ကြည်ကြည်ဌေး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၄၇ -
မသိန်းကျင်သည် ကာဌေးပြဇာတ်ရုံ၌ ခင်မေကျင်အမည် ဖြင့် ပြဇာတ်ဝင်ကပြန်သည်။ ထို့နောက် ကြည်ကြည်ဌေးဟု နာမည်ခံယူ၍ ကာဌေးရုံ ပြဇာတ်မင်းသမီး ရွေးပွဲတွင် ယှဉ်ပြိုင်ပြီး ဒုတိယရဆု ရှိခဲ့သဖြင့် ဒါရိုက်တာ[[ဦးသုခ]]၏ ချစ်ကုမ္ပဏီပြဇာတ်တွင် ခေါင်းဆောင် မင်းသမီးအဖြစ် ကပြသရုပ်ဆောင်ခွင့်ရရှိခဲ့သည်။
 
ကြည်ကြည်ဌေး ပြဇာတ်မင်းသမီးဖြစ်လာပုံမှာ ထိုစဉ်က အောက်ချင်းမ ခင်မေကျင်သည် ပြဇာတ်မင်းသမီး လာလျှောက်ရာ မန်နေဂျာ ဦးလျောင်စိန်က မရွေးချယ်ဘဲ နှစ်သိမ့် ပြောဆို လွှတ်လိုက်၏။ ဤသည်ကို ပွဲခွန်တော် အရာရှိပေါက်စ ကိုကျော်စိုး (နောင်တွင် ဒါရိုက်တာ ဘိတ်ကလာတဲ့ ငံပြာရည်)က မကျေမနပ် ဖြစ်ကာ ခင်မေကျင်နောက် လိုက်သွားပြီး နောက်တနေ့တွင် မော်လီအလှပြင်ဆိုင် (ယခု ဆူးလေဘုရားလမ်း မီးသတ်ရှေ့ နေရာ)၌ အလှပြင်စေပြီး ဦးလျောင်စိန်ထံ ပြန်ခေါ်သွားသည်။ အမည်ကိုလည်း မြင့်မြင်‌့ဌေးဟု ပေးလိုက်သည်။ ဦးလျောင်စိန်လည်း မျက်စိလည်သွားကာ အောက်ချင်းမ ခင်မေကျင်ကို ပဏာမ ရွေးချယ် လက်ခံလိုက်သည်။ လက်တွေ့ သရုပ်ဆောင် ရွေးသောနေ့တွင် 'ကြည်ကြည်ဌေး'ဟု အခမ်းအနားမှူးက ခေါ်လိုက်ရာ မြင့်‌မြင်‌့ဌေးမြင့်‌မြင့်ဌေး အမည်ပြောင်းထားသော ခင်မေကျင်က သူ့ကို ခေါ်သည် ထင်ကာ စင်မြင့်ပေါ်သို့ တက်သွားသည်။ ဤတွင် အောက်ချင်းမ ခင်မေကျင်ကို မှည့်ခေါ်ထားသည့် မြင့်မြင့်ဌေး အမည်မှာ နောင် ပုဇွန်ထုပ်ကြီးမြင့်မြင့်ဌေး အမည်တွင်သူ ဖြစ်လာသည်။<ref name=":0">{{cite book|author=တင်နိုင်တိုး|title=ပါလီမန်ခေတ် ‌ထင်ပေါ်ကျော်ကြား အမျိုးသမီးများ|publisher=မဇ္ဈိမစာပေ|page=၁၁|date=February, 2013}}</ref>
 
ကြည်ကြည်ဌေးအမည်ဖြင့် နာမည်ရလာခဲ့သောကြောင့် တခြားနာမည်ကြီး ပြဇာတ်များတွင် ပါဝင်ကပြခဲ့လေသည်။ ပြဇာတ်မင်းသမီးအဖြစ် သူမတူသည့် အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။ ထို့နောက် ၁၉၅၂တွင် ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့ပြီး ပထမဆုံးဇာတ်ကားဖြစ်သည့် ''ချစ်သက်ဝေ'' ရုပ်ရှင်ဇာတ်ကား၌ သရုပ်ဆောင်ခဲ့၏။ ''ချစ်သက်ဝေ''မှာ အေဝမ်းထုတ်လုပ်ရေးမှ ရိုက်ကူးပြီး ထိုဇာတ်ကားမှ ကြည်ကြည်ဌေးသည် မြန်မာနိုင်ငံ၏ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆု ရရှိခဲ့လေသည်။ ထိုစဉ်က အကယ်ဒမီဟု ခေါ်ဝေါ်ခြင်းမရှိသေးဘဲ အမျိုးသားသရုပ်ဆောင်အတွက် အမျိုးသားပညာသည်ဆု၊ အမျိုးသမီးသရုပ်ဆောင်အတွက် အမျိုးသမီး ပညာသည်ဆု ဆိုသည့် အမည်ဖြင့် ပေးအပ်ခြင်းဖြစ်သည်။ ၁၉၅၆တွင် ''ချစ်ခွင့်မပိုင်'' ဇာတ်ကားဖြင့် အမျိုးသမီး ပညာသည်ဆုကို လည်းကောင်း၊ ၁၉၇၀ မှာ ''နုနုငယ်ငယ်'' ဇာတ်ကားဖြင့် အမျိုးသမီး ဇာတ်ပို့ဆုကိုလည်းကောင်း၊ ၁၉၇၈ အတွက် ''လူဇော်'' ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့၏။ နိုင်ငံတော်မှလည်း သူမ၏ ထူးချွန်ပြောင်မြောက်မှုအတွက် "[[ဝဏ္ဏကျော်ထင်ဘွဲ့]]"တံဆိပ်ကို ပေးအပ်ဂုဏ်ပြုခဲ့လေသည်။