ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - ပျောက်နေသော <references /> စာတွဲ ပေါင်းထည့်
No edit summary
စာကြောင်း ၃၇ -
}}
 
'''ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်''' ({{lang-en|Shan Nationalities League for Democracy}}; {{lang-shn|ငဝ်ႈငုၼ်းတီႇမူဝ်ႇၶရေႇၸီႇၸိူဝ်ႉၶိူဝ်းတႆး}}; အတိုကောက် '''SNLD''') သည် [[မြန်မာနိုင်ငံပြည်ထောင်စုမြန်မာနိုင်ငံတော်]]ရှိ နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ ပါတီ၏ နိုင်ငံရေး သဘောတရားမှာ ဒီမိုကရေစီ စနစ်နဲ့အညီ ကျင့်သုံးသော [[ဖက်ဒရယ်ပြည်ထောင်စုစနစ်|ဖက်ဒရယ် ပြည်ထောင်စုစနစ်]] ထူထောင်ရေးဖြစ်သည်။<ref>https://www.bbc.com/burmese/burma/2015/10/151014_2015_election_party_47</ref>

[[ရှမ်းလူမျိုး|ရှမ်းတိုင်းရင်းသား]] နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။ လက်ရှိဥက္ကဋ္ဌမှာ [[ထွန်းဦး၊ ခွန်|ခွန်ထွန်းဦး]]ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ စိုင်းညွန့်လွင်ဖြစ်သည်။ ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ရှမ်းလူမျိုးများ၏ အကျိုးကို ဆောင်ရွက်ရန် ဖြစ်သည်။ [[အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅|၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ]]အပြီးတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပြည်ထောင်စုလွှတ်တော်တွင် အင်အားအကြီးမားဆုံးရှမ်းပါတီ တစ်ခု ဖြစ်လာခဲ့သည်။<ref name="IrrawaddyS">{{cite news |title=That's a Wrap: UEC (Finally) Calls Last 11 Election Races |url=http://www.irrawaddy.org/election/news/thats-a-wrap-uec-finally-calls-last-11-election-races |accessdate=20 November 2015 |work=[[The Irrawaddy]] |date=20 November 2015}}</ref> ရှမ်းပြည်နယ်တွင်းရှိ မြို့နယ်အများစုတွင် ရုံးခွဲများ ဖွင့်လှစ်ထားပြီး ကယားပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း ရုံးခွဲအချို့ ဖွင့်လှစ်ထားသည်။
 
၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်အမှတ်စဉ် (၄၅) ဖြင့် ခွင့်ပြုခဲ့သည်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၅၆ နေရာတွင် ဝင်ရောက်အရွေးခံရာ ၂၃ နေရာတွင် အနိုင်ရရှိခဲ့သည်။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ်အများဆုံး အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်ပင်လျှင် ရှမ်းပြည်နယ်၌ SNLD ထက် မဲဆန္ဒနယ်တစ်နယ်လျော့၍ ၂၂ နေရာတွင်သာ အနိုင်ရရှိခဲ့သည်။ မူဆယ်မဲဆန္ဒနယ်အမှတ် (၁) မှ ဝင်ရောက်အရွေးခံသူ စိုင်းလှဖေသည် မဲရာခိုင်နှုန်း ၉၁.၄၅ ဖြင့် တစ်နိုင်ငံလုံးတွင် ခိုင်လုံမဲ ရာခိုင်နှုန်း အများဆုံး ရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဥက္ကဋ္ဌ ခွန်ထွန်းဦးမှာ သီပေါမဲဆန္ဒနယ်အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံးရုံးခန်းကို အမှတ် (၅၈)၊ ပထမထပ်၊ [[မဟာဗန္ဓုလပန်းခြံလမ်း]] (ယခင်ဘားလမ်း)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၌ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။