက်မှာ ရှိသင့်သည်ထက် များစွာ ယုတ်လျော့၍ နေသည်။ ထိုသို့သဘာဝရန်သူများ မရှိပါက နေရာတကာ၌ ကြွက်တို့ လွှမ်းမိုးနေမည်မှာ မလွဲပေ။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၂၊ အပိုင်း-ခ၊ နှာ- ၂၄၁</ref>
 
== ကိုးကား ==