ဥသျှစ်ပင်မြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
မြို့ရာဇ၀င်
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃၆ -
|website =
}}
ဥသျှစ်ပင်မြို့သည် ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်ရှိမြို့(၂)မြို့အနက်
'''ဥသျှစ်ပင်မြို့''' သည် [[မြန်မာနိုင်ငံ]]၊ [[ပဲခူးတိုင်းဒေသကြီး]]၊ [[ပြည်ခရိုင်]]၊ [[ပန်းတောင်းမြို့နယ်]]ရှိ မြို့တစ်မြို့ ဖြစ်သည်။<ref>{{cite map|title=[[Google Maps]]|publisher=Google|accessdate=February 14, 2017}}</ref>
 
စည်ကားသော မြေလတ်ဒေသ မြို့တစ်မြို့ဖြစ်ပါသည်။
 
ကိုဩဒိနိတ်     : 18° 41' 12" N
 
                       95° 00' 52" E
 
                       18.68667° N
 
                       95.01444° E
 
နိုင်ငံ               :  🇲🇲မြန်မာ
 
တိုင်းဒေသကြီး  :  ပဲခူးတိုင်းဒေသ
 
                         ကြီး
 
ခရိုင်               :  ပြည်ခရိုင်
 
လူဦးရေ(၂၀၁၈):  (၁၁၁၁၃) ဦး
 
အချိန်ဇုန်         :  မြန်မာ        
 
                         စံတော်ချိန်
 
                         (UTC+6.30)
 
မြို့ပြဧရိယာ      :  (၂.၆၅)
 
အကျယ်အ၀န်း      စတုရန်းမိုင်
 
၁။တည်နေရာ၊အကျယ်အဝန်း
 
   ပထဝီအနေအထား၊ထိစပ်မှု
 
                 ဥသျှစ်ပင်မြို့သည် ပဲခူးတိုင်းဒေသကြီး၏ အနောက်ဘက် အစွန်ဆုံးမြို့ ဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ဟူ၍
 
တိုင်း(၃)တိုင်းနှင့် ပြည်နယ်(၁)ခုတို့ ဆုံရာနယ်စပ်မြို့ဖြစ်သည့်အပြင် ပုသိမ်-မုံရွာ အဝေးပြေးလမ်းမကြီးနှင့် ပြည်-တောင်ကုတ်ပြည်ထောင်စုလမ်းမကြီးတို့၏ အပေါင်းလက္ခဏာသဏ္႑န် ဆုံစည်းရာ မဟာဗျူဟာကျကျ
 
လမ်းဆုံမြို့လည်း ဖြစ်သည့်အတွက် စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး လွန်စွာ အချက်အချာကျသော ကုန်စည်စီးဆင်းမှုကောင်းမွန်သည့် မြို့တစ်မြို့လည်း ဖြစ်ပါသည်။မြို့ပြဧရိယာအကျယ်အဝန်းမှာ (၂.၆၅)စတုရန်းမိုင်ကျယ်ဝန်းပါသည်။
 
ယခုအခါတွင် လမ်းဆုံသည် အဝေးပြေးကားများ၊ဆိုင်ကယ်များ ရှုပ်ထွေးသည်ဖြစ်သောကြောင့် ယာဉ်အန္တရာယ်မဖြစ်ပေါ်စေရန်လမ်းလေးခွဆုံတွင် မီးပွိုင့်တပ်ဆင် အသုံးပြုလျက် ရှိပြီ ဖြစ်သော်လည်း
 
အနာဂတ်တွင် မြို့ခံလူထုမှ လမ်းဆုံကို အဝိုင်းပတ်သဏ္႑န်ပြုလုပ်၍ ဗိုလ်ချုပ်ကြေးရုပ် ထားရှိ အကောင်အထည်ဖော်ရန် ဆန္ဒရှိကြပေသည်။
 
ထို့အတူ ၂၀၀၆ ခုနှစ်တွင် ဖောက်လုပ်ခဲ့သော ကြံခင်း-ပခုက္ကူရထားလမ်းသည် မြို့အတွင်း ဖြတ်သန်းသွားရာ
 
ရထားဘူတာရှိသည့် မြို့လေးလည်း ဖြစ်သည်။ယင်းဘူတာနှင့်အပြိုင် မြန်မာ့မီးရထားမှ ဥသျှစ်ပင် ကွန်ကရစ်ဇလီဖားတုံးစက်ရုံလည်း တည်ဆောက်ခဲ့ရာ ယခုအချိန်ထိ လည်ပတ်လျက်ရှိသည်။
 
သို့ရာတွင် ရထားလမ်းအား နှစ်အနည်းငယ်သာ အသုံးပြုပြေးဆွဲခဲ့ရာ ယခုအချိန်တွင် ရံဖန်ရံခါမှ လွဲ၍ ရထားပြေးဆွဲခြင်း မရှိတော့ပေ။
 
                ပဲခူးတိုင်းဒေသကြီးအတွင်း
 
ပြည်မြို့နှင့် ဥသျှစ်ပင်မြို့တို့ကို မြို့ပြဖွံ့ဖြိုးမှုပုံစံ ရေးဆွဲခြင်းနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဆိုင်ရာ မျှော်မှန်းချက်များ ဆွေးနွေးကြရာ လာမည့် အနာဂတ်တွင် ဥသျှစ်ပင်မြို့သို့ မြန်မာတစ်နိုင်ငံလုံးရှိ
 
ကုန်စည်များ စီးဆင်းမှု
 
ကောင်းမွန်ရေး၊ စနစ်ကျသော မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ၊
 
ကုန်စည်ဒိုင်များတိုးချဲ့ရေး၊
 
ကုန်တင်ကားကြီးများ သွားလာရန် မြို့ရှောင်လမ်းဖောက်လုပ်
 
ပေးရေးသာမက
 
တိုင်း(၃)တိုင်းနှင့် ပြည်နယ်(၁)ခု ဆုံရာ လမ်းဆုံကိုအထိမ်းအမှတ် အမှတ်အသားတစ်ခု ထားရှိရေးစသည့်
 
ဦးစားပေးအစီအစဉ်များကို နှစ်စဉ်ဆောင်ရွက်သွားမည်ဟု သိရသည်။
 
ဥသျှစ်ပင်မြို့သည် မြို့နယ်ရုံးစိုက်ရာ ဖြစ်သော
 
ပန်းတောင်းမြို့နှင့် (၁၀)မိုင်သာဝေး၍ ပြည်မြို့နှင့် မိုင်(၂၀)မျှကွာဝေးပြီး ရန်ကုန်မြို့နှင့် (၁၉၉)မိုင် ကွာဝေးပါသည်။ပန်းတောင်းမြို့သည် မြို့နယ်ရုံးစိုက်ရာ မြို့ဖြစ်သော်လည်း ယခုအချိန်တွင်မူ ဥသျှစ်ပင်မြို့လောက် မစည်ကားတော့ချေ။ပန်းတောင်းမြို့သည် ဧရာဝတီမြစ်ကူးနဝဒေးတံတား မရှိခင်ကာလဆီက ဇက်ဆိပ်နှင့် ရေလမ်းခရီး တွင်ကျယ်ခဲ့ရာ
 
ဧရာဝတီမြစ်အနောက်ဘက်ကမ်းဒေသတွင် စည်ကားသော မြို့တစ်မြို့အဖြစ် ထင်ရှားခဲ့သည်။
 
၂။လူဦးရေနှင့် လူမျိုးများ၊ဘာသာ
 
   ရေး
 
ဥသျှစ်ပင်မြို့တွင်
 
ဗမာလူမျိုးများ အဓိကနေထိုင်ပြီး ရခိုင်၊ချင်းနှင့်ကရင်လူမျိုးများလည်း ရှိရာ ၂၀၁၈ ခုနှစ်၊လူဦးရေ စာရင်းအရ စုစုပေါင်းလူဦးရေမှာ
 
(၁၁၁၁၃)ဦး ဖြစ်သည်။
 
ဥသျှစ်ပင်မြို့သည် တိုင်းဒေသကြီး(၃)ခုနှင့် ပြည်နယ်တစ်ခုမှ ဖြတ်သန်းသည့်
 
ပြည်ထောင်စုလမ်းမကြီးများ ဆုံသည့် မြို့အဖြစ်တည်ရှိခြင်းကြောင့် လည်းကောင်း၊ မြို့အနီးပတ်ဝန်းကျင်တွင် တပ်ရင်းတပ်ဖွဲ့များ၊စက်ရုံများ၊
 
သင်တန်းကျောင်းများနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်း အဆောက်အဦများ ဝန်းရံတည်ရှိခြင်းကြောင့်လည်းကောင်း၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ
 
ရရှိ၍ ရွှေ့ပြောင်းရောက်ရှိသူများကြောင့်လည်းကောင်း နှစ်စဉ် လူဦးရေမှာ
 
တိုးတက်လျက်ရှိပါသည်။
 
ဘာသာရေးတွင် အများအားဖြင့် ဗုဒ္ဓဘာသာကိုးကွယ်ကြသော်လည်း ခရစ်ယာန်ဘာသာဝင်များလည်း ရှိသည်။
 
ဘုန်းတော်ကြီးကျောင်းများ၊
 
သီလရှင်စာသင်တိုက်များ၊မိုးကုတ်ဝိပဿနာဓမ္မရိပ်သာများနှင့် သာသနာရောင်ဝါထွန်းလင်းလျက်ရှိ
 
သည်။စာသင်တိုက်များထဲတွင် သုခိတာရာမပရိယတ္တိစာသင်တိုက်
 
သည် အထူးထင်ရှားသည်။
 
ခရစ်ယာန်ဘာသာ ဘုရားရှိခိုးကျောင်း
 
များလည်းရှိသည်။
 
၃။မြို့သမိုင်းကြောင်း၊ရာဇဝင်
 
မြို့ဖြစ်တည်လာပုံ
 
မြို့မတိုင်မီ ကျေးရွာဖြစ်မည့်နေရာတွင် သိုက်ဆရာတစ်ယောက်၏
 
ဥသျှစ်ခါးပင် လိုက်ရှာရာ ဥသျှစ်ပင်တစ်ပင်၏ ခါးလည်မှ ရွှေကြက်ဥ ရသည်ကို အစွဲပြု၍
 
"ဥသျှစ်ခါးရပ်"ဟု တွင်ရာမှ နောင်တွင် ဥသျှစ်ပင်‌ကျေးရွာ ဟု ပေါ်ပေါက်လာခြင်းဖြစ်သည်။
 
၁၉၉၀ ခုနှစ်တွင် ဥသျှစ်ပင်ကျေးရွာကို မြို့သစ်အဖြစ်
 
အနောက်ဘက် ပုသိမ်-မုံရွာလမ်းအထိ မြို့ကွက်အသစ်ရိုက်၍ ထပ်မံတိုးချဲ့ခဲ့ရာ ယခုအချိန်တွင် ရတနာပုံရပ်ကွက်အတွင်း ကျရောက်ခဲ့ပြီဖြစ်သော  မြို့မြေကွက်ပေါင်း(၁၂၃၀)နှင့် လမ်းများအပြင်
 
မြို့မဈေးကြီး၊တိုက်နယ်
 
ဆေးရုံ၊နယ်မြေရဲစခန်း၊ဆည်မြောင်းဝန်ကြီးဌာနဝန်း၊ရိုးမဧရာပန်းခြံ
 
တို့အပါအဝင်ဖြစ်သည်။
 
၂၀၁၃ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၄၃၇/၂၀၁၃)ဖြင့်
 
(၆.၆.၂၀၁၃) ရက်နေ့တွင်ဥသျှစ်ပင်မြို့(ဥသျှစ်ပင်ကျေးရွာအုပ်စု)ကို
 
ဥရှစ်ပင်မြို့(ဥသျှစ်ပင်မြို့) အဖြစ် အတည်ပြုလိုက်ပြီး
 
မြို့ဖွင့်ပွဲအခန်းအနားကို (၂၇.၆.၂၀၁၃)နေ့တွင်
 
ကျင်းပခဲ့ပါသည်။
 
ရပ်ကွက်အနေဖြင့် ပြည်တော်သာရပ်ကွက်၊ ရွှေပင်ရပ်ကွက်၊ ရတနာပုံရပ်ကွက် ဟူ၍
 
မြို့ ပေါ် (၃)ရပ်ကွက်နှင့် လဲရွာကျေးရွာအုပ်စု၊ ညောင်ချေထောက်ကျေးရွာအုပ်စုတို့ဖြင့်ဖွဲ့စည်းပြီး မြို့အဖြစ် မြို့မိန့်ထုတ်ပြန်ကြေညာပြဋ္ဌာန်းခဲ့ပါသည်။ မြို့အုပ်ချုပ်ရေးမှူးရုံးသည်
 
ပုသိမ်-မုံရွာ အဝေးပြေးလမ်းမကြီး ဘေးတွင် တည်ရှိပါသည်။
 
ပြည်တော်သာရပ်တွင် တည်ရှိသော ဥသျှစ်ပင်မြို့ဂုဏ်ဆောင်
 
မြို့မအထက်တန်းကျောင်းကြီးသည် အကျယ်အဝန်းအားဖြင့်(၁၅.၈၃)ဧက ကျယ်ဝန်းပြီး (၁၉၅၂)တွင် စတင်တည်ထောင်ခဲ့ရာ ယခုအခါတွင် နှစ်ပေါင်း(၇၀)နီးပါးရှိပြီ ဖြစ်သည်။ ရတနာပုံရပ်ကွက်တွင် အလယ်တန်းကျောင်း(၁)ကျောင်း
 
၊အာသောကရာမ(ရွှေပင်)ကျောင်းတိုက်တွင်၊ဘုန်းတော်ကြီးသင် မူလတန်းကျောင်းများလည်း ရှိသည်။
 
၄။မြို့တွင်းနှင့်မြို့အနီးတစ်ဝိုက်ထင်ရှားကျော်ကြားသောစေတီပုထိုးများ၊နေရာများ
 
ဥသျှစ်ပင်မြို့ကျက်သရေဆောင် နာဂမုနိဘုရားကြီး၊ ရန်ကင်းအေးစေတီတော်၊ မင်္ဂလာအတုလအနန္တမုနိစေတီတော်
 
တို့အပြင်
 
မြို့နှင့်(၂)မိုင်
 
ကျော်ကွာဝေးသော
 
ကျောက်ဖူးကျေးရွာတွင် ဘိုးတော်ဘုရား၏ ရခိုင်ပြည်မှ မဟာမြတ်မုနိဘုရားကြီး ပင့်ရာတွင် သားတော် အိမ်ရှေ့မင်းသား တစ်ထောက်နားရာ ကျောက်ဖူးချောင်း ကမ်းနဖူးပေါ်တွင် ရခိုင်ဟန် ဘုရားများနှင့် စေတီတော်(၃)ဆူအား ဖူးမျှော်နိုင်ပါသည်။ထို့အပြင် အာဇာနည်ခေါင်းဆောင်ကြီး သခင်မြမွေးရပ်မြေ ထုံးဘိုမြို့နှင့် နာမည်ကျော် တန်ခိုးကြီး အကောက်တောင်ဘုရားသို့လည်း သွားရောက် ဖူးမျှော်နိုင်ပါသေးသည်။
 
ပြည်မြို့ဘက်မှလာလျှင်
 
သမိုင်းဝင် ငါးမျက်နှာဘုရားနှင့် ရွှေပုံစွန်းစေတီတော်၊
 
ရွှေမြင်မှန်းရုပ်ရှင်တော်မြတ်
 
ဖူးမျှော်ရင်းနှင့် ကြောင်လိမ်နန်းတော်ကို
 
လည်း ဝင်ရောက် လေ့လာနိုင်ပေသည်။
 
၅။စိုက်ပျိုးရေး
 
စိုက်ပျိုးရေးတွင် ယခင်က ဆန်စပါးကို အဓိက စိုက်ပျိုးကြသော်လည်း  စီးပွားရေး
 
လမ်းဆုံမြို့ဖြစ်သည်နှင့်
 
အညီ
 
အနယ်နယ်အရပ်ရပ်မှ ကုန်စည်များကိုသာ အဓိကထား ရောင်းဝယ်ဖောက်ကားကြသည်။အထူးသဖြင့် ရခိုင်ရိုးမမှရသော ဆတ်သားခြောက်၊တညင်းသီး၊အာပူရွက်နှင့် ဆင်ခရမ်းချဉ်သီးများကို လူသိများလှသည်။အစိုးရကျွန်းစိုက်ခင်းနှင့် ပုဂ္ဂလိက ကျွန်းစိုက်ခင်းများ၊ငှက်ပျောစိုက်ခင်းများ လည်း ရှိသည်။ အဓိကစီးပွားရေးလုပ်ငန်းများမှာ ဆန်၊ပဲ၊နှမ်းပွဲရုံများ၊ဆီစက်၊ဆန်စက်၊ပရိဘောဂပစ္စည်းလုပ်ငန်းများ၊သစ်တောထွက်ပစ္စည်း၊
 
သစ်၊ဝါးလုပ်ငန်း၊အုတ်လုပ်ငန်းများ စသည်တို့အပြင် ခေတ်နှင့်လျော်ညီစွာ ပုဂ္ဂလိကဘဏ်များ၏ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများလည်း တွင်ကျယ်လာလျက်ရှိသည်။
 
၆။ထင်ရှားကျော်ကြားသော ပွဲတော်များ
 
ဥသျှစ်ပင်မြို့၏ အထင်ကရပွဲတော်များမှာ နာဂမုနိဘုရားကြီးဗုဒ္ဓပူဇနိယပွဲတော်နှင့် နတ်တော်လပြည့်နေ့ ရန်ကင်းအေးဘုရားဗုဒ္ဓပူဇနိယ ပွဲတော်နှင့်တကွ တစ်ပြိုင်တည်း ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်နိဗ္ဗာန်ဈေးပွဲတော်တို့ဖြစ်သည်။
 
၇။နိဂုံးချုပ်
 
အချုပ်အားဖြင့် ဆိုရသော်
 
ဥသျှစ်ပင်မြို့သည် ဧရာဝတီမြစ်ကူး
 
နဝဒေးတံတားကြီး
 
တည်ဆောက်ပြီးစီးသည့်နောက်ပိုင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်း၏ ပြယုဂ် မြို့တစ်မြို့ အဖြစ် ဆိုနိုင်ပါသည်။ထို့အပြင် မကွေးတိုင်း(ရွှေစက်တော်ဘုရားစသည်)ဘုရားဖူးခရီးသွးများ၊ရခိုင်ပြည်နယ်(သံတွဲ၊တောင်ကုတ်၊အမ်း၊စစ်တွေ)ခရီးသွားများနှင့် ဧရာဝတီတိုင်း(ပုသိမ်၊ငွေဆောင်၊ချောင်းသာ)ခရီးသွားများ
 
တစ်ထောက်နားရာ မြို့လေးလည်းဖြစ်သည်။ထို့အပြင် နာမည်ကျော် MRTV-4ဇာတ်လမ်းတွဲဖြစ်သည့် "ပျားရည်အိုင်"ကို မြို့ပတ်ဝန်းကျင်တွင် အခြေခံ၍ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။
 
ယခုအခါ ဥသျှစ်ပင်မြို့လေးတွင်
 
မြို့မဈေး၊အထက်တန်းကျောင်းများ၊ပြည်သူ့ရဲတပ်ဖွဲ့စခန်း၊မီးသတ်တပ်ဖွဲ့စခန်း၊တိုက်နယ်ဆေးရုံ၊ကျန်းမာရေးဌာန
 
၂၅ ကုတင်ဆံ့ တပ်မတော်ဆေးရုံ၊ဆက်သွယ်ရေးအိတ်ချိန်းရုံးနှင့်စာတိုက်လုပ်ငန်းများ၊ပုဂ္ဂလိက အထူးကုဆေးခန်းများ၊မိုတယ်နှင့်တည်ခိုခန်းများ၊ပုဂ္ဂလိကဘဏ်များစသည်တို့ဖြင့် မြို့အင်္ဂါရပ်နှင့် လျော်ညီစွာ
 
တစ်စထက် တစ်စ တိုးတက်လျက်ရှိပါတော့သည်။
 
<nowiki>#</nowiki>ကိုးကား
 
ဝီကီပီဒီးယား၊
 
မြန်မာ့စွယ်စုံကျမ်း၊
 
မူရင်းတင်သူများ၊
 
ရှေ့မှီနောက်မှီ လူကြီးများ၏ ပြောကြားချက်များ၊မြို့အုပ်ရေးမှူးရုံး၏ မြို့မှတ်တမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လူမှုကွန်ယက်တွင်တင်ပြထားမှုများ၊ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်၏ ဥသျှစ်ပင်မြို့နှင့်ဆိုင်သောလွှတ်တော်မေးခွန်းနှင့်အဖြေများ။
 
<nowiki>#</nowiki>ရည်ရွယ်ချက်
 
မိမိတို့ မွေးရပ်မြေ၏ အချက်အလက်များ ပိုမိုသိရှိကြစေရန်၊မှတ်တမ်းတစ်ခုအဖြစ် တစ်စုတစ်စည်းတည်း ထားရှိနိုင်ရန် နှင့် မြို့မှတ်တမ်းကို နှစ်အလိုက်ထပ်မံဖြည့်စွက်သွားမည်ဖြစ်ပါသည်။
 
လိုအပ်ချက်များ အသစ်ဖော်ပြလိုသည်များ ဖြည့်ဆည်းပေးခြင်းများအား
 
ဝမ်းမြောက်စွာ ကြိုဆိုပါသည်။
 
၂၃၊ဧပြီလ၊၂၀၁၉တွင်
 
ဤစာစုအား မြို့ခံ
 
ဦးသျှိုင်းသူရ မှ ပထမဆုံးအကြိမ်အဖြစ်  မှီငြမ်းကိုးကား၍ ပြန်လည်စုစည်း ပြုစု တင်ပြသည်။
 
== ကိုးကား ==