မောင်စူးစမ်း (စာရေးဆရာ): တည်းဖြတ်မှု မူကွဲများ

စာရေးဆရာ မောင်စူးစမ်း ကွယ်လွန်သည့် မှတ်တမ်းကို ဖြည့်စွက်တည်းဖြတ်သည်။
No edit summary
စာကြောင်း ၄၇ -
ထိုစဉ် ဦးချမ်းအေးသည် ရန်ကုန် ခရိုင် ဗကပ ယူဂျီ အဖြစ်နှင့် ရန်ကုန်သို့ မကြာခဏ ရောက်၍ ရန်ကုန် တက္ကသိုလ် ကျောင်းသား ညီညွတ်ရေး တပ်ဦးမှ ကျောင်းသား ခေါင်းဆောင်များနှင့် ဆွေးနွေးခြင်း၊ ဗကပ၏ သဘောထားကို ညွှန်ကြားစဉ် ဦးချမ်းအေးအား ၁၉၅၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ဖဆပလ အစိုးရနှင့် စေ့စပ် ဆွေးနွေးရန် ဗကပ ကိုယ်စားလှယ် အဖြစ် တာဝန်ပေး စေလွှတ်သည်။ စေ့စပ် ဆွေနွေးရာတွင် ဗကပ ဗဟိုက နိုင်ငံရေး အခြေခံဖြင့် ပြုလုပ်ရန် ညွှန်ကြားသော်လည်း ဦးချမ်းအေးက မလိုက်နာ သဖြင့် တိုင်းကော်မတီ အဆင့် တာဝန်မှ ရုပ်သိမ်းပြီး ပါတီဝင် အဖြစ်မှလည်း ၉ လ ရပ်စဲ ထားခဲ့သည်။ ထိုအခါ ဦးချမ်းအေးက ပါတီမှ နုတ်ထွက်ခွင့် ပြုရန် ဗကပသို့ စာရေး တင်ပြရာ ဗဟိုက လက်မခံ ခဲ့ပေ။
 
ထိုအချိန် ခွင့်ဖြင့် နေထိုင်စဉ် ဦးချမ်းအေးသည် စစ်တမ်း တစောင် (နောင်တွင် ချမ်းအေး စစ်တမ်းဟု အမည် တွင်ခဲ့သည်) ကို ပြုစုပြီး ဗကပ ဗဟိုသို့ တင်ပြ ခဲ့သည်။ ထိုစစ်တမ်း၏ အနှစ်သာရမှာ ဗကပ ဗဟို၏ ၄၈ ခုနှစ်၊ ဇန်နဝါရီလ လမ်းစဉ် ဖြစ်သော လက်နက် ကိုင်တော်လှန်ရေး လမ်းစဉ်ကို ပြန်လည် သုံးသပ်၍ လက်နက်ကိုင် လမ်းစဉ်ကို စွန့်ပြီး ပါလီမန် ဒီမိုကရေစီ နည်းအရ တိုက်ပွဲဝင်ရန် ဖြစ်သည်။ ထိုလမ်းစဉ်က်ိုထိုလမ်းစဉ်ကို ဗကပ ဗဟိုက လက်မခံ ပယ်ချ ခဲ့သည်။
 
၁၉၅၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့တွင် လျှို့ဝှက် လှုပ်ရှားလျက် ရှိသော ဦးချမ်းအေးကို တပ်မတော် ထောက်လှမ်းရေးက ဖမ်းဆီး ရမိခဲ့သည်။ ထိုစဉ် ဦးချမ်းအေးသည် ဖဆပလ အစိုးရ ပြန်ကြားရေး ဝန်ကြီး ဦးထွန်းဝင်း ထံသို့ ချမ်းအေး စစ်တမ်းကို တင်ပြခဲ့သည်။ ယင်း စစ်တမ်းကြောင့် ရဲဘော် ချမ်းအေး အမြင်မှန် ရသွားပြီဟု ဖဆပလ အစိုးရက ယုံကြည်ကာ ၁၉၅၇ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ခံဝန် ကတိဖြင့် ပြန်လွှတ် ပေးပြီး ထိုနေ့မှာပင် အစိုးရ ခွင့်ပြုချက်ကြောင့် သတင်းစာ ဆရာများနှင့် တွေ့ဆုံကာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခွင့် ပေးခဲ့သည်။ ၎င်းတင်ပြသော ချမ်းအေး စစ်တမ်း ကိုလည်း ပုံနှိပ် ထုတ်ဝေခွင့် ပြုခဲ့သည်။