ကျောက်ခေတ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၇ -
ကျောက်ခေတ်သမိုင်းနှင့်ပတ်သတ်၍ မြန်မာနိုင်ငံတွင် ရေနံရှာဖွေရန်အတွက် ရောက်ရှိလာသော ဥရောပတိုက်သား ဘူမိဗေဒပညာရှင်များက ယင်းတို့၏ တွေ့ရှိချက်များကို စတင်ဖော်ပြခဲ့ခြင်းဖြင့် အစပျိုးခဲ့ခြင်းဖြစ်သည်။ ၁၈၉၄ ခုနှစ်နှင့် ၁၈၉၇ခုနှစ်တို့တွင် ဖရင့်နွတ်တလင်း၏ ကျောက်လက်နက်များဟု ရည်ညွှန်းသော ကျောက်တုံးငယ်များကို ဖော်ပြချက်များမှာ ထိုခေတ်ကာလက ပညာရှင်များအကြား အငြင်းပွားစရာဖြစ်ပေါ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော ကျောက်ခေတ်ကာလဆိုင်ရာသုတေသနပြုချက်များကို ဧရာဝတီမြစ်ဝှမ်း၊ ရှမ်းပြည်နယ်တို့တွင် အမေရိကန်စူးစမ်းလေ့လာရေးအဖွဲ့ဖြစ်သော ဘူမိဗေဒပညာရှင် ဟဲလ်မက်ဒီတားရား၊ ရှေးဟောင်းသုတေသနပညာရှင် ဟယ်လ်လမ်အဲလ်မူးဗီးယပ်စ်၊ နိခါတကဗေဒပညာရှင်များဖြစ်သော အက်ဒွင်းအိပ်ချ်ကိုးလ်ဘာ့တ်နှင့် ဂျေဘားကွက်တ်တို့က ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါပညာရှင်များ၏ ဖော်ပြချက်အရ မြန်မာ့ကျောက်ခေတ်ကာလတွင် အဓိကတွေ့ရှိရသော ကျောက်လက်နက်အုပ်စုကြီး လေးခုမှာ ခုတ်ဓား၊ စင်းဓား၊ ကျောက်ခြစ်နှင့် လက်ဆုပ်ပဲခွပ်တို့ဖြစ်သည်။ ထိုကျောက်လက်နက် ပြုလုပ်သော အဓိကကုန်ကြမ်းပစ္စည်းများမှာ မီးတောင်ကျောက်၊ သစ်သားကျောက်တို့ဖြစ်သည်။ မြန်မာနိုင်ငံရှိ ကျောက်လက်နက်များပြုလုပ်သော ဓလေ့ကို မူးဗီးယပ်စ်နှင့် ဒီတားရားတို့က မြန်မာနိုင်ငံအထက်ပိုင်းတွင်တွေ့ရှိခဲ့သောကြောင့် "အညာသားဌာနေယဉ်ကျေးမှု" ဟု ကင်ပွန်းတပ်ခဲ့သည်။ အဆိုပါပညာရှင်များက ယင်းတို့တွေ့ရှိခဲ့သော ကျောက်လက်နက်များနှင့် သတ္တဝါတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို တွဲဖက်တွေ့ရှိခဲ့ရသော ဧရာဝတီမြစ်ကမ်းဆင့်ငါးဆင့်၏ ဘူမိမြေလွှာများအပေါ်မူတည်ပြီး သက်တမ်းကာလကို ခန့်မှန်းခဲ့သည်။ အဆိုပါ သက်တမ်းကာလအရ မြန်မာ့ကျောက်ခေတ်ကာလသည် ပလိုင်စတိုဆင်းကာလလယ်မှစတင်ပြီး ဟိုလိုဆင်းကာလ နှောင်းပိုင်းအထိ တည်ရှိခဲ့သည်ဟု ယေဘုယျသတ်မှတ်ခဲ့သည်။
 
မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက မြန်မာ့ကျောက်ခေတ်ကာလကို အစောဆုံးအားဖြင့် လွန်ခဲ့သောအနှစ်၅၅၀၀၀၀မှစတင်ခဲ့မည်ဟု ခန့်မှန်းခဲ့သည်။ အဂ်လန်နိုင်ငံမှရှေးဟောင်းသုတေသီ အဲလစ်စဘက်သ်မိုးကမူ ထိုင်းနိုင်ငံမှ ကျောက်ခေတ်ဒေသများနှင့် နှိုင်းယှဉ်ပြီး အရင်အနှစ်၇၅၀၀၀၀ကစတင်ခဲ့သည်ဟု ခန့်မှန်းခဲ့လေသည်။ တောင်ကြီးခရိုင် ရေငံမြို့နယ်ရွာငံမြို့နယ် ညောင်ကြတ်-ရေပုတ်သွားမြဲလမ်းဘေးရှိ [[ပြဒါးလင်းဂူ]] ၌ ကျောက်ခေတ် လူသားများ၏လက်ရာနံရံပန်းချီများအား ၁၉၆ဝနှစ်များအတောအတွင်း ဘူမိဗေဒပညာရှင် ဦးခင်မောင်ကျော်က စတင်တွေ့ရှိခဲ့သည်။ ၁၉၆၉ ခုနှစ်တွင်ထိုခေတ်ကာလက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ကြီးကြပ်မှုအောက်တွင် ရှေးဟောင်းသုတေသနဝန် ဦးအောင်သော်ဦးဆောင်ပြီး ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ မနုဿဗေဒဌာန၊ ဘူမိဗေဒဌာန၊ သတ္တဗေဒဌာနနှင့် ရုက္ခဗေဒဌာနတို့မှ ပညာရှင်အသီးသီးပါဝင်ပြီး ပြဒါးလင်းဂူကို တူးဖော်ရေးနှင့် ကျောက်ခေတ်ကာလနံရံဆေးရေးပန်းချီများကို ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိုကျောက်ဂူမှ မြန်မာ့ကျောက်ခေတ်ကာလနှင့်သက်ဆိုင်သော အထောက်အထား အချက်အလက် အသစ်များကို ရရှိခဲ့ပြန်သည်။ အဆိုပါကျောက်ဂူမှ ကျောက်လက်နက်များကို ရာနှင့်ချီပြီးတူးဖော် ရရှိခဲ့ပါသည်။ လေ့လာရန်အတွက် ကောင်းမွန်သောနမူနာလေးရာခန့်ကိုသာ ဌာနချုပ်သို့ယူဆောင်ခဲ့ပြီး ကျန်ရှိသည့်ကျောက် လက်နက်များကို ထိုဂူ၏ အနီးနားဝန်းကျင်တွင် ပြန်လည်မြှပ်နှံခဲ့သည်။ ကျောက်နံရံတွင် ပန်းချီဆွဲရာ၌ မြေနီကို ပန်းချီဆေးအဖြစ်အသုံးပြုခဲ့ကြသည်။ နံရံပန်းချီကားများမှာ လက်ဝါးနှစ်ဖက်ဟု ယူဆရသောပုံ၊ နေဟုယူဆထားသောပုံနှင့် တိရစ္ဆာန်ပုံများဖြစ်ကြသည်။ ထိုပုံများအားလုံးအား လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ဝ နှင့် ၁၀၀၀ဝ ကြားနေထိုင်သွားကြသော ကျောက်ခေတ်လူသားများ၏ လက်ရာများ ဖြစ်မည်ဟု ခန့်မှန်းထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုတူးဖော်ရေးမှ ရရှိသော အရိုးနှင့်မီးသွေးခဲအပိုင်းအစများကို ရေဒီယိုကာဗွန်၁၄နည်းဖြင့် ဓာတ်ခွဲစမ်းသပ်ခြင်း၊ အရိုးအတွင်းမှ ချဉ်ဆီအကြွင်းအကျန်ကို ဓာတ်ခွဲစမ်းသပ်ခြင်းဖြင့် ထိုခေတ်ကာလက ပြဒါးလင်းဂူတွင် အစောဆုံးကာလလူနေထိုင်ခဲ့မှုမှာ လွန်ခဲ့သော အနှစ်၁၃၀၀၀မှ စတင်ခဲ့သည်ဟူ ယေဘုယျဆိုနိုင်ပါသည်။ ကျောက်လက်နက် ဖဲ့ဆစ်မှုအပိုင်းမှာမူ ဧရာဝတီမြစ်ဝှမ်းတွင် တွေ့ရှိရသော ကျောက်လက်နက်များထက် အရွယ်အစားအားဖြင့်ပိုမိုသေးငယ်ပြီး အသွားဖော်ဖဲ့ဆစ်မှုအပိုင်းမှာ နည်းစနစ်ပိုင်းဆိုင်ရာအားဖြင့် ပိုမိုကောင်းမွန်သည်ဟု သုံးသပ်ကြသည်။ သို့သော်လည်း ကျောက်လက်နက်များ၏ ပုံပန်းသဏ္ဌာန်တို့မှာမူ ကျောက်လက်နက်အုပ်စုကြီးလေးစုမှ ကွဲပြားမှုသိပ်မရှိကြောင်းဆိုကြသည်။ ထို့ပြင်ထိုကျောက်ခေတ်ဂူမှ စင်းလုံးချောအသွားသွေး၊ အရောင်တင်ထားသော ကျောက်ခေတ်သစ်ကာလလက်နက်များကိုလည်း တွေ့ရှိခဲ့ပါသည်။
 
ထို့နောက်၁၉၇၀ခုနှစ်များမှ စတင်ပြီးမန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် ကျောက်ခေတ်သစ်ဒေသများကို တူးဖော်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လာသည့် ကျောက်ခေတ်သစ်ယဉ်ကျေးမှုရပ်ဝန်းများကို ထင်ရှားစေခဲ့ပါသည်။ ထိုဒေသတို့မှ အထောက်အထားများအရ ကျောက်ခေတ်ဟောင်းဒေသများနှင့် ကွဲပြားပြီး လူနေမှုအဆင့်အတန်းကွာခြားလာသည့် ကျောက်ခေတ်သစ်ဓလေ့များယဉ်ကျေးမှုများကို သိရှိလာခဲ့သည်။