ညောင်ပင်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၆ -
ညောင်ပင်သည် သစ်တော၌၎င်း၊ တောအုပ်၌၎င်း ပေါက်လေ့မရှိဘဲ၊ သီးခြားသာပေါက်လေ့ရှိသည်။ ညောင်ပင်၌ နှလုံးပုံ သဏ္ဌာန်အရွက်ရှိသည်။ ထိုအရွက်သည် ၅ လက်မမှ ၆လက်မ အထိရှည်သည်။ ညောင်ပင်၏အသားသည် ပျော့၍ပွသည်။ မထင်ရှားသည့် အပွင့်များ ပွင့်ပြီးနောက်၊ ဝါဝင်းသောအသီးများ သီးလာကြသည်။ ထိုအသီးများကို ငှက်နှင့် မျောက်တို့ ကြိုက် နှစ်သက်ကြသည်။ ညောင်စေးကို ငှက်ဖမ်းရာတွင် အသုံးချနိုင်သည်။
== ညောင်ပင် မျိုးစိတ်များ==
မြန်မာနိုင်ငံ၌ ညောင်ပင် မျိုးစိတ်ပေါင်း ၄၅ မျိုးခန့်ရှိ သည်။ ညောင်ဗုဒ္ဓဟေပင်၊ [[ပညောင်ပင်]]၊ ညောင်ကျတ်ပင်၊ [[ရေသဖန်းပင်]]၊ ခအောင်းပင်၊ [[ညောင်ချဉ်ပင်]] ယင်းတို့အနက်၊ မျိုးစိတ်အနည်းငယ်မှသာ အဖိုးတန် သစ်ကို ရနိုင်သည်။ သို့သော် ညောင်ပင်တို့မှ အရိပ်ကောင်းကောင်းရသဖြင့် အသုံးကျလေသည်။
 
[[ညောင်သပြေပင်]]၏ သိပ္ပံ အမည်မှာ 'ဖိုင်းကပ်ဂစ်ဗိုဆာ'ဖြစ်သည်။ ထိုညောင်ပင်၏ အမြစ် ကို ဝမ်းနုတ်ဆေးအတွက်၎င်း၊ အရွက်ကို ပြည်တည်သောအနာ ကိုအုံရန်အတွက်၎င်း အသုံးပြုနိုင်သည်။ ဆေးဖက်တွင်အသုံးချ ရသော အခြားညောင်ပင်တစ်မျိုးမှာ [[ညောင်အုပ်ပင်]] ဖြစ်သည်။ ထိုညောင်ပင်ကို သိပ္ပံအလိုအားဖြင့် 'ဖိုင်းကပ်ရီတျူ ဆာ'ဟူခေါ် သည်။ ထိုညောင်ပင်မျိုး၏ အမြစ်နှင့် အရွက်ကိုကြိတ်၍ ဒဏ်ရာများတွင် အုံပေးရန် အသုံးပြုနိုင်သည်။