ပုစွန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၆ -
=== ပုစွန်တုပ် ===
 
ပုစွန်တုပ်သည် နှစ်ပေထိပင် ရှည်တတ်သည်။ အချို့ ပုစွန်တုပ်ကြီးများမှာ ၃၅ ပေါင်အထိပင် အချိန်စီးတတ်သည်။ ကိုယ်ထည်သည် လုံး၍ အစိတ်အပိုင်အစိတ်အပိုင်း ၆ခု၆ ခု ဆက်စပ်ထားသကဲ့သို့ ဖြစ်နေသည်။ ကိုယ်ပေါ်တွင် အပြာရောင်ခပ်ပြောင်ပြောင် အခွံမာ ဖုံးအုပ်နေသည်။ အမြီးမူကား ယပ်တောင်သဖွယ် ကားနေသည်။ ဦးခေါင်းထိပ်တွင် ရှည်လျားသော အမှင်အင်္ဂါ ၂ ခုရှိသည်။ ကနန်းကဲ့သို့ပင် ခြေ ၅ စုံပါ၍ ပထမအစုံကို လက်မဟုခေါ်သည်။ လက်မတစ်ဖက်မှာ ကြီး၍ တုံးသောသွားများ ပါရှိကာ ယင်းလက်မဖြင့် မိမိ၏ အစာကို ကြိတ်ချေသည်။ ကျန်လက်မတစ်ဖက်မှာ သေးငယ်၍ ချွန်ထက်သော သွားများ ပါရှိကာ အစာကို ကိုက်ဖြတ်ရန် အသုံးပြုသည်။
 
ပုစွန်တုပ်၏ ဝမ်းဗိုက်တွင် ရေကူးအင်္ဂါငယ်များ ပါရှိသည်။ ရေကူးရာတွင် ယင်းတို့ကို လှော်တက်များသဖွယ် အသုံးပြုလေသည်။ ပုစွန်တုပ်သည် တသားလျှင် ဥပေါင်း ၅,၀၀၀မှ ၁၀၀,၀၀ အထိ ဥတတ်သည်။ ယင်းဥများကို ဝမ်းဗိုက်ရှိ ရေကူးအင်္ဂါငယ်လေးများတွင် စေးကပ်သော ကော်တစ်မျိုးဖြင့် အမြဲကပ်နေအောင် သယ်ဆောင်ထားကြသည်။ ၁၁ လမျှကြာသော် ဥများမှ ပုစွန်တုပ်ကလေးများ ပေါက်ဖွားလာသည်။ အများအားဖြင့် နွေကူးရာသီတွင် ဥမှပေါက်လေ့ရှိသည်။