ကုလားအုတ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၃၄ -
ကုလားအုပ်ငယ်ကို မိခင်လုပ်သူ၏ ကျောကုန်းပေါ်တွင် မတင်ဘဲ အခြားကုလားအုပ်တွင် တင်ဆောင်ရသည်မှာ မည်သည့်အတွက်ကြောင့်နည်းဟူ၍ မေးဖွယ်ရှိ၏။ ဆိုခဲ့သည့်အတိုင်း ကုလားအုပ်မှာ အလွန်ထုံထိုင်းလှသည်ဖြစ်ရာ မိမိ၏ သားငယ်ကို ကုန်းပေါ်တွင် ကိုယ်တိုင်တင်ထားလျက်နှင့် သားငယ် ပျောက်ဆုံးသွားပြီ သို့မဟုတ် ကျန်ရစ်ခဲ့လေပြီဟု ပူပန်စိုးရိမ်ခြင်း ဖြစ်တတ်သည်။ ထိုကြောင့် ဤကဲ့သို့သော စိုးရိမ်ပူပန်ခြင်းမျိုး မဖြစ်ပေါ်ရအောင် မိခင်ကုလားအုပ်မကြီး၏ ရှေ့မှ ကုလားအုပ် တစ်ကောင်ပေါ်တွင် မိခင် မြင်သာ အောင် တင်ဆောင်သယ်ယူစေရခြင်းဖြစ်သည်။ ရှေ့မှသွားသော ကုလားအုပ်တွင် ကုလားအုပ်ငယ်သည် ပုခက်ထဲ ပါနေသည်ကို တွေ့ရလျှင် မိခင်ကုလားအုပ်မကြီးသည် ကျေနပ်နှစ်သိမ့်စွာ ခရီး သွားနိုင် လေတော့သည်။
 
ကုလားအုပ်မှာ အစာရေစာနှင့်စပ်လျဉ်း၍ လူတို့အား ဒုက္ခမရှာတတ်ဆုံးသတ္တဝါဟုဆိုနိုင်သည်။ တစ်နေ့တာမျှ ခရီးသွားပြီးလျှင် ပဲစေ့ခြောက် သို့မဟုတ် မာကျောသော [[စွန်ပလွံခြောက်စွန်ပလွံ]]ခြောက် အနည်းငယ်ကိုသာ ကျွေးရသည်။ ဤမျှနှင့် မတင်းတိမ်သောအခါ တွင် ကုလားအုပ်သည် သဲကန္တာရတစ်လျှောက် နေရာအနှံ့အပြား ပေါက်ရောက်သော ဆူးပင်ချုံဖုတ် စသည်တို့ကို ဝါးစား၏။ ကုလားအုပ် များသည် တွေ့မရှောင် မရွေးချယ်ဘဲ ရရာကို စားတတ်သည်။ သူတို့ကိုယ်တွင် တတ်ဆင်ထားသော သားရေဇက်ကြိုးများကိုသော် ၎င်း၊ တဲဖျင်အဝတ်များကို၎င်း၊ လွယ်ရာကို ဝါးစားတတ်၏။ ကုလားအုပ်၏ အစာချေချက်နိုင် သောသတ္တိမှာ အလွန်ကောင်းသဖြင့် အဆိပ်များကိုပင်လျှင် အတန်ခံနိုင်ရည် ရှိသည်။
 
ကုလားအုပ်၏ [[ခြေထောက်]]များမှာ နူးညံ့ပျော့ပျောင်း၍ ကူရှင်ဖုံများကဲ့သို့ ငြိမ့်ငြောင်းလျက်ရှိနေရာ သဲထဲတွင်နင်းလျှောက်သွားနိုင် ရန်အတွက် အကောင်းဆုံးဖြစ်သည်။ ဒူးဆစ်များနှင့် ရင်အုပ်မှာ ထူထဲကြမ်းတမ်းသောအခံများဖြင့် ကွယ်ကာ ထားသောကြောင့် မြေကြီးပေါ်တွင် ဒူးတုပ်ထိုင်ချလိုက်သည့် တိုင်အောင် မည်ကဲ့သို့မျှ နာကျင်ခြင်းမရှိပေ။ ပူပြင်းခြောက်သွေ့သော သဲန္တာရများတွင် ကုလားအုပ်မှာ [[ကုန်သည်]]များအဖို့ မြင်းလည်းမည်၏၊[[မြင်း]]လည်းမည်၏၊ [[နွား]]အဖြစ်ဖြင့်လည်း အသုံးချနိုင်၏။ [[သိုး]]အဖြစ်ဖြင့်လည်းအသုံးဝင်၏၊ ကုလားအုပ်သည် အလေးအလံ ဟူသမျှကို ခရီးဝေးသယ်ပိုး သွားလာနိုင်သည်။ လူတို့ စားသောက်ရန် အစာရေစာအဖြစ်ဖြင့်လည်း အသား၊ နို့ စသည်တို့ကိုပေးသည်။ ထိုမျှသာမက သူ၏အမွေးကို အဝတ်အထည် ရက်လုပ်၍ ဝတ်ဆင်နိုင်သေး၏။ ဤအရုပ်ဆိုး ထုံထိုင်းသော တိရစ္ဆာန်မျိုးသာမရှိလျှင် သဲန္တာရတွင် နေထိုင်မည့်သူ တစ်ယောက်မျှ မရှိဘဲ လွင်တီးခေါင်ကြီးသာ ဖြစ်နေပေလိမ့်မည်။
 
==ကုလားအုပ် ၂မျိုး==