ဝီကီပီးဒီးယား:သင်၏ ပထမဆုံးဆောင်းပါး: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၅၃ -
; ထင်ရှားအရေးပါမှုမရှိသော ခေါင်းစဉ်များ : လူများသည် စာမျက်နှာများကို စွယ်စုံကျမ်းတစ်ခုတွင် ပါဝင်သင့်ရှိသော [[Wikipedia:ထင်ရှားအရေးပါမှု|အမှန်တကယ် ထင်ရှားအရေးပါမှု ရှိမရှိ]] ကို စဉ်းစားခြင်းမရှိပဲ မကြာခဏ ထည့်သွင်းလျက်ရှိကြသည်။ ဝီကီပီးဒီးယားသည် စာမျက်နှာအခြေပြုပုံနှိပ် စွယ်စုံကျမ်းများကဲ့သို့ နေရာကန့်သတ်ချက်မရှိခြင်းကြောင့် ကျွန်ုပ်တို့၏ [[Wikipedia:ထင်ရှားအရေးပါမှု|ထင်ရှားအရေးပါမှု]] မူဝါဒနှင့် လမ်းညွှန်ချက်များသည် ဆောင်းပါးများကို ကျယ်ပြန့်သည့်အပိုင်းအခြားတစ်ခုအနေဖြင့် ခွင့်ပြုထားသည်။ သို့ဖြစ်သော်လည်း ''ခေါင်းစဉ်တိုင်း'' ပါဝင်နိုင်ရန် ခွင့်ပြုထားခြင်းမရှိပေ။ ထင်ရှားသိသာကြောင်း အထောက်အထားခိုင်ခိုင်လုံလုံမရှိသော သို့မဟုတ် တိကျခိုင်မာသည့်ရင်းမြစ်နှင့် အရေးပါမှုမရှိသော လူများအကြောင်း၊ ကုမ္ပဏီများ၊ အုပ်စုအဖွဲ့များ အကြောင်းစာမျက်နှာများကို ကျွန်ုပ်တို့၏ [[WP:SPEEDY|အလျင်အမြန် ဖျက်ပစ်ခြင်း]] မူဝါဒအရ ယင်းကဲ့သို့သော စာမျက်နှာများကို လျင်မြန်စွာ ဖျက်ပစ်ရန် ဆုံးဖြတ်ပါသည်။ ဤသည်မှာ စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဆောင်းပါးများဖန်တီးရာတွင် သင်ရွေးချယ်လိုက်သော ခေါင်းစဉ်သည် ဝီကီပီးဒီးယားအတွက် လုံလောက်သော ထင်ရှားအရေးပါမှုရှိခြင်းနှင့် ထင်ရှားအရေးပါမှုကို အထောက်အထားခိုင်လုံစွာတင်ပြနိုင်ရန် သို့မဟုတ် တိကျခိုင်မာသည့် ရင်းမြစ်များကို ကိုးကားခြင်းဖြင့် သင့်အကြောင်းအရာကို အရေးပါမှုပြသနိုင်ရန် ''ကျေးဇူးပြု၍'' စဉ်းစားပါ။ ဝီကီပီးဒီးယားသည် အရာအားလုံးပါဝင်တည်ရှိနေနိုင်သည့် [[WP:NOT|လမ်းညွှန်စာအုပ် မဟုတ်ပါ]]။
; ကြော်ငြာခြင်း : ကျေးဇူးပြု၍ [[Wikipedia:spam|သင့်ထုတ်ကုန်ပစ္စည်း သို့မဟုတ် စီးပွားရေးလုပ်ငန်းကို ဈေးကွက်မြှင့်တင်ခြင်း]] မပြုလုပ်ပါနှင့်။ ဆောင်းပါးတစ်ခုတွင် ပါဝင်သင့်သည်ဟု ကြားနေအဖွဲ့တစ်ခုမှ ဆုံးဖြတ်ထားသည့် လင့်ခ်များမှလွဲ၍ သင်၏ စီးပွားရေးဝက်ဘ်ဆိုဒ်လင့်ခ်ကို ထည့်သွင်းခြင်း မပြုပါနှင့်။ ကျွန်ုပ်တို့တွင် [[:en:Kleenex|Kleenex]] သို့မဟုတ် [[:en:Sharpie (marker)|Sharpie]]s ကဲ့သို့သော ထုတ်ကုန်များအကြောင်း၊ သို့မဟုတ် [[:en:McDonald's|McDonald's]] ကဲ့သို့ သိသာထင်ရှားသော စီးပွားရေးလုပ်ငန်းများအကြောင်း ဆောင်းပါးများ မရှိပါ။ သို့သော် သင်သည် ထုတ်ကုန်တစ်ခု သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုအကြောင်း ရေးသားမည်ဆိုပါက [[:en:Wikipedia:Neutral point of view|ဘက်မလိုက်သော အမြင်]]ဖြင့် ရေးသားရန် သတိပြုပါ။
; ကိုယ်ရေးကိုယ်တာ အက်ဆေးများ သို့မဟုတ် သုတေသနစာတမ်းများ : ဝီကီပီးဒီးယားသည် ''ရှိနှင့်ပြီးသော'' လူ့ဗဟုသုတများအတွက် ဖြစ်သည်။ ကိုယ်ပိုင်ဖန်တီးမှုများကို ရေးသားလွှင့်တင်ရန် နေရာမဟုတ်ပေ။ လက်ခံနိုင်ဖွယ်ရာ အကိုးအကားများ ''ထောက်ပြပေးနိုင်လျင်တောင်မှ'' သင်၏ ကိုယ်ပိုင် [[:en:Wikipedia:No original research|မူလသီအိုရီများ၊ ထင်မြင်ချက်များ၊ သို့မဟုတ် ထိုးထွင်းအမြင်များ]] ပါဝင်သည့် ဆောင်းပါးများကို မရေးပါနှင့်။ မှားယွင်းလေ့ရှိသည်မှာ ဆောင်းပါးတစ်ခုတွင်းတွင်ဆောင်းပါးတစ်ခုအတွင်းတွင် ဆန်းသစ်သော ပေါင်းစပ်အတွေးအခေါ်များ ထည့်သွင်းခြင်းဖြစ်သည်။ မှတ်ယူရန်မှာ၊ အချက်အလက် "အေ" နှင့် အချက်အလက် "ဘီ" နှစ်ခုစလုံးမှန်ကန်သောကြောင့် "အေ" သည် "ဘီ"၏ အကြောင်းရင်းခံဖြစ်သည် သို့မဟုတ် အပြန်အလှန်အားဖြင့် ဟု မဆိုလိုပေ (ယုတ္တိအမှား)။
; စာတစ်ကြောင်းတည်း သို့မဟုတ် ဝက်ဘ်ဆိုဒ်လင့်ခ် တစ်ခုတည်း : ဆောင်းပါးများသည် အမှန်တကယ် သူတို့ကိုယ်ပိုင် အကြောင်းအရာများ ရှိရန် လိုအပ်သည်။
; လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခုအား တိုက်ခိုက်ခြင်း : အခြေခံအားဖြင့် [[WP:BLP|သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ]]ဆိုင်ရာ မူဝါဒကို ဖောက်ဖျက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ရန် ကြံစည်ခြင်း၊ အသရေဖျက်ခြင်း၊ အကြောင်းအရာ သို့မဟုတ် ထင်ရှားမှုကို အနှောက်အယှက်ပေးခြင်း ကို ခွင့်မပြုပါ။ အနှုတ်သဘောဆောင်သော သတင်းအချက်အလက်များ၊ အထူးသဖြင့် သက်ရှိပုဂ္ဂိုလ်များအကြောင်း ဆောင်းပါးများအတွင်းတွင် ထည့်သွင်းခြင်းများသည် လျင်မြန်စွာ ဖယ်ရှားခံရပြီး [[WP:Attack page|တိုက်ခိုက်သည့် စာမျက်နှာများ]]သည် ချက်ခြင်း ဖျက်ပစ်ခံရမည်ဖြစ်သည်။