ယူနိုက်တက်ကင်းဒမ်းနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

→‎ယူနိုက်တက်ကင်းဒမ်း: စာလုံးပေါင်း ပြင်ခဲ့သည်
(→‎ယူနိုက်တက်ကင်းဒမ်း: စာလုံးပေါင်း ပြင်ခဲ့သည်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
 
=== နယ်သစ်များအရေး ===
၁၆ ရာစုနှစ်မှစ၍ ဗြိတိန် ကုန်သည်များသည် ဟဒ်ဆန်းဗေးကုမ္ပဏီ၊ အရှေ့အိန္ဒိယ ကုမ္ပဏီစသည့် ကုမ္ပဏီများ တည်ထောင်ကာ ဝေးကွာလှသော ပင်လယ်ရပ်ခြား ဒေသများသို့ သွားရောက်၍ ကူးသန်းရောင်းဝယ်ရေး ဌာနများ ဖွင့်ခဲ့ကြလေသည်။ မြောက်အမေရိကတိုက်နှင့် အနောက်အိန္ဒိယ ကျွန်းစုများတွင်လည်း နယ်သစ်များ ဖွင့်လှစ်ခဲ့၏။ ထိုအဝေးရောက် ကုန်စည်ရောင်းဝယ်ရေးဌာနခွဲများ၏ ဗဟိုဌာနကြီးများတည်ရှိရာ [[လန်ဒန်မြို့]]၌ နယ်သစ်များမှ လက်ဖက်ခြောက်၊ သကြား၊ သားမွှေး၊ ဆေး စသည်တို့ကို အကြီးအကျယ် အရောင်းအဝယ်ပြုလုပ်လေသည်။ ထိုကြောင့် ဂရိတ်ဗြိတိန်မှာ တဖြည်းဖြည်း တိုးတက်ကြီးပွားလာ၏။ ၁၇ ရာစုနှစ်လောက်တွင် ဥရောပတိုက်မှ နိုင်ငံများ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကုန်စည် ကူးသန်းရောင်းဝယ်ရေးတွင်လည်းကောင်း၊ နယ်သစ်များဖွင့်လှစ်ရေး တွင်လည်းကောင်း အပြိုင်အဆိုင် ဖြစ်လာကြလေသည်။ အထူးသဖြင့် ပြင်သစ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သည် မြောက်အမေရိကတိုက်၌ နယ်သစ်များ အလုအယက် ချဲ့ထွင်ခဲ့လေ၏။
သားမွေး၊ ဆေး စသည်တို့ကို အကြီးအကျယ် အရောင်းအဝယ်ပြုလုပ်လေသည်။ ထိုကြောင့် ဂရိတ်ဗြိတိန်မှာ တဖြည်းဖြည်း တိုးတက်ကြီးပွားလာ၏။ ၁၇ ရာစုနှစ်လောက်တွင် ဥရောပတိုက်မှ နိုင်ငံများ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကုန်စည် ကူးသန်းရောင်းဝယ်ရေးတွင်လည်းကောင်း၊ နယ်သစ်များဖွင့်လှစ်ရေး တွင်လည်းကောင်း အပြိုင်အဆိုင် ဖြစ်လာကြလေသည်။ အထူးသဖြင့် ပြင်သစ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သည် မြောက်အမေရိကတိုက်၌ နယ်သစ်များ အလုအယက် ချဲ့ထွင်ခဲ့လေ၏။
 
ထိုကြောင့် [[ဥရောပတိုက်]]နှင့် [[အမေရိကတိုက်]]တွင် [[အင်္ဂလန်]]နှင့် [[ပြင်သစ်]]တို့ စစ်တိုက်ကြရလေသည်။ ၁၇၅၆ ခုနှစ်မှ ၁၇၆၃ ခုနှစ်အထိ ဖြစ်ပွားခဲ့သော [[ခုနစ်နှစ်စစ်ပွဲ]] (၁၇၅၆-၁၇၆၃)တွင် ဗြိတိန်သည် အောင်ပွဲအလီလီ ရခဲ့လေသည်။
အမည်မသိ အသုံးပြုသူ