ကျူးဘားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

→‎ကျူးဘားနိုင်ငံ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၆၄ -
ကျူဘားကျွန်း၏ ထူးခြားချက်တစ်ခုမှာ မြေအောက်ဂူနှင့် ဥမင်လိုဏ်ခေါင်းများ ပေါများလှခြင်းပင် ဖြစ်၏။ ဥမင်လိုဏ်ခေါင်းများသည် မြေအောက်ရှိ ထုံးကျောက်များ ရှိရာနေရာများတွင် ဖြစ်ပေါ်လျက်ရှိရာ အချို့မြစ်ငယ်ချောင်းငယ်များသည် ထိုမြေအောက်ဥမင်များမှ စတင်ဖြစ်ပေါ်ကြ၍ အချို့ မြစ်များသည် ယင်းတို့ကို ဖြတ်သန်းစီးဆင်းကြလေသည်။ ကျူးဗားကျွန်းတွင် ခြောက်သွေ့သောရာသီနှင့် စိုစွတ်သောရာသီဟူ၍ ရာသီဥတုနှစ်မျိုးရှိ၏။ ခြောက်သွေ့သော ရာသီမှာ နိုဝင်ဘာလမှ ဧပြီလအထိ ဖြစ်၍ စိုစွတ်သောရာသီမှာ မေလမှ အောက်တိုဘာလအထိ ဖြစ်သည်။ ပင်လယ်မှ လေရသောကြောင့် အပူသက်သာ၏။ အတွင်းပိုင်းများမှာ သာ၍ အေး၏။ လေမုန်တိုင်းများလည်း မကြာခဏ ကျရောက် တတ်သည်။ ကျူဘားကျွန်းကို ၁၄၉၂ ခု အောက်တိုဘာလ ၂၇ ရက်နေ့တွင် ခရစ္စတိုဖာကိုလံဗပ်သည် အမေရိကတိုက်သို့ ပထမဆုံးအကြိမ် ရောက်ရှိစဉ်က စတင်တွေ့ရှိခဲ့လေသည်။ ထို့နောက် ၁၅၁၁ ခုနှစ်မှစ၍ ထိုကျွန်းကို စပိန်က ကိုလိုနီနယ်အဖြစ် တည်ထောင်အုပ်ချုပ်လာခဲ့ကြရာ၊ ၁၈၉၈ ခုနှစ်အထိ ကြာမြင့်ခဲ့၏။ ထိုနောက် စပိန်နှင့် အမေရိကန်ပြည်ထောင်စုတို့ စစ်မက်ဖြစ်ပွားကြသည်တွင် ကျူဘားကျွန်းကို စပိန်က လက်လွှတ်ရပြီးလျှင် စစ်ပြေငြိမ်းရေးစာချုပ်အရ အမေရိကန်ပြည်ထောင်စု စစ်ဖက်ဌာနမှ ယာယီသိမ်းပိုက်လေသည်။ ၁၉ဝ၂ ခုနှစ်တွင် ကျူဘားသမ္မတနိုင်ငံကို တည်ထောင်လိုက်ကြလေသည်။ ကျူဘားကျွန်းမှာ လယ်ယာစိုက်ပျိုးသော နိုင်ငံဖြစ်၍ ထိုကျွန်းရှိ လူဦးရေတဝက်ခန့်မှာ စိုက်ပျိုးရေးဖြင့် အသက်မွေးမြူကြသည်။
 
ကျွန်း၏တစ်ဝက်ခန့်မှာကျွန်း၏တဝက်ခန့်မှာ သစ်တောများ ဖုံးလွှမ်းလျက် ရှိ၏။ နိုင်ငံခြားသို့ တင်ပို့ရသော ထွက်ကုန် များ၏ ၉ဝ ရာခိုင်နှုန်းမှာ လယ်ယာကိုင်းကျွန်းနှင့် သစ်တော များမှ ရရှိသောပစ္စည်းများ ဖြစ်သည်။ ကျူးဗားကျွန်းတွင် ကြံပင်၊ ဆေးရွက်၊ ငှက်ပျော၊ ကာဖီစသည်တို့ကို စိုက်ပျိုးကြ၏။ ထွက်ကုန်၏ ၈ဝ ရာခိုင်နှုန်းမှာ သကြားဖြစ်၍ ကမ္ဘာပေါ်တွင် ဒုတိယသကြားအထွက်ဆုံးသော နိုင်ငံဖြစ်သည့်ပြင်၊ ပထမတန်း ဆေးရွက်များထွက်သော နိုင်ငံလည်းဖြစ်လေသည်။ ကျူးဗားကျွန်းမှ သံ၊ ကြေးနီ၊ ကရိုမီယမ်၊ မန်ဂနိ စသော သတ္တုများထွက်သည်။ သကြားလုပ်ငန်း၊ အရက်ချက်လုပ်ငန်း၊ ဆေးလိပ်၊ စီးကရက်၊ ဆပ်ပြာ၊ ဦးထုပ်နှင့် ဖိနပ်လုပ်ငန်း များလည်း ထွန်းကား၍ ကျွန်း၏ လူဦးရေ ရာခိုင်နှုန်း ၂ဝ လောက်မှာ ထိုလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ကြ လေသည်။ စပိန်လူမျိုးတို့ ကြီးစိုးစဉ်က တိုင်းဦးသားလူမျိုးများအား လွန်စွာနှိပ်စက်သဖြင့် အမျိုးပျောက်လုနီးပါး ဖြစ်ခဲ့သည်။ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးကို ချဲ့ထွင်လုပ်ကိုင်ကြသော အခါ အာဖရိကတိုက်မှ နီးဂရိုးကပ္ပလီလူမျိုးတို့ကို အလုပ်ကြမ်း များ၌ အသုံးပြုရန် ခေါ်ယူရလေသည်။ ကျူးဗားကျွန်း၏လူဦးရေ ရ၅ ရာခိုင်နှုန်းမှာ လူဖြူများဖြစ်၍ ၂၄ ရာခိုင်နှုန်းမှာ နီးဂရိုး ကပ္ပလီလူမဲများ ဖြစ်ပြီးလျှင် ၁ ရာခိုင်နှုန်းမှာ တရုတ်လူမျိုးများ ဖြစ်လေသည်။ ဟာဗားနားမြို့သည် ကျူးဗားကျွန်း၏ မြို့တော်ဖြစ်၍ အကြီးဆုံးမြို့လည်း ဖြစ်သည်။ ထိုမြို့၏လူဦးရေမှာ ၆၇၁၇၆ ယောက်ဖြစ်၍ တက္ကသိုလ်ကျောင်းတစ်ခုရှိ၏။ အခြားမြို့ကြီး များမှာ သင်္ဘောဆိပ်မြို့များဖြစ်သော ဆန်တီယာဂိုဒီကျူးဗားနှင့် ဆီယင်ဖွေးဂိုးတို့ ဖြစ်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)</ref>
 
== ကိုးကား ==