အောင်စိုး (စာရေးဆရာ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး fix
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃ -
ဆရာအောင်စိုးသည် ငယ်စဉ်က [[တောင်တွင်းကြီးမြို့]] အိုဘီအမ်နေရှင်နယ်ကျောင်း၊ [[ညောင်ဦးမြို့]] ဆရာခင် အမျိုးသားအထက်တန်းကျောင်းတို့၌ ပညာသင်ယူခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မက်ထရစ်စာမေးပွဲ အောင်မြင်ပြီး [[ရန်ကုန်တက္ကသိုလ်]]သို့ တက်ရောက်ပညာ သင်ယူခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိသည်။
 
၁၉၄၇ ခုနှစ်တွင် ညောင်ဦး သုခမောင်ကလောင်အမည်ဖြင့် သတင်းစုံဂျာနယ်၌ စာညွန့်များ၊ ဝတ္ထုတိုများ ရေးသားသည်။ ရန်ကုန်တက္ကသိုလ် ပထမနှစ်တွင် မြန်မာစာအသင်းက ကျင်းပသော အထွေထွမြေန်မာမှုပြိုင်ပွဲ၌အထွေထွေမြန်မာမှုပြိုင်ပွဲ၌ 'ခါနွေဦး' ဟူသော ဝတ္ထုတိုဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရာ ပထမဆုရရှိသည်။ ၁၉၄၈ ခုနှစ်တွင် အောင်စိုး ကလောင်အမည်ဖြင့် 'လှည်းယဉ်ကြော့ကြော့'နှင့် 'ရွှေပွင့်'ဟူသော ဝတ္ထုတို နှစ်ပုဒ်ရေးသားပြီး ရှုမဝရုပ်စုံမဂ္ဂဇင်းသို့ ပေးပို့ရာ နှစ်ပုဒ်စလုံး ရွေးချယ်ထည့်သွင်းဖော်ပြခြင်းခံရသည်။ ဆက်လက်၍ တာရာ၊ ပဒေသာ၊ သွေးသောက်၊ တိုင်းရင်းမေ၊ ကလောင်စုံ၊ ဆန်းသစ်ဦး၊ ယုဇန၊ ဂျာနယ်ကျော်၊ စာပေဗိမာန်၊ မြဝတီ၊ ကလျာ၊ မေ့တွက်တာ၊ ကေသီပန်၊ စန္ဒါ၊ မိုးဝေ၊ ဝတ်မှုန်၊ သုတပဒေသာ စသည့် ဂျာနယ်၊ မဂ္ဂဇင်းများ၌ ရေးသားသည်။
 
'လှည်းယဉ်ကြော့ကြော့နှင့် အညာဓလေ့ ဝတ္ထုများ' (၁၉၆၁)၊ 'ကောက်သင်းကောက်နှင့် အညာဓလေ့ ဝတ္ထုတိုများ' (၁၉၆၃)၊ 'တိုင်းကျော်နှင့် ဘဝသရုပ်ဖော်ဇာတ်ကောင်များ' (၁၉၆၅)၊ 'သစ်သစ်လွင်လွင် ဘဝသရုပ်ဖော်ဝတ္ထုများ' (၁၉၆၆) တို့ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထို့အပြင် ဟံသာဝတီ၊ မြန်မာ့အလင်း၊ ကြေးမုံနှင့် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာများ၌ ရေးသားခဲ့သည့် ဆောင်းပါးများကို စုစည်း၍ 'သူ့စိတ်သူ့စာ ဆောင်းပါး ပေါင်းချုပ်' စာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။ စာပေဗိမာန်အဖွဲ့ကလည်း ပြည်သူ့လက်စွဲစာစဉ်အဖြစ် စာရေးဆရာအောင်စိုးရေးသားသည့် အညာဓလေ့ဝတ္ထုများကို ပုံနှိပ်ထုတ်ဝဖြေန့်ချိသည်။ စာရေးဆရာ အောင်စိုးသည် ဝတ္ထုတိုများသာမက အိ၊ လှသထက်လှ မယ်ဆိုရင်၊ အေးတင်၊ မိတာ၊ ဟောင်း ကြမ္မာလည်း ကြွေပါပြီ စသည့် လုံးချင်းဝတ္ထုများကိုလည်း ရေးသားခဲ့သည်။
စာကြောင်း ၁၁ -
၁၉၅၈ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ [[ကာကွယ်ရေး ဝန်ကြီးဌာန]] လေ့ကျင့်ရေးညွှန်ကြားရေးမှူးရုံးကထုတ်ဝေသည့် စစ်ပညာဂျာနယ်၌ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ပြီး ၁၉၈၇ ခုနှစ်တွင် အယ်ဒီတာအဖြစ်မှ အငြိမ်းစားယူသည်။
 
၁၉၆၅ ခုနှစ်တွင် [[အမျိုးသား စာပေဆု]] (ဝတ္ထုတိုပေါင်းချုပ်-ဒုတိယဆု) ကို 'တိုင်းကျော်နှင့် ဘဝသရုပ်ဖော် ဇာတ်ကောင်များ' စာအုပ်ဖြင့်ဆုရရှိသူ၊ ကန်တော့ခံ သက်ကြီး စာပေပညာရှင် စာရေးဆရာကြီး အောင်စိုးသည် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် [[ရန်ကုန်မြို့]]၌ ကွယ်လွန်သည်။<ref> စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)</ref>
 
==ကိုးကား==
<references/>