ဘောလုံးကစားခြင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၂၈၅ -
အမှန်တကယ်အားဖြင့် ကိုလိုနီခေတ် မြန်မာနိုင်ငံ၌ အဆင့်မီ ဘောလုံးကွင်းများ မရှိခဲ့ပါ။ သစ်၊ ကျောက်မျက်ရတနာ နှင့် တွင်းထွက်များက ဗြိတိန်နိုင်ငံ၏ ဘဏ္ဍာတိုက်ကို ဖြည့်ပေးခဲ့သော်လည်း မြန်မာအများစု၏ ဘဝမှာ နိမ့်ကျပါသည်။ ၁၉၄၈-ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံအတွက် ရွှေခေတ်ဟု ခေါ်နိုင်သည့် ကာလတစ်ခု ရရှိခဲ့သည်။ အမျိုးသားလက်ရွေးစင်အသင်းက အာရှ၏ အကောင်းဆုံးအသင်းများထဲတွင် စာရင်းဝင်ခဲ့သလို ယဉ်ကျေးမှုနှင့် သယံဇာတ အရင်းအမြစ် ကြွယ်ဝသည့် နိုင်ငံအတွက် စီးပွားရေး အလားအလာများလည်း ကျယ်ပြန့်စွာရှိခဲ့သည်။
 
ဂျိမ်း ဂျော့စကော့ကိုတော့ တောဆောင်းဦးထုပ်များ၊ အမဲလိုက်ပွဲများနှင့်အတူ ကြာမြင့်စွာမေ့လျော့ထားခဲ့ကြသည်။ သို့သော်လည်း ဝိတိုရိယခေတ်က သူစတင်မိတ်ဆက်ပေးခဲ့သော အားကစားနည်းကတော့ မြန်မာပြည်သူတွေကို ကျယ်ပြန့်သော ကမ္ဘာနှင့် ဆက်သွယ်ပေးနိုင်ဆဲဖြစ်ပါသည်။<ref>Andrew Marshall, ''Fair Play in Burma'', Time magazine, 4-June-2006 issue.</ref>
 
(၂၀၀၆ ခုနှစ် ဇွန်လ ၄ ရက် TIME မဂ္ဂဇင်းတွင် Andrew Marshall ရေးသားခဲ့သော Fair Play in Burma ကို ဆီလျော်အောင် ဖြည့်စွက်ဘာသာပြန်ဆိုပါသည်)
 
==ကိုးကား==