ကာလီဘိုမြို့: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
"File:Kalibo aerial.jpg|thumb|ကာလ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် |
(ကွဲပြားမှု မရှိ)
|
၁၀:၃၃၊ ၂၀ ဇူလိုင် ၂၀၂၀ ရက်နေ့က မူ
ကာလီဘိုမြို့ (ရုံးသုံးအမည် ကာလီဘို စည်ပင်သာယာ နယ်နိမိတ်) သည် ဖိလစ်ပိုင်နိုင်ငံ ရှိ ပထမတန်း စည်ပင်သာယာနယ်နိမိတ် တစ်ခု ဖြစ်ပြီး အက်ကလန်ပြည်နယ်၏ မြို့တော် ဖြစ်သည်။ ၂၀၁၅ ခုနှစ် လူဦးရေ စာရင်းအရ လူဦးရေ ၈၀,၆၀၅ ဦး ရှိသည်။
ကာလီဘိုမြို့သည် ပနေးကျွန်း၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။ ဘိုရာကေး အပန်းဖြေကျွန်း၏ အဓိက သယ်ယူပို့ဆောင်ရေး ဌာန ဖြစ်သည်။ ကာလီဘိုမြို့သည် အာတီ-အာတီဟန် ဘာသာရေးပွဲတော်၊ မြို့ပြတစ်ပိုင်းဖြစ်နေပြီး ဆုများစွာ ရရှိထားသော လမုတောများ၊ ဘတ်ခ်ဟာဝမ် ဂေဟဥယျာဉ်၊ ပီနာအထည် ရက်လုပ်ခြင်းတို့ကြောင့် ကျော်ကြားသည်။ နိုင်ငံတော် ယဉ်ကျေးမှုနှင့် အနုပညာ ကော်မရှင်သည် အက်ကလန်ပြည်နယ် အစိုးရနှင့် အတူ ပီနာအထည် ရက်လုပ်ခြင်းအား ယူနက်စကို၏ လက်ဆုပ်လက်ကိုင် မရှိသော ယဉ်ကျေးမှု အမွေအနှစ်စာရင်း သို့ ထည့်သွင်းရန် ကြိုးပမ်းလျှက် ရှိသည်။