သုခ (ဒါရိုက်တာ): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃၆ -
၁၉၄၈တွင် ''ချစ်အနုမြူ'' ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်ကူးခဲ့ရာ ထိုကားအတွက် စာရေးဆရာ အသင်းက ချီးမြင့်သော ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆုရရှိသည်။ ၁၉၅၄တွင် ''ဩော်မိန်းမ''ဇာတ်ကားဖြင့် ရုပ်ရှင်ထူးချွန်ဆုဖြစ်သော ဒါရိုက်တာဆုရရှိခဲ့သည်။ နှစ်နှစ်အကြာတွင် ''ဘဝသံသရာ''ဇာတ်ကားဖြင့် ဒုတိယအကြိမ် ဒါရိုက်တာဆုရရှိသည်။
 
၁၉၆၈၌ ''စကားပြောသောအသည်းနှလုံး'' ဇာတ်ကားရိုက်ကူး၍ ဒါရိုက်တာဆု ထပ်မံဆွတ်ခူးခဲ့သည်။ ၁၉၇၀ပြည့်တွင် ''ကျမမှာမိန်းမသား'' ဇာတ်ကားရိုက်ကူး၍ ဒါရိုက်တာဆု ချီးမြှင့်ခြင်း ခံရသည်။ ၁၉၇၃ တွင် ရိုက်ကူးသော ''ဘယ်သူပြိုင်လို့လှပါတော့နိုင်'' ဖြင့် အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့သည်။ ၁၉၇၅၏ ''ရွှေခြည်ငွေခြည်တန်းပါလို့'' ဇာတ်ကားသည် ၎င်းကို ဆဌမအကြိမ်မြောက်ဆဋ္ဌမအကြိမ်မြောက် ရုပ်ရှင်ထူးချွန်ဆု၊ ဒါရိုက်တာဆုကို ရရှိစေခဲ့သည်။
 
ဗုဒ္ဓဘာသာတရားတော်များနှင့်ပတ်သက်၍ ''ရဟန်းစားရသော ဆွမ်းတစ်နပ်''၊ ''ရဟန်းမစားရသော ဆွမ်းတစ်နပ်''၊ ''တစ်ပါးသီလ'' ကဲ့သို့သော ရုပ်မြင်သံကြားဇာတ်လမ်းများရေးသား ရိုက်ကူးခဲ့သည်။
 
===စာပေနယ်ပယ်===
ဦးသုခသည် ရုပ်ရှင်နယ်ပယ်သာမက စာပေနယ်တွင်လည်း အထင်ကရစာရေးဆရာကြီးတစ်ဦးဖြစ်၍ စာအုပ်များစွာ ရေးသားထုတ်ဝေခဲ့သည်။ ၁၉၂၉တွင် ''စိန်သိန်းတန်''အမည်ဖြင့် ''စံပယ်ပွင့်'' ဝတ္ထုရေး၍ ကဝိမျက်မှန်မဂ္ဂဇင်းတွင် ဖေါ်ပြခံခဲ့ရသည်။ စာမူခငွေ တစ်ဆယ်ကျပ်နှင့် မဂ္ဂဇင်း(၆)လဆု တို့ကိုရရှိခဲ့၏ ။ ၁၉၃၀ ပြည့်နှစ်၌ ရွှင်ပျော်ပျော်တိုက်ဝတ္ထုပြိုင်ပွဲတွင် ''မောင်သိန်းမောင်''အမည်ဖြင့် ''မိန်းမသား'' ဝတ္ထုရွေးချယ် ခံရသည်။