လှဖေ၊ ဦး (ဒဂုန်): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂၇ -
၁၉၂၁-ခုနှစ်တွင် [[မန္တလေးတိုင်း]] သမဝါယမဝန်ထောက် ဦးမောင်မောင်ပြားထံတွင် တွဲဖက်စာရင်းစစ် အဖြစ် အမှုထမ်းသည်။ ၁၉၂၉-ခုနှစ်တွင် [[ဒဂုန် မဂ္ဂဇင်း]]အယ်ဒီတာအဖြစ်လည်းကောင်း၊ ၁၉၄၀ ပြည့်နှစ်တွင် ဗြိတိသျှဘားမား ရုပ်ရှင်စာစောင်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၅-၄၆ ခုနှစ်တွင် ဟံသာဝတီ သတင်းစာ တွဲဖက်အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ကိုယ်ပိုင်ရွှေပြည်တန် စာပုံနှိပ်တိုက်နှင့် စာပေထုတ်ဝေရေးများကို လုပ်ကိုင်ခဲ့သည်။ ၁၉၅၇-ခုနှစ်တွင် [[ဗိုလ်တထောင် သတင်းစာ]] တည်ထောင်သူတစ်ဦးအဖြစ် ပါဝင်သည်။ ၁၉၇၁-ခုနှစ် မြန်မာစာကော်မရှင် (ယခု [[မြန်မာစာအဖွဲ့]]) တွင် ကော်မရှင်အဖွဲ့ဝင်၊ ၁၉၇၅-ခုနှစ်တွင် မြန်မာစာအဖွဲ့ တွင် အချိန်ပြည့်အဖွဲ့ဝင် ဖြစ်လာသည်။ မြန်မာသဒ္ဒါနှင့် မြန်မာစာအဘိဓာန်ကျမ်းပြုစုရာတွင် ပါဝင်ခဲ့သည်။
 
ဆရာကြီးသည် ဗြိတိန်နိုင်ငံတွင် မြန်မာ-အင်္ဂလိပ်အဘိဓာန် ပြုစုနေသော အင်္ဂလိပ်လူမျိုး သုတေသီများနှင့် မြန်မာပညာရှိတို့ဆက်သွယ်၍ မြန်မာမှု မြန်မာစာပေဆိုင်ရာ ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရာတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းတို့ကို တည်းဖြတ်ရာတွင် အကူအညီပေးခဲ့ရသည်။ သစ္စာဝါဒီသတင်းစာနှင့် မန္တလေးထုတ် သမဝါယမဟိတဂျာနယ်တို့တွင် ဆောင်းပါးများ စတင်ရေးသားခဲ့သည်။ ဒဂုန်ဦးလှဘေအမည်ဖြင့် မြန်မာ့စာပေယဉ်ကျေးမှုဆောင်းပါးများ အစဉ်တစိုက် ရေးသားခဲ့သည်။ ဗိုလ်တထောင်သတင်းစာ တွင် ခေါင်းစီးနှင့် စာပေယဉ်ကျေးမှုဆောင်းပါးများ ပင်တိုင်ရေးပေးခဲ့သည်။ စာတံခွန်၊ စာပေနှင့် ယဉ်ကျေးမှုဦယဉ်ကျေးမှုဦး တွေးခေါ်သိမြင်မှုဒဿနမြင်ကွင်း၊ ရွှေပြည်တန်နီတိ စသည့် စာအုပ်များကို ရေးသား ထုတ်ဝေခဲ့သည်။
 
== ကွယ်လွန်ခြင်း ==