"ချက်သမ္မတနိုင်ငံ" ၏ တည်းဖြတ်မှု မူကွဲများ

၃ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
→‎ချက်သမ္မတနိုင်ငံ: စာလုံးပေါင်း ပြင်ခဲ့သည်
အရေးမကြီး
(→‎ချက်သမ္မတနိုင်ငံ: စာလုံးပေါင်း ပြင်ခဲ့သည်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
ချက်သမ္မတနိုင်ငံ၏ နယ်မြေအကျယ်အဝန်းမှာ ၇၈,၈၆၄ စတုရန်းကီလိုမီတာ ဖြစ်၍ လူဦးရေ ၁,ဝ၂,၉၉,ဝဝဝ ရှိသည်။ မြို့တော်မှာ [[ပရာဟာမြို့]]ဖြစ်၍ ရုံးသုံးဘာသာစကားအဖြစ်ချက်ဘာသာ စကားကိုပြောကြားသည်။ ထို့ပြင်စလိုဗက် ဘာသာစကားကိုလည်း ပြောကြားမှုရှိသည်။ ပင်မကိုးကွယ်သည့်ဘာသာ မှာ ခရစ်ယာန်ဘာသာဖြစ်သည်။ ကာကွယ်ရေးတပ်ဖွဲ့အင်အားမှာ ၉ဝ,ဝဝဝ ရှိသည်။ လှည့်ပတ်သုံးစွဲ နေသောငွေကြေးမှာ ကိုရူနာဖြစ်သည်။
 
ချက်နှင့်စလိုဗက်ဖက်ဒရယ် ပြည်ထောင်စုကြီးအား ဖျက်သိမ်းပြီးနောက် ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင်သည့် ချက်သမ္မတနိုင်ငံဖြစ်လာခဲ့သည်။ယင်းနေ့မှာပင် စတင်အာဏာ သက်ရောက်ခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ချက်သမ္မတနိုင်ငံအား တစ်ခုတည်းသော နိုင်ငံအဖြစ်သတ်မှတ် ပြဋ္ဌာန်းသည်။ ဥပဒေပြုအာဏာမှာအထက်နှင့်အောက် လွှတ်တော်နှစ်ရပ်တွင်တည်သည်။ လေးနှစ်တစ်ကြိမ် ရွေးချယ်တင်မြှောက်သည့် အောက်လွှတ်တော်တွင် အဖွဲ့ဝင် ၂ဝဝ ဦးရှိ၍ ခြောက်နှစ်တစ်ကြိမ် ရွေးချယ် တင်မြှောက်သည့် အထက်လွှာတော်တွင်အထက်လွှတ်တော်တွင် အဖွဲ့ဝင် ၈၁ ဦးရှိသည်။ ငါးနှစ်သက်တမ်းရှိသော သမ္မတရာထူးကို အောက်လွှတ်တော်က ရွေးချယ်တင်မြှောက်သည်။ နိုင်ငံ၏ အုပ်ချုပ်ရေးအာဏာကို ဝန်ကြီးချုပ်နှင့် ဝန်ကြီး အဖွဲ့က ကိုင်တွယ်ကျင့်သုံးပေသည်။ ချက်သမ္မတနိုင်ငံ၏သမ္မတမှာ ဗက်ကလပ်ဟာဗဲဖြစ်၍ ဝန်ကြီးချုပ်မှာ ဗက်ကလပ်ကလော့စ်ဖြစ်သည်။ ဗက်ကလပ်ဟာဗဲအား သမ္မတအဖြစ် ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ရက်နေ့တွင် ချက်ပါလီမန်က ရွေးချယ်တင်မြှောက်ခဲ့သည်။
 
== နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကော်မတီသစ် ==
အမည်မသိ အသုံးပြုသူ