ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၅၁ -
 
ထိုနောက် အစိုးရသစ် တက်လာပြီးနောက်ပိုင်း သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက် နေ့တွင် SNLD ခေါင်းဆောင်များသည် ပြန်လည်လွတ်မြောက်လာခဲ့ကြပါသည်။ SNLD ခေါင်းဆောင်များ လွတ်မြောက်လာပြီးနောက်တွင်၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့၌ ပြုလုပ်သော အစည်းအဝေးမှ သဘောတူဆုံးဖြတ်ချက်အရ SNLD ပါတီအား တရားဝင်ပါတီအဖြစ် ပြန်လည်ရပ်တည်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ထိုသို့ ဆုံးဖြတ်ခဲ့ပြီးနောက် ပါတီတည်ထောင်လိုသူ ၁၅ ဦး၏ အမည်စာရင်းနှင့်အတူ ပထမခေါင်းဆောင်အဖြစ် ခွန်ထွန်းဦး၊ ဒုတိယခေါင်းဆောင် အဖြစ် စိုင်းညွန့်လွင် တို့ကို သဘောတူရွေးချယ်ခဲ့ကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် မှတ်ပုံတင်ခဲ့ပါသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ ရက်စွဲဖြင့် ပါတီမှတ်ပုံတင်အမှတ်စဉ် (၅၆) ဖြင့် ခွင့်ပြုကြောင်း အကြောင်းပြန်ခဲ့သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ပါတီဌာနချုပ်ကို ရန်ကုန် မရမ်းကုန်းမြို့နယ်၊ ရပ်ကွက်(၅)၊ ကိုးမိုင် ပြည်လမ်းနှင့် စော်ဘွားလမ်းထောင့်၊ အမှတ် (၂၆) တွင် ဖွင့်လှစ်ထားရှိပြီး ပါတီဌာနချုပ် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ၂၀၁၂ ဩဂတ်လ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
 
== ဆက်လေ့လာရန် ==
 
* [[အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်]]
* [[မွန်အမျိုးသားပါတီ]]
* [[ရခိုင်အမျိုးသားပါတီ]]
 
== ကိုးကား ==