ခင်မောင်တိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီး လင့်များ ချိတ်
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂၈ -
 
==ဂီတလှုပ်ရှားမှု==
*ဒုတိယနှစ်တွင် စက်မှုတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သူ [[ရဲလွင် (မဇ္ဈိမလှိုင်း)|ကိုရဲလွင်]]နှင့် တွဲ၍ ဂီတကို စတင်လုပ်ကိုင်ခဲ့သည်။
*၁၉၇၃ ခုနှစ် တွင် ပထဆုံးသော တစ်ကိုယ်တော် စီးရီးကို "ပြဿနာ အုပ်စု" တီးဝိုင်းဖြင့် '''ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်''' တေးစီရီးထွက်ရှိခဲ့သည်။ ထိုစီးရီးသည် ခင်မောင်တိုး၏ ပထမဆုံး စီးရီးဖြစ်သည့်အပြင် ကော်ပီသံစဉ် စီးရီးလည်း ဖြစ်ခဲ့သည်။ ပထမဆုံး စီးရီးမှာပင် ခင်မောင်တိုးကို ပရိသတ်သိစေခဲ့သည့် သီချင်း ဖြစ်သော "မျက်သွယ်" သီချင်းကို သီဆိုခဲ့ပါသည်။ "မျက်သွယ်" သီချင်းကို ကိုတင်မောင်လှိုင်က ရေးသားခဲ့ခြင်း ဖြစ်သည်။
*ထို့နောက် ဒုတိယ စီးရီးဖြစ်သော "ရင်ခုန်နေသော အိမ်မက်ငယ်" ကို ၁၉၇၄ ခုနှစ်တွင် သီဆို ထုတ်ဝေခဲ့သည်။ ယင်းစီးရီးမှာလည်း ကော်ပီသံစဉ် ဖြစ်ပါသည်။ ထိုအချိန် အထိ ခင်မောင်တိုးအား ပရိသတ်သိရှိမှု နည်းပါးနေဆဲ ဖြစ်ပါသည်။
*၁၉၇၉ ခုနှစ်တွင် ကိုရဲလွင်၊ [[ဇော်မျိုးထွဋ် (မဇ္ဈိမလှိုင်း)|ဇော်မျိုးထွဋ်]]၊ [[အဉ္ဇလီ မောင်မောင်]]၊ [[နေဝင်း (သီချင်းရေးဆရာ)|ကိုနေဝင်း]] တို့နှင်အတူ “ပြဿနာ အုပ်စု" တီးဝိုင်းအဖွဲ့အမည်ကို "လိစ္ဆဝီ"ဟု ပြောင်းလဲလိုက်ပြီး "လိစ္ဆဝီ"အမည်ရှိ တေးဂီတဝိုင်းကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၉ခုနှစ်တွင် " အဉ္ဇလီအတွက် ဂီတအဉ္ဇလီ" စီးရီး ထွက်ရှိခဲ့ပါသည်။ ထိုစီးရီးမှာ ခင်မောင်တိုး၏ ပထမဆုံး ကိုယ်ပိုင် သံစဉ် စီးရီး ဖြစ်ခဲ့ပြီး ထိုနောက်ပိုင်းတွင် ကိုယ်ပိုင်သံစဉ် သီချင်းများကိုသာ ဆက်တိုက် သီဆိုခဲ့ပါသည်။
တေးစီးရီးဖြန့်ချိစကနေ မျက်သွယ်တေးစီးရီးထွက်ရှိချိန်ထိ ကော်ပီးတေးသီချင်းများ ရောယှက်မှုရှိနေသည့် ခင်မောင်တိုးသည် ၁၉၇၉ ခုနှစ်တွင် ထွက်ရှိသော အဉ္စလီအတွက် ဂီတအဉ္စလီ တေးစီးရီးတွင် ကိုယ်ပိုင်တီးဝိုင်း၊ ကိုယ်ပိုင်သံစဉ် တေးသီချင်းများဖြင့် ထုတ်လုပ်ဖြန့်ချိခဲ့သည်။
*၁၉၈၃ ခုနှစ်တွင် လိစ္ဆဝီ တေးဂီတဝိုင်းကို မဇ္ဈိမလှိုင်း ဟု အမည်ပြောင်းလဲခဲ့ပြီး ဂီတလုပ်ငန်းများကို အခြေချ လုပ်ကိုင်နိုင်ခဲ့သည်။ '''[[မဇ္ဈိမလှိုင်းမဇ္စျိမလှိုင်း တေးဂီတ|မဇ္ဈိမလှိုင်း]]''' တေးဂီတ အဖွဲ့ကို Lead ဇော်မျိုးထွဋ်၊ Bass ကိုရဲလွင်၊ Drum တွတ်ကီ၊ Keyboard မောင်မျိုးခင်၊ Hollow Guitar ခင်မောင်တိုး၊ Classical Guitar ကိုမောင်မောင် (အဉ္ဇလီ မောင်မောင်)နှင့် ကိုနေဝင်းတို့နှင့် အတူ တည်ထောင်ခဲ့သည်။ မဇ္ဈိမလှိုင်း ဟူသော အမည်ကို ကိုမောင်မောင်က ပေးခဲ့ခြင်း ဖြစ်သည်။
*မဇ္ဈိမလှိုင်း အဖွဲ့က Keyboard သမား မောင်မျိုးခင် ကွယ်လွန် သွားပြီးနောက် အဖွဲ့သားများသည်လည်း တစ်ယောက် တစ်နေရာစီ ကွဲသွားကြသဖြင့် ရှိုးပွဲများ သိပ်မလိုက်ကြတော့ပေ။ နာမည်ကြီး ကိုယ်ပိုင်သံစဉ် သီချင်းတပုဒ် ဖြစ်သည့် '''ဝိုင်းရဲ့ဆည်းဆာ''' တစ်နှင့် နှစ်ကို ၁၉၇၉-၈ဝ တဝိုက်က ကိုမောင်မောင်နှင့် နှစ်ယောက်တွဲ ရေးခဲ့ခြင်း ဖြစ်သည်။ ၁၉၈၁ ခုနှစ်တွင် "ဝိုင်းရဲ့ ဆည်းဆာ" တေးစီးရီး ထွက်ရှိခဲ့ပြီး "ဝိုင်းရဲ့ ဆည်းဆာ"မှာ ခင်မောင်တိုးကို ဂီတ ပရိသတ်များ ပိုမို အသိအမှတ် ပြုခဲ့သည့် စီးရီး ဖြစ်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် "စောင်းကြိုးရှိုက်သံ နှင့် ဆယ်နှစ်တာတေးများ" လက်ရွေးစင်တေးစု ထွက်ရှိခဲ့သည်။
 
*၁၉၈၄ ခုနှစ်တွင် "မဟာဆန်သူ" စီးရီး ထွက်ရှိလာခဲ့ပါသည်။ "မဟာဆန်သူ"သည် ခင်မောင်တိုး၏ အအောင်မြင်ဆုံး တေးစီးရီး ဖြစ်ခဲ့သည့် အပြင် ခင်မောင်တိုးနှင့်အတူ "မဇ္ဇျိမလှိုင်း" တေးဂီတ အဖွဲ့ကိုပါ အောင်မြင်မှု ရရှိစေခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် "ကြိုးကြာသံ" တေးစီးရီး ထွက်ရှိခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် "မျက်သွယ်" အမည်ဖြင့် လက်ရွေးစင် တေးပေါင်းစု ထွက်ရှိခဲ့သည်။ ၁၉၈၈ ခုနှစ်၌ " ရောင်စဉ် ခုနှစ်သွယ်"၊ ၁၉၉၀ ပြည့်နှစ်၌ "ဝေးခဲ့ပြီ ပန်းခရမ်းပြာ"၊ ၁၉၉၁ ခုနှစ်တွင် "လေးညှို့ရှင်" အစရှိသည့် တေးစီးရီးများ ထွက်ရှိခဲ့သည်။
 
*၁၉၉၂ ခုနှစ်တွင် "ပန်းချစ်သူ" တေးပေါင်းစု ထွက်ရှိခဲ့ပြီး ထိုစီးရီး၌ ပါဝင်ခဲ့သော သီချင်းများမှာ ရုပ်ရှင်ဇာတ်ဝင် သီချင်းများ ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်တွင် "ပန်တော်ဦး"၊ ၁၉၉၄ ခုနှစ်တွင် "မြစ်တစ်စင်း ဖြစ်တည်မှု" ထွက်ရှိခဲ့ပြီး ၁၉၉၄ ခုနှစ်မှာပင် Live 94 (Live Show) နှစ်ခွေတွဲ ထွက်ရှိခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် "ရည်ရွယ်သူ"၊ ၁၉၉၆ ခုနှစ်တွင် "မှီတွယ်ရာ လွမ်း"၊ ၁၉၉၇ ခုနှစ်တွင် "လှိုင်းထက်က ခြေရာများ" အစရှိသည့် စီးရီးများ ထွက်ရှိခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် "ရင်ခတ်အလွမ်း" တေးစီးရီး ထွက်ရှိခဲ့ပြီး ထိုစီးရီးတွင် ပါဝင်သော သီချင်းများမှာ [[မွန်းအောင်‌|မွန်းအောင်]]၏ သီချင်းများကို ပြန်လည် သီဆိုခဲ့ခြင်း ဖြစ်သည်။
 
*၁၉၉၉ ခုနှစ်တွင် "တိတ်တခိုး" စီးရီး ထွက်ရှိခဲ့သည်။ "တိတ်တခိုး"သည် မောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာများကို ကိုနိုင်မင်းက သံစဉ် ထည့်သွင်းပေးခဲ့ပြီး ခင်မောင်တိုးက သီဆိုခဲ့ခြင်း ဖြစ်သည်။ ၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် ခင်မောင်တိုး၏ တေးသီချင်းသစ် ထွက်ရှိမှု မရှိသလောက် နည်းပါးခဲ့ပြီး ၂၀ဝ၇ ခုနှစ် အချိန်တွင် "ခုနှစ်နှစ်အလွန်" တေးစီးရီး ထွက်ရှိလာခဲ့ပါသည်။