ကျော်ဆွေ: တည်းဖြတ်မှု မူကွဲများ

infobox
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂၂ -
'''ကျော်ဆွေ'''သည် မြန်မာ ရုပ်ရှင်သရုပ်ဆောင်နှင့် ရုပ်ရှင်ဒါရိုက်တာ ဖြစ်သည်။ ကျော်ဆွေကို [[ရန်ကုန်မြို့]]၌ အဖ ဦးဘနှစ်( မြို့ပြအိုးအိမ်ဌာန ဝန်ထောက်)နှင့် အမိ ဒေါ်အုန်းစိန်တို့မှ မြန်မာသက္ကရာဇ် ၁၂၈၅-ခုနှစ်၊ တပို့တွဲလဆန်း ၆-ရက်နေ့ တနင်္ဂနွေနေ့တွင် မွေးဖွားသည်။ ငယ်နာမည်မှာ မော်နီဖြစ်သည်။ မွေးချင်းညီအစ်ကို လေးဦးရှိသည့် အနက် ဒုတိယမြောက်သား ဖြစ်သည်။
 
ကျော်ဆွေသည် ငယ်စဉ်က စိန်ဂျွန်းကျောင်းတွင် ပညာသင်ခဲ့သည်။ ထို့နောက် [[ဒုတိယကမ္ဘာစစ်]]အတွင်း၌ [[ပဲခူးမြို့]]တွင် ရာဇဝတ်အုပ် အဖြစ် တာဝန်ထမ်းသည်။ ဖက်စစ်တော်လှန်ရေးကာလတွင်ဖက်ဆစ်တော်လှန်ရေးကာလတွင် ဘီဒီအေ [[ဗမာ့ကာကွယ်ရေးတပ်မတော်]] သို့ ဝင်ရောက် တာဝန်ထမ်းသည်။ ၁၉၄၅-၄၆ ခုနှစ်၊ ဒုတိယကမ္ဘာစစ် ပြီးစအချိန်တွင် ဝါသနာအလျောက် ရုပ်ရှင်လောကသို့ စတင်ခြေချခဲ့သည်။ ဗြိတိသျှဘားမားရုပ်ရှင် (ယခု ညွှန့်မြန်မာ) ကုမ္ပဏီမှ ဒါရိုက်တာ ဦးဘရှင် ရိုက်ကူးသော ''စောရစံရှား'' အသံတိတ် ရုပ်ရှင်ကားတွင် စတန့်မင်းသား [[တင်ဖေ]]၊ မင်းသမီး မေမြတို့နှင့် တွဲဖက်၍ ကျော်ဆွေ အမည်ဖြင့် ရုပ်ရှင်သရုပ်ဆောင်အဖြစ် ပထမဆုံး ပါဝင် ရိုက်ကူးခဲ့သည်။
 
ထို့နောက် ကျော်ဆွေသည် သူ၏ လက်ဦးရုပ်ရှင်ဆရာ ဒါရိုက်တာ ဦးဘရှင်နှင့် အေဝမ်းဖလင် ရုပ်ရှင်ကုမ္ပဏီသို့ ပြောင်းရွှေ့ကာ ဗိုလ်ချုပ်၊ တစ်သွေးတစ်မြေတသွေးတမြေ စသော ရာဇဝင်နောက်ခံ ကားများတွင်၎င်း၊ ဒါရိုက်တာ [[ဦးချင်းစိန်]] (ရွှေညာမောင်) ရိုက်ကူးသော ''အထောက်တော်''နှင့် ''ချစ်ရဲဘော်'' ဇာတ်ကားများတွင်၎င်း၊ မင်းသမီး[[မေမြ]]၊ [[မေမြင့်]]၊ [[မေဆန်း]] စသည်တို့နှင့် တွဲဖက်ပါဝင် သရုပ်ဆောင်ခဲ့သည်။
 
ရုပ်ရှင်သရုပ်ဆောင် ကျော်ဆွေဟု ထင်ရှားလာစ အချိန်တွင် ဗြိတိသျှဘားမားရုပ်ရှင်သို့ ပြန်လည်ကူးပြောင်းကာ ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ နာမည်ကျော် ဗိုလ်အောင်ဒင် အဆက် သား ဗိုလ်အောင်ဒင် ဇာတ်ကားတွင် မင်းသမီး [[ခင်အုန်းမြင့်]]နှင့် တွဲဖက်ပါဝင် သရုပ်ဆောင်ခဲ့သည်။ ဒါရိုက်တာ ရွှေဒုံးဘီအောင်နှင့်ပင် ပွဲခါညောင်ရေ၊ ဒါရိုက်တာ ဦးသုခနှင့် ဒီဆောင်းဟေမာန်၊ ဒါရိုက်တာ ချစ်ခင်ရိုက်ကူးသော ဖြေလျော့ခွေ၊ ဒါရိုက်တာ ဦးအောင်ကြီး ရိုက်ကူးသော မင်းအောင် မင်းနောင်၊ ဒါရိုက်တာ လှဦး (လူကြမ်းလှမောင်လေး) ရိုက်ကူးသော ဖူးစာနှစ်ခိုင် ဇာတ်ကားများတွင်လည်း ပါဝင် သရုပ်ဆောင်ခဲ့သည်။
စာကြောင်း ၃၀ -
ရုပ်ရှင်မင်းသား ကျော်ဆွေသည် သုခုမ ရုပ်ရှင်၏ ဒဏ် ဇာတ်ကား၊ ပြည်တော်အေးရုပ်ရှင်၏ မွှေး အစရှိသော ရုပ်ရှင် ဇာတ်ကားများတွင်လည်း ပါဝင် သရုပ်ဆောင်ခဲ့သည်။ ၁၉၆၁-ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်၍ တိုဟို ဂျပန်ရုပ်ရှင်ကုမ္ပဏီတွင် ရုပ်ရှင်ပညာ သင်ယူသည်။
 
ကျော်ဆွေသည် ကိုယ်ပိုင် မိုးရုပ်ရှင် ကုမ္ပဏီကို တည်ထောင်ပြီး ပထမဆုံး ဒါရိုက်တာ၊ သရုပ်ဆောင် မင်းသားအဖြစ် ပုလဲမျက်ရည် စစ်ရုပ်ရှင်ကားကို မင်းသမီး ခင်ယုမေ (မေ)နှင့် တွဲဖက်ပါဝင် ရိုက်ကူးသည်။ မိုးရုပ်ရှင်မှပင် ရုပ်ရှင်မင်းသမီး [[ခင်ယုမေ]] (မေ)နှင့် အများဆုံးတွဲ၍ ချစ်မေတ္တာ၊ မချူသာသည်၊ သည်မေတ္တာလမ်း၊ စိမ်း စသည့် ရုပ်ရှင်ကားများကို ဆက်လက်ရိုက်ကူးခဲ့သည်။ ၁၉၄၅-၄၆-ခုနှစ်မှစ၍ ၁၉၈၂-ခုနှစ်အတွင်း နှစ်ပေါင်း ၃၅-နှစ်ကျော် အတွင်း သရုပ်ဆောင်မင်းသား၊ သရုပ်ဆောင် ဒါရိုက်တာ အဖြစ်နှင့် ပါဝင်ရိုက်ကူးခဲ့သော ရုပ်ရှင်ကားပေါင်း ၃၀-ကျော်ရှိသည်။ ကျော်ဆွေသည် မိမိပိုင် မိုးရုပ်ရှင်မှ မင်းသား၊ ဒါရိုက်တာ အနေဖြင့် နောက်ဆုံးရိုက်ကူးသွားသော ရုပ်ရှင်ကားမှာ မြွေမြွေချင်း ခြေမြင် ဇာတ်ကားဖြစ်သည်။ ထိုဇာတ်ကားတွင် စတန့်မင်းသား [[ရွှေဘ]]နှင့် တွဲဖက် သရုပ်ဆောင်ခဲ့သည်။
 
== ဘဝနိဂုံး ==