နယ်သာလန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

→‎လူမှုအခြေပြ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎ယဉ်ကျေးမှု: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂၁၂ -
}}
 
နယ်သာလန်နိုင်ငံသည် ပန်းချီဆရာကျော်များစွာ နေထိုင်ခဲ့ဖူးသော နိုင်ငံတစ်ခု ဖြစ်သည်။ ၁၇ ရာစုတွင် ဒတ်ချ်သမ္မတနိုင်ငံ ခေတ်ကောင်းရောက်ရှိစဉ်အချိန်က များစွာသော ပန်းချီဆရာများဖြစ်သည့် [[ရမ်းဗရန့်]]၊ [[ဂျိုဟန်နက် ဗာမီယာ]]၊ ဂျန် စတင်း(Jan Steen)၊ ဂျက်ကော့ ဗန် ရူအစ်ဒယ်(Jacob van Ruisdael) အစရှိသော ပန်းချီဆရာများစွာ ပေါ်ထွန်းခဲ့သည်။ [[ဗင်းဆင့် ဗန်ဂိုး]]၊ [[ပင်တာ မွန်ဒရီယွန်]]တို့သည် ၁၉ ရာစုနှင့် ၂၀ ရာစုတွင် ကျော်ကြားခဲ့သော ဒတ်ချ် ပန်းချီဆရာများဖြစ်သည်။ ထို့ပြင်  မော်ရစ် ကော်နယ်လစ် အက်ရှာ(M. C. Escher)ကဲ့သို့ ကျော်ကြားသော ဂရပ်ဖစ် ပညာရှင်များလည်းရှိသည်။ ဝီလျံ ဒီ ကော်နင်း(Willem de Kooning)သည် [[ရော်တာဒမ်မြို့]]တွင် မွေးဖွား၍ သင်ကြားခဲ့သောလည်းသင်ကြားခဲ့သော်လည်း အမေရိကန်အနုပညာရှင်တစ်ယောက်အဖြစ် ခံယူထားသူ ဖြစ်သည်။
 
နယ်သာလန်နိုင်ငံသည် ရော်တာဒမ်မြို့မှ [[အီရက်ဇမတ်]]နှင့် [[ဗာရွတ် ဆပင်နိုဇာ|ဆပင်နိုဇာ]]ကဲ့သို့သော ဒဿနိကပညာရှင်များ ပေါ်ထွန်းရာ မြေလည်း ဖြစ်သည်။ ဒေးကား၏ အရေးပါသော အတွေးအခေါ်များသည်လည်း နယ်သာလန်နိုင်ငံ၌ ၎င်း လေဒင့်တက္ကသိုလ်တွင် ပညာသင်စဉ်တွင် ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ရာစုနှစ်များစွာအတွင်း ထိုတက္ကသိုလ်တွင် ပထဝီပညာရှင် ဂျိမ်း ဟတ်တန်(James Hutton)၊ ဗြိတိသျှဝန်ကြီးချုပ် ဂျွန် စတူးအတ် (John Stuart)၊ အမေရိကန်သမ္မတ [[ဂျွန် ကွင်စီ အဒမ်စ်]]၊ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရှင်များ ဖြစ်ကျသော ဟန်းဒရစ် လိုရန်ဇ်(Hendrik Lorentz) နှင့် အန်ရီကို ဖာမီ(Enrico Fermi) တို့ ပညာသင်ကြားခဲ့ကြသည်။ ဒတ်ချ် သိပ္ပံပညာရှင် ခရစ္စတင်းယန်း ဟေဂန်(Christiaan Huygens)(၁၆၂၉–၁၆၉၅) သည် [[စနေဂြိုဟ်|စေတန်ဂြိုဟ်]]၏ ဂြိုဟ်ရံလဖြစ်သော [[တိုက်တန် (ဂြိုဟ်ရံလ)|တိုင်တန်လ]]ကို ရှာဖွေတွေ့ရှိခဲ့ပြီး အလင်းသည် လှိုင်းသဏ္ဍန်ဖြင့် သွားသည်ဟု ယုံကြည်စွာ ငြင်းဆိုခဲ့သူ ဖြစ်သည်။ ထို့ပြင် ချိန်သီးနာရီကို တီထွင်ခဲ့ပြီး သင်္ချာညီမျှခြင်းများကို အသုံးပြုခဲ့သော ပထမဆုံးသော ရူပဗေဒပညာရှင်လည်းဖြစ်သည်။ အန်တိုနီ ဗန် လေဗင်ဟုပ်(Antonie van Leeuwenhoek) သည် မိုက်ခရိုစကုပ်ဖြင့် ကြည့်၍မြင်နိုင်သော ဆဲလ်တစ်လူံတည်းရှိသောဆဲလ်တစ်လုံးတည်းရှိသော သက်ရှိများ အကြောင်းကို ပထမဆုံး တွေ့ရှိ ဖော်ထုတ်ခဲ့သူ ဖြစ်သည်။
 
ဒတ်ချ်ရွှေခေတ်တွင် အခြားသော အနုပညာလက်ရာများနှင့်အတူ ယော့ ဗန် ဒန် ဗွန်ဒယ်(Joost van den Vondel) နှင့် ပီတာ ကော်နယ်လစ်ဇွန် ဟော့(P. C. Hooft) တို့၏ လက်ရာများဖြင့် စာပေသည်လည်း ကျော်ဇောခြင်းအတိ ရှိခဲ့လေသည်။ ၁၉ ရာစုတွင်လည်း မူတာတူလီ(Multatuli) ရေးသည့် ယခုအခါ အင်ဒိုနီးရှားနိုင်ငံဖြစ်လာသည့် ဒတ်ချ်ကိုလိုနီနယ်များတွင် ဆိုးရွားစွာ ပြုမူဆက်ဆံခဲ့သည်တို့ကို ရေးသားခဲ့သော စာများသည်လည်း ထင်ရှားသည်။ ၂၀ ရာစုတွင် ထင်ရှားသော စာရေးဆရာများတွင် ဂေါ့ဒ်ဖရီး ဘိုးမန်း(Godfried Bomans)၊ ဟာရီ မူလစ်ချ်(Harry Mulisch)၊ ယန် ဝေါကာ(Jan Wolkers)၊ ဆိုင်မွန် ဗက်ဒေ့(Simon Vestdijk)၊ ဟယ်လာ ဟာဆယ်(Hella S. Haasse)၊ ဆီး နိုတီဘွန်း(Cees Nooteboom)၊Gerard Reve နှင့် ဝီလျံ ဖရက်ဒရစ် ဟားမန်း(Willem Frederik Hermans) တို့ ပါဝင်သည်။ ဂျူးလူမျိုးတို့ မျိုးတုန်းသတ်ဖြတ်မှုဖြစ်စဉ်အတွင်းတွင် အသတ်ခံခဲ့ရသော [[အာနယ်ဖရန့်ခ်]]၏ Diary of a Young Girl သည် ထင်ရှားသော စာအုပ်တစ်အုပ်ဖြစ်ပြီး ဒတ်ချ်ဘာသာမှ အခြားသော ထင်ရှားသော ဘာသာတို့ဖြင့် ပြန်ဆိုထုတ်ဝေခဲ့သော စာအုပ်တစ်အုပ်ဖြစ်သည်။
စာကြောင်း ၂၂၀ -
ဒတ်ချ်ရိုးရာဗိသုကာလက်ရာများကို အမ်စတာဒမ်မြို၊ လေဒင့်မြို့(Leiden)၊ ဒဲ့ဖ်မြို့(Delft)တို့တွင် ကောင်းစွာ ထိန်းသိမ်းထားပြီး တူးမြောင်းများတစ်လျှောက်တွင် ၁၇ ရာစုနှင့် ၁၈ ရာစုမှအဆောက်အဦများကို တွေ့မြင်နိုင်သည်။ သစ်ဖြင့်ဆောက်လုပ်ထားသော ကျေးလက်ဗိသုကာလက်ရာများကို ဇာအမ်ဒမ်မြို့(Zaandam) နှင့် မာကန်ရွာ(Marken) တို့တွင် တွေ့နိုင်သည်။ ဒတ်ချ် အဆောက်အဦများ၏ ပုံတူလက်ရာများကို [[ဂျပန်နိုင်ငံ]]၊ [[နာဂါဆာကီမြို့]]ရှိ Huis Ten Bosch ပန်းခြံတွင် တွေ့ရှိနိုင်သည်။ ဟော်လန်ရွာငယ်ပုံစံကို [[တရုတ်နိုင်ငံ]]၊ ရှန်ယန်းမြို့တွင် တည်ဆောက်ပြီးစီးလျက်ရှိသည်။ [[လေရဟက်စက်|လေရဟတ်]]၊ ကျူးလစ်ပန်း၊ သစ်သားရှူးဖိနပ်၊ ဒဲ့ဖ် အိုးထည်များနှင့် ဆေးခြောက်ပင် (cannabis) တို့သည် နယ်သာလန်နိုင်ငံကို လာရောက်လည်ပတ်ကြသော ခရီးသွား ဧည့်သည်များအကြားတွင် ရေပန်းစားသော အ‌ကြောင်းအရာများ ဖြစ်သည်။
 
နယ်သာလန်နိုင်ငံတွင် တင်းကျပ်သည့် လူမှုရေးဆိုင်ရာ ရှည်လျားသော သမိုင်းများရှိ‌ခဲ့သော်ငြား ယနေ့အခါတွင် မူယစ်ဆေးနှင့်မူးယစ်ဆေးနှင့် သက်ဆိုင်သော မူဝါဒ၊ ညင်သာစွာ သေဆုံးခြင်းအား တရားဝင် ခွင့်ပြုပေးမှုတို့ကြောင့် လွတ်လပ်သော လစ်ဘရယ်နိုင်ငံတစ်ခုအဖြစ် ဆို၍ ရနေပြီဖြစ်သည်။ ၃၀၀၁ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လိင်တူခြင်း လက်ထပ်ထိန်းမြှားခြင်းအား တရားဝင်ခွင့်ပြုပေးခဲ့ပြီး လိင်တူလက်ထပ်ခြင်းအား ခွင့်ပြုပေးခဲ့သည့် ပထမဆုံးသောနိုင်ငံဖြစ်လာခဲ့သည်။<ref>{{cite news|url=http://transcripts.cnn.com/TRANSCRIPTS/0104/01/sm.10.html|title=Same-Sex Marriage Legalized in Amsterdam|date=1 April 2001|work=[[CNN]]|accessdate=၂၀ ဧပြီ ၂၀၂၀|url-status=dead|archiveurl=https://web.archive.org/web/20160303221411/http://transcripts.cnn.com/TRANSCRIPTS/0104/01/sm.10.html|archivedate=3 March 2016}}</ref>
 
=== ဒတ်ချ်လူမျိုးနှင့် ဂေဟဗေဒစနစ် ===
 
တခြားသောနှစ်များ အနေဖြင့်လည်းကောင်း ၂၀၁၈ ခုစနှစ်ခုနှစ် အနေဖြင့်ပါ နယ်သာလန်နိုင်ငံသည် နိုင်ငံသားတစ်ဦးချင်းစီအလိုက်ဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှုသည် ဥရောပသမဂ္ဂနိုင်ငံများတွင် ထုတ်လွှတ်မှု အများဆုံး‌သော နိုင်ငံများထဲတွင်ပါဝင်ပြီး ဂျာမနီနိုင်ငံ၊ ပြင်သစ်နိုင်ငံ သို့မဟုတ် ဘယ်လ်ဂျီယမ်နိုင်ငံတို့ထက်ပင် မြင့်မားသည်။ <ref>{{cite web|url=https://ec.europa.eu/jrc/en/publication/fossil-co2-emissions-all-world-countries-2018-report |date=2018 |title=Fossil CO2 emissions of all world countries - 2018 Report |work=EU Science Hub |accessdate=၁၅ ဧပြီ ၂၀၂၀}}</ref> သို့ပေသော်ငြား နယ်သာလန်နိုင်ငံသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူဦးရေ စီမံခန့်ခွဲမှု(population management)တွင် ဦးဆောင်နိုင်ငံတစ်ခုအဖြစ် ဂုဏ်သတင်း ကျော်ကြားဆဲပင် ဖြစ်သည်။<ref>{{cite web|url=http://www.iamexpat.nl/read-and-discuss/expat-page/news/amsterdam-and-rotterdam-among-worlds-most-sustainable-cities-2015|title=IAMEXPAT News|last=|first=|date=|website=Iamexpat.nl|access-date=၁၅ ဧပြီ ၂၀၂၀}}</ref> ၂၀၁၅ ခုနှစ်တွင် [[အမ်စတာဒမ်မြို့]]နှင့် [[ရော်တာဒမ်မြို့]]တို့သည် Arcadis Sustainable Cities Index တွင် အဆင့် ၄ နှင့် ၅ အသီးသီး ရရှိခဲ့သည်။<ref>{{Cite news|url=https://s3.amazonaws.com/arcadis-whitepaper/arcadis-sustainable-cities-index-report.pdf|title=Arcadis Sustainable Cities Index Report|last=|first=|date=2015|work=|access-date=၁၅ ဧပြီ ၂၀၂၀|via=https://s3.amazonaws.com/arcadis-whitepaper/arcadis-sustainable-cities-index-report.pdf}}</ref><ref>{{cite web|url=http://www.sustainablecitiesindex.com/|title=Arcadis Sustainable Cities Index|website=Sustainablecitiesindex.com|access-date=၁၅ ဧပြီ ၂၀၂၀}}</ref>
 
Sustainability သည် ဒတ်ချ်လူမျိုးတို့အတွက် ပဓာနအရေးပါသော ကိစ္စရပ်ဖြစ်သည်။ ဒတ်ချ်အစိုးရ၏ ရည်မှန်းချက်မှာ ပြန်လည်ပြည့်ဖြိုးရေး၊ ယုံကြည်စိတ်ချရမှုနှင့် မျှတသော စွမ်းအင်စနစ်တို့ဖြစ်ပြီး ၂၀၅၀ ခုနှစ်တွင် ကာဗွန်အောက်ဆိုဒ် ထုတ်လွတ်မှုကို ထက်ဝက်ထိလျော့ချရေးနှင့် ပြန်ပြည့်ဖြိုးမြဲ စွမ်းအင်မှ ၄၀ ရာနှုန်းထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးတို့ ပါဝင်သည်။<ref name=":0">{{cite web|url=http://english.rvo.nl/topics/sustainability|title=Sustainable enterprise {{!}} RVO.nl|website=english.rvo.nl|access-date=15 June 2016}}</ref>
စာကြောင်း ၂၄၁ -
 
 
လက်ရှိတွင် [[Symphonic metal]] တီဝိုင်းအဖွဲ့များဖြစ်သောတီးဝိုင်းအဖွဲ့များဖြစ်သော Epica, Delain, ReVamp, The Gathering, Asrai, Autumn, Ayreon and Within Temptation နှင့် [[ဂျက်စ်ဂီတ|ဂျက်စ်]]နှင့် ပေါ့ပ် အဆိုတော် Caro Emerald တို့သည် နိုင်ငံတကာ အောင်မြင်မှုများရနေသော အဖွဲ့များဖြစ်သည်။ မက်တယ်တီးဝိုင်းအဖွဲ့များဖြစ်သော Hail of Bullets, God Dethroned, Izegrim, Asphyx, Textures, Present Danger, Heidevolk and Slechtvalk တို့သည်လည်း ဥရောပ၏ အကြီးမားသော မက်တယ်ဂီတဖျော်ဖြေပွဲများတွင် ဝင်ရောက်တီးခတ်ကြသည့် အထူးဧည့်တီးဝိုင်းအဖွဲ့များ ဖြစ်ကြသည်။ ခေတ်ပြိုင် ဒေသတွင်း နာမည်ကျော်ကြားကြသူများတွင် ပေါ့ပ်အဆိုတော် Anouk၊ ကျေးလက်ပေါ့ပ်အဆိုတော် DeLange၊ South Guelderish နှင့် Limburgish ဘာသာစကားဖြင့်ဆိုသော Rowwen Hèze တီးဝိုင်းအဖွဲ့၊ ရော့ခ်ဂီတအဖွဲ့ဖြစ်သော BLØF နှင့် Nick & Simon အတွဲတို့ ပါဝင်ကြသည်။ စွယ်စုံရ အဆိုတော် တစ်ဦးဖြစ်သည့် Trijntje Oosterhuis သည် နိုင်ငံ၏ အကျော်ကြားဆုံးသော အနုပညာရှင်များထဲတွင်ပါဝင်ပြီး ကျော်ကြားသည့် အမေရိကန် တေးရေးဆရာများဖြစ်ကြသည့်  Vince Mendoza and Burt Bacharach တို့နှင့်တွဲဖက်ပြီး အယ်ဘမ်များစွာ သီဆိုခဲ့သည်။
 
၁၉၉၀ ခုနှစ်များ အစောပိုင်းကာလတွင် ဒတ်ချ်နှင့် ဘယ်လဂျီယမ် house music တို့ပေါင်းစပ်ပြီး Eurodance ဟုခေါ်သော ဂီတအမျိုးအစား ပေါ်ပေါက်လာကာ 2 Unlimited ဟုခေါ်သော အဖွဲ့ပေါ်ထွက်လာခဲ့ပြီး ဓာတ်ပြားအချပ်ရေ ၁၈ မီလီယံခန့် ရောင်းချခဲ့သည့် စာရင်းဝင်ခဲ့ရာ ထိုအဆိုတော်နှစ်ယောက်ပါဝင်သော တီးဝိုင်းအဖွဲ့သည် ယနေ့ထိ ဒတ်ချ် ဂီတသမိုင်းတွင် အအောင်မြင်ဆုံး ဖြစ်ခဲ့သည်။<ref>{{cite web |url=https://www.allmusic.com/artist/2-unlimited-mn0000431439/biography |title=2 Unlimited | Biography | AllMusic |website=[[AllMusic]] |accessdate=၂၀ ဧပြီ ၂၀၂၀}}</ref> "Get Ready for This" ကဲ့သို့သော သီချင်းမျိုးသည် ယနေ့အချိန်ထိ နာမည်ကျော်ကြားလျက်ရှိပြီး NHL ကဲ့သို့သော အမေရိကန် အားကစားပြိုင်ပွဲများတွင် အသုံးပြုဆဲပင်ဖြစ်သည်။ ၁၉၉၀ ခုနှစ်များ အလယ်ပိုင်းကာလတွင် ဒတ်ချ်ဘာသာဖြင့် ရပ်နှင့် [[ဟစ်ဟော့ ဂီတ|ဟစ်ဟော့ဂီတ]] (Nederhop) များပေါ်ထွန်းလာခဲ့ပြီး နယ်သာလန်နှင့် ဘယ်လ်ဂျီယမ်နိုင်ငံတို့တွင် ကျော်ကြားလာခဲ့သည်။ ဤဂီတအမျိုးအစားတွင်မြောက်အာဖရိကန်၊ ကာရစ်ဘီယံ အနုပညာရှင်များမှ ကြီးစွာ လွှမ်းမိုးမှုရှိခဲ့သည်။