မောင်သစ်မင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး လင့်ချိတ်
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၄၉ -
၁၉၈၂ ခုနှစ်တွင် အဆိုတော် စိုးပိုင် သီဆိုရန် ရေးသားပေးခဲ့သည့် အနီးဆုံးလူ ဟုအမည်ရသော တေးသီချင်းသည် မောင်သစ်မင်း၏ ပထမဦးဆုံးသော ကိုယ်ပိုင်သံစဉ်တေးသီချင်းတစ်ပုဒ်ဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် စင်ပေါ်ကတေးများ ဟုအမည်ရသော တေးစီးရီးကို ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် [[ကျော်ဟိန်း]] အတွက် ရေးသားပေးခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် အဓိပ္ပါယ်ရှိသောလူ ဟု အမည်ရသော တေးစီးရီးကို ကျော်ဟိန်းအတွက် ဆက်လက်ရေးသားခဲ့သည်။ ယင်းတေးစီးရီးနှစ်ခုသည် မောင်သစ်မင်းနှင့် ကျော်ဟိန်း တို့၏ အောင်မြင်ကျော်ကြားသော တေးသီချင်းများ ဖြစ်ခဲ့သည်။
၂၀၀၃ ခုနှစ်တွင် အသက် ၅ဝ ပြည့် အမှတ်တရအနေဖြင့် မောင်သစ်မင်း၏ အောင်မြင်ကျော်ကြား ခဲ့သော တေးသီချင်းများကို စုစည်း၍ တေးမြုံငှက် နှစ်ငါးဆယ် (၁) နှင့် (၂) တေးစီးရီးနှစ်ခုကို ထုတ်ဝေခဲ့သည်။ ထို့အပြင် ခေတ်ပြိုင်ဂီတ မှတ်တိုင်များ အမည်ဖြင့် ရုပ်မြင်သံကြားအစီအစဉ်ကို MRTV-4 နှင့် တွဲဖက်စီစဉ်ခဲ့ သည်။ ထို့အပြင် မြန်မာနိုင်ငံဂီတအစည်းအရုံးတွင် တွဲဖက်အတွင်းအရေးမှူး(၃)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။
မောင်သစ်မင်းသည် [[စိန်သစ်]]၊ [[စိုးပိုင်]]၊ [[မွန်းအောင်‌|မွန်းအောင်]]၊ [[ပလေးဘွိုင်းသန်းနိုင်]]၊ [[ခိုင်ထူး]]၊ [[ကျော်ဟိန်း]]၊ [[ဇော်ဝင်းရှိန်]]၊ [[တူးတူး]]၊ [[ချစ်ကောင်း]]၊ [[ထူးအိမ်သင်]]၊ [[လေးဖြူ]]၊ [[အငဲ]]၊ [[အယ်ခွန်းရီ]]၊ [[နော်လီဇာ]]၊ [[ဟေမာနေဝင်း]]၊ [[မေဆွိ]] နှင့် [[ထွန်းအိန္ဒြာဗိုလ်]] အစရှိသည့် အဆိုတော်များအတွက် တေးသီချင်းပေါင်း ၆၀ဝ ကျော်ကို ရေးသားပေးခဲ့ သည်။
၁၉၈၂ ခုနှစ်တွင် မောင်သစ်မင်းသည် ဒေါက်တာအေးအေးစန်းနှင့် လက်ထပ်ထိမ်းမြှားခဲ့သည်။ ယင်း နောက် မောင်သိဒ္ဓိ၊ မောင်ဣဒ္ဓိနှင့် မောင်ကိတ္တိ တို့ကို မွေးဖွားခဲ့သည်။ ဇနီးဖြစ်သူ ဒေါက်တာအေးအေးစန်းသည် ၂၀၀၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။