ရဲထွတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး improve (note: "အမြိုက် တရား (Les Miserable by Victor Hugo ကို မှီး) သည်. . ချီးကျူးဖွယ် လက်ရာ ဖြစ်ကြောင့်း မှတ်တမ်း ပြုကြသည်" မှာ မူရင်းတွေးခေါ်မှု Les Miserable ကို ချီးကျူးတာလား၊ translation ကို ချီးကျူး မှတ်တမ်းတင်တာလားမသိ)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၅ -
ဧရာဝတီတိုင်း ပန်းတနော် မြို့တွင် အဖ ဆန်စပါး ကုန်သည် ဦးလှ၊ အမိ ဒေါ်သန့် တို့က ရ ဖေဖော်ဝါရီ ၁၉၁၃ ခုနှစ်တွင် မွေးဖွားသည်။ မွေးချင်း ရှစ်ယောက် အနက် ပဉ္စမမြောက် သား ဖြစ်သည်။ အမည်ရင် ဦးသော် ဖြစ်သည်။
 
ငယ်စဉ်ကပင် ဖခင် ကွယ်လွန် ခဲ့သောကြောင့် မိခင် အုပ်ထိန်းမှုနှင့် ကြီးပြင်း ခဲ့ရသည်။ ပန်းတနော် အမျိုးသား ကျောင်းတွင် အင်္ဂလိပ် - မြန်မာ ဆယ်တန်း အောင်သည် အထိ ပညာ သင်ယူ ခဲ့သည်။ ကျောင်းနေစဉ်က လွန်စွာ စာတော်သည်။ စာဖတ် ဝါသနာ ကြီးသည်။ စာစီစာကုံး ရေးသားခြင်း၌ အတန်းကြီး သူများ ထက်ပင် ပို၍ ထူးချွန်သည်။ ကျောင်းမှ ထွက်သော အခါ အစိုးရ လခစား မလုပ်ဘဲ ဝတ္ထု ရေးခြင်းဖြင့် ကိုယ့်ဝမ်း ကိုယ်ကျောင်းသည်။ ၁၉၃၁ ခုနှစ် မှစ၍ ဒဂုန် မဂ္ဂဇင်းတွင် ဝတ္ထုတိုများ စတင် ရေးခဲ့သည်။ ဒဂုန် နတ်ရှင်၏ အကြံ ပေးချက် အရ "ဒဂုန် ရဲထွတ်" ဟူသော ကလောင် အမည် ယူသည်။ နောင်တွင် "ရဲထွတ်" ဟူသော အမည် ပြောင်း၏။ အသက် ၂၃ နှစ်ခန့်တွင် "မပု" နှင့် အိမ်ထောင် ပြုသည်။ မြင်းလောင်း ဝါသနာ ပါသည်။ စစ်မဖြစ်မီက ရုပ်ရှင်နယ် ထဲသို့ မထင်မရှား ဝင်ရောက် ခဲ့ဖူးသည်။ စာဆိုတော်နေ့ စာရေး ဆရာ စာစောင် (၁၉၄၇) ကို တာဝန်ခံ ထုတ်ဝေ ခဲ့သည်။ ထူထောင်ရေး စာအုပ် ဖြန့်ချိရေးဖြန့်ချီရေး ဌာန အမည်ဖြင့် သူ့ စာအုပ် များကို ကိုယ်တိုင် ထုတ်ဝေ ခဲ့သည်။
 
ချစ်ဗိမာန်၊ ချစ်နိဗ္ဗာန်၊ ဝေလီဝေလင်း၊ ချစ်ရိပ်မြုံ (ဂျပန်ခေတ်) ၊ ချစ်ဆန်းကြယ်၊ အချစ်ဦးည စသည့် စွဲငြိဖွယ်သော အချစ် ဝတ္ထုများ ရေးသား ခြင်းခြင့် ထင်ရှားသော စာရေးဆရာ တယောက် ဖြစ်သည်။ သွေးသောက်ပတ္တမြား၊ ကဝေကျိန်စာ၊ နတ်ရဲကြီး စသည့် စုန်း ကဝေ တစ္ဆေဝတ္ထု များကိုလည်း ရေးခဲ့သည်။ စစ်မဖြစ်မီက ထုတ်ခဲ့သည့် ဤဒေသနှင့် ချစ်လောက နှစ်အုပ် ပေါင်းထုတ်သော တို့မျိုးစေ့ (Phroso by Anthony Hope ကို မှီး) ကဲ့သို့ အချစ်နှင့် စွန့်စားခန်း ဝတ္ထုကောင်း ကိုလည်း ဖန်တီး ခဲ့၏။ ရွှေပေးလို့ မရ (၁၉၄၇) ကဲ့သို့သော အချစ်နှင့် ဘဝ သရုပ်ဖော် ဝတ္ထုမျိုး ကိုလည်း ထုတ်ဝေ ခဲ့သည်။ စာအုပ် အဖြစ် မရောက် ခဲ့သော သူရိယ နေ့စဉ် သတင်းစာပါ အမြိုက် တရား (Les Miserable by Victor Hugo ကို မှီး) သည် အတွေးအခေါ်နှင့် ဘာသာရေး အမြင် တို့၌ ချီးကျူးဖွယ် လက်ရာ ဖြစ်ကြောင့်းဖြစ်ကြောင်း မှတ်တမ်း ပြုကြသည်။ ၁၉၃၉ ဝန်းကျင်တွင် ထွက်ခဲ့သည့် ကာမဂုဏ် ဝတ္ထုကိုမူ ညစ်ညမ်း စာပေ အဖြစ် အစိုးရက အရေးယူခြင်း ခံခဲ့ရသည်။ ရဲထွတ်၊ ရန်အောင်၊ သင်္ခါတို့ သုံးဦး ပေါင်းရေးသည့် ဤသုံးဦး စာအုပ်မှာ ထင်ရှား အောင်မြင် ခဲ့သည်။ အထူးခြားဆုံး ဝတ္ထုမှာ ခေတ်နှင့် လူ့အဖွဲ့အစည်း အခြေအနေကို ဖော်ပြသည့် လခစား (၁၉၃၆ ခန့်) ပင် ဖြစ်သည်။ ချစ်လမ်းခရီး ကျမ်းတစောင် ကိုလည်း ပြုစု ခဲ့သေးသည်။ နှစ်ပဲတန်၊ လေးပဲတန် ဝတ္ထုခေတ်မှ စ၍ အချစ်၊ စွန့်စားခန်း၊ ဘဝ သရုပ်ဖော်၊ တရားသံဝေဂ၊ သိုက်သမိုင်း စသည့် လုံးချင်း ဝတ္ထု များစွာ ရေးသား ခဲ့သည်။ သွေးသောက်၊ ရှုမဝ၊ စာပဒေသာ၊ စာရေးဆရာ၊ စာမျိုးစုံ၊ အောင်ဂျာနယ် စာစောင် မဂ္ဂဇင်းများတွင် အချစ်ကို တင်စားသည့် ဝတ္ထုတိုများ ရေးခဲ့သည်။ ဇာတ်ညွှန်းရေး ဆရာ အဖြစ် ရွှေမြင်းမိုရ် ရုပ်ရှင် ကုမ္ပဏီ အတွက် 'ခွန်ချိုခွန်သာ' ၊ 'တောပုန်းတောင်' စသည် တို့ကို ရေးခဲ့သည်။
 
မင်းဆွေ၊ ရဲထွတ်နှင့် စာရေးဆရာ ရဲသမိန် (မာဃ ကုန်စုံဆိုင်ရှင် ဦးဘကြိုင်) တို့ သုံးဦးမှာ အလွန် တွဲသည့် သုံးယောက်တွဲ ဖြစ်သည်။ 'ချစ်ဆန်းကြယ်' (၁၉၄၉) ကို ရန်အောင်နှင့် ပူးတွဲ ရေးသည်ဟု ဆိုသည်။