ဒီးဒုတ်ဦးဘချို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နှုတ်ထွက် +နုတ်ထွက်)
၁၉၃၉ ခုနှစ် ဒီဇင်ဘာလတွင် မြို့မဆရာကြီး ဦးဘလွင်၊ သခင်နု၊ ဒေါ်မြစိန် (အမ်အေ၊ ဘီလစ်) တို့နှင့်အတူ တရုတ်နိုင်ငံသို့ မိတ်ဆက်အဖွဲ့ဝင်အဖြစ် သွားရောက်ခဲ့သည်။
စာကြောင်း ၂၄ -
== ငယ်ဘဝ ==
'''ဒီးဒုတ်ဦးဘချို''' ကို ၁၈၉၃ ခု၊ ဧပြီလ ၂၄ ရက်နေ့(၁၂၅၅ ခုနှစ်၊ကဆုန်လဆန်း(၁၀)ရက်)တွင် ဖွားမြင်သည်။ [[မြောင်းမြမြို့]] ဆေးဆရာကြီး ဦးဘိုးစာ၊ ဒေါ်မြစ်တို့၏ သားဖြစ်သည်။ မွေးချင်း(၄)ယောက်အနက် အထွေးဆုံးသားဖြစ်သည်။
မြောင်းမြမြို့ ဆရာဦးမောင်မောင် ကျောင်းတွင် သတ္တမတန်းအထိ ပညာသင်ကြားခဲ့ပြီး သတ္တမတန်းကို အထူးအောင်မြင်သဖြင့် စကောလားရှစ် (ခေါ်) ပညာသင်ဆုကို ရခဲ့သည်။[[ရန်ကုန်မြို့]]၊ [[စိန်ပေါလ်ကျောင်း]]တွင် ဆက်လက် ပညာသင်ကြားရာ ၁၀ တန်းကို အထူးအောင်ကာ ပညာသင်ဆုရပြန်သည်။ ပညာသင်ဆုရကာ ၁၆ နှစ်အရွယ်မှာပင် ရန်ကုန်ကောလိပ်၌ တက်ရောက်ပညာသင်ခွင့်ရရှိခဲ့သည်။ [[ရန်ကုန်တက္ကသိုလ်]]၊ ဘီအေ အထက်တန်း သင်နေဆဲ ငယ်စဉ်ကစွဲကပ်ခဲ့သည့် မျက်စိဝေဒနာကြောင့် တက္ကသိုလ်မှ နုတ်ထွက်ခါ ပေါင်းတည်နှင့် ဟင်္သာတမြို့များမှာ ကျောင်းဆရာအဖြစ်လုပ်ကိုင်ခဲ့သည်။ <ref>[https://sites.google.com/site/myanmarsite1/home/dipinkaryarbudda/didoteubacho ဒီးဒုတ္ဦးဘခ်ိဳဒီးဒုတ်ဦးဘချို - မွတ္စုစာအုပ္မှတ်စုစာအုပ်<!-- Bot generated title -->]</ref>
== ကျောင်းဆရာဘဝ ==
ဦးဘချိုသည် ကျောင်းထွက်ပြီးနောက် သက္ကရာဇ်၁၂၈၂-ခုနှစ်တွင် [[အမျိုးသားတက္ကသိုလ်]] ထူထောင်ရာတွင် ပါဝင်ဆောင်ရွက်၍ [[ပေါင်းတည်မြို့]]နှင့် [[ဟင်္သာတမြို့]]များတွင် ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ [[အမျိုးသားကောလိပ်]]များဖွင့်လှစ်သည့်အခါ အစိုးရအလုပ်မှ နုတ်ထွက်လိုက်ပြီး အမျိုးသားကောလိပ်တွင် [[မြန်မာစာ]]သင်ကြားပို့ချခဲ့သည်။ ၁၉၂၀ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ <ref>http://yinminkhine.multiply.com/journal/item/332</ref>
စာကြောင်း ၄၂ -
ထိုအချိန်က မြန်မာပြည်မှာ အိန္ဒိယ၏ ပြည်နယ်တစ်ခုသာဖြစ်ပြီး ဆိုင်မွန်ကော်မရှင်အစီရင်ခံစာအရ`ခွဲရေး၊တွဲရေး´ဂယက် ပြင်းထန်နေချိန်တွင် ဒီးဒုတ်ဂျာနယ် က`တွဲရေး´ဘက်ကရပ်တည်ရေးသားခဲ့သည်။မြန်မာ့အလင်း နှင့် သူရိယ ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာကြီးများက`ခွဲရေး´ဘက်က ရပ်တည်ရေးသားနေသဖြင့် နေ့စဉ်ထုတ်သတင်းစာတစ်စောင် ထွက်ရှိဖို့ လိုအပ်လာသည်အတွက် ဝတ်လုံဦးကျော်မြင့် နှင့် တိုင်ပင်ကာ`မြန်မာ့ဇေယျာ ပုဂ္ဂလိက သတင်းစာ´ကို ၁၉၃၂ ခုနှစ် စက်တင်ဘာ(၁၈)ရက်နေ့၌ ထုတ်ဝေနိုင်လိုက်သည်။
 
ပြောင်းလဲလာသော ကမ္ဘာ့အခြေအနေအရ ကမ္ဘာစစ်ကြီးတစ်ခုဖြစ်ပွားတော့မည်ကို သိသဖြင့် ဗြိတိသျှတို့အား ထိရောက်စွာဆန့်ကျင်နိုင်စေရေးအတွက် ၁၉၃၈ခု အောက်တိုဘာ(၂၃)ရက်နေ့တွင် ဒီးဒုတ်ဂျာနယ်ကိုလည်း နေ့စဉ်ထုတ်သတင်းစာအဖြစ်ပြောင်းလဲထုတ်ဝေခဲ့သည်။ ဒီးဒုတ်သတင်းစာသည် အမျိုးသားရေးရှုဒေါင့်မှနေ၍ ရေးသားခဲ့သဖြင့် ဘုရင်ခံလုံခြုံရေး တစ်ချက်လွှတ် ဥပဒေအရ ဦးဘချို ထိန်းသိမ်းခံခဲ့သည်။ ထောင်ကျစဉ်ကာလအတွင်း အစာငတ်ခံဆန္ဒပြခဲ့သည်။ ၁၉၃၉ ခုနှစ် ဒီဇင်ဘာလတွင် မြို့မဆရာကြီး ဦးဘလွင်၊ သခင်နု၊ ဒေါ်မြစိန် (အမ်အေ၊ ဘီလစ်) တို့နှင့်အတူ တရုတ်နိုင်ငံသို့ မိတ်ဆက်အဖွဲ့ဝင်အဖြစ် သွားရောက်ခဲ့သည်။
 
ဒီးဒုတ်ဦးဘချိုသည် ဆေးကျမ်း၊ ဗေဒင်၊ လောကဓာတ်ပညာများကိုလည်း လိုက်စားခဲ့သည် ။မြန်မာ့သီချင်းကြီး၊ သီချင်းခံ၊ အဲ၊ အန်၊ အိုင်ချင်း၊ ဧချင်းတို့ကိုလည်း ပိုင်နိုင်စွာသီဆိုနိုင်ရုံသာမက သီချင်းကြီး၊ သီချင်းခံများကို မူမှန်အတိုင်းဖြစ်စေရန် '''[[ဂီတဝိသောဒနီကျမ်း]]'''ကိုလည်း တည်းဖြတ်ခဲ့သည်။ဂီတအရာတွင် နှံ့စပ်ကျွမ်းကျင်သဖြင့် ဂီတဖခင်ကြီး ဟုခေါ်ကြသည်။