ဇေယျ (ရုပ်ရှင်သရုပ်ဆောင်): တည်းဖြတ်မှု မူကွဲများ

Cat-a-lot: Moving from Category:မြန်မာ ရုပ်ရှင်သရုပ်ဆောင်များ to [[Category:မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆော...
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၄ -
၁၉၁၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်းရွာတွင် အဖ ဦးမောင်၊ အမိ ဒေါ်ဆင်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ လှမောင်ဖြစ်သည်။ မွေးချင်းဆယ့်တစ်ယောက်အနက် ဆဋ္ဌမမြောက်သားဖြစ်သည်။ မိဘများသည် ရွှေလှောင်စက္ကူ (ဘုရားတွင်ရွှေချသော ရွှေဆိုင်းများကို ကပ်သော စက္ကူ) လုပ်ငန်းလုပ်ရင်း ခြံထွက်သီးနှံ ရောင်းချလုပ်ကိုင်သူများ ဖြစ်ကြသည်။ ညောင်ကုန်းရွာ ဘုန်းတော်ကြီးကျောင်း နောက်မူလတန်း ကျောင်းပြောင်းရွှေ့၊ ပညာသင်ခဲ့ ရှစ်နှစ်သားတွင် မိခင်ကွယ်လွန် မိသားစု တကွဲတပြား ဖြစ်ပြီး မောင်လှမောင် တစ်ဦးသာ ဖခင်နှင့်ကျန်ခဲ့သည်။ သုံးတန်း အရောက်ကျောင်းထွက်ကာ ဖခင်ကို ခြံထွက်သီးနှံ ရောင်းကာ လုပ်ကိုင်ခဲ့သည်။ ၁၉၂၇-တွင်[[စစ်ကိုင်းတံတား]]တည်ဆောက်ရာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး နောက် လေးငါးလကြာ မန္တလေးမှ ကြီးတော် တစ်ဝမ်းကွဲဒေါ်အေးမြက ရှင်ပြု ပေးမည် ဆိုသဖြင့် စစ်ကိုင်းတောင်ရိုးတော် ရှင်ပင်နံကိုင်းချောင် ဆရာတော်ထံတွင် ကိုရင်ဘဝဖြင့် စာဆက်သင်ခဲ့သည်။
== မေတ္တာရေး ==
တစ်နှစ်ခန့် ရှိသည့်အခါ ဒေါ်အေးမြက လာခေါ်သဖြင့် ကိုရင်ထွက်၍ မန္တလေးသို့ လိုက်သွားရသည်။ သင်္ဘောပေါ်တွင် ဈေးရောင်း အလုပ်ဝိုင်းလုပ်ကာ အဒေါ်နှင့် နေထိုင် လုပ်ကိုင်နေရင်း ဈေးချိုသူ၊ မန္တလေး၊ ကျောက်သွေးတန်းမှ မသန်းတင်နှင့် မေတ္တာမျှသဖြင့် ဒေါ်အေးမြနှင့် မသန်းတင်၏ အမေမှာဆွေးမျိုးအမေမှာ ဆွေမျိုး မကင်းသူများ ဖြစ်သည့်အတိုင်း အိမ်ထောင်ချပေးခဲ့ကြသည်။
မောင်လှမောင်မှာ အဒေါ်အိမ်တွင်နေ၊ လခ မရ ၊ သမီးလေး(၂)ယေက်ရချိန် ယောက္ခမကလာခေါ်သည်။ တစ်နှစ်မပြည့်မီ နောက်ကလေးထပ်ရပြန်သည်။ ကျောက်သွေးပညာသင်ကြားနေစဉ် (၆)လကြာခန့် ဆရာက တစ်လငွေ (၂၀၀)ပေး ထားသည်။
 
== မောင်လှမောင်မှဇေယျာမောင်ဘဝ ==
၁၉၃၆-တွင်မန္တလေးသို့ ကာယဗလ ဦးရှိန်နှင့် ဦးဇော်ဝိတ် ရာက်လာကာ လူငယ်များ ကာယဗလ လိုက်စား သင့်ကြောင်း ဟောပြောသဖြင့် ထိုအချိန်မှစ၍ ကာယဗလ လေ့ကျင့်ခဲ့သည်။