ဗိဿနိုးမြို့ဟောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဓါပုံများထည့်သွင်းခြင်း
No edit summary
စာကြောင်း ၈ -
 
==သမိုင်း အထောက်အထား==
ဗိဿနိုးမြို့ သမိုင်းဟူ၍ သီးခြားမတွေ့ရသော်လည်း တောင်တွင်းကြီး သမိုင်း၏ ရှေ့ပိုင်းတွင်ကား ဗိဿနိုးမြို့အကြောင်းကို အကျယ်တဝင့် ဖော်ပြထားသည်ကို ဖတ်ရှုနိုင်သည်။ ထိုသမိုင်း၏ အဆိုအရ [[မဟာသမ္ဘဝ]]နှင့် [[စူဋ္ဌာသမ္ဘဝ]] မင်းသားနှစ်ပါးတို့ကို စက္ခုအလင်းရအောင် ကုစားပေးသော [[စန္ဒမုခိဘီလူးမ]]တွင် လက်ကို ကိုင်တွယ်ခြင်း အစွန်းအညိကြောင့် ပဋိသန္ဓေတည်ရှိခဲ့ရာ တောင်တွင်းကြီးမြို့ အနောက်ဖက် ၅ တိုင်ကွာသော တောအရပ်တွင် သားမိန်းမတစ်ယောက် ဖွားမြင်သည်ဟု ဆိုသည်။ ထိုသမီးငယ်ကို ရသေ့တစ်ပါးက မွေးစားထား၍ ကြီးပြင်းလာသောအခါတွင် ထိုတောအရပ်၌ နေ့သည့် ဗိဿနိုးနတ်မင်းက ရှေးဘဝ၌ မောင်နှမတော်သဖြင့် ပန်ထွာပြည် ဗိဿနိုးမြို့ကို ဖန်ဆင်း၍ အမျိုးသမီးအား အပ်နှင်းလေသည်။ [[ပန်ထွာဘုရင်မ|ပန်ထွာမင်းသမီး]] စိုးစံသော ဗိဿနိုးမြို့ကို [[သရေခေတ္တရာ|သရေခေတ္တရာမြို့]]က အုပ်စိုးသည့် [[ဒွတ္တပေါင်|ဒွတ္တပေါင်မင်းကြီး]]က ဥပါယ်တံမျဉ်ဖြင့် ကြံစည်၍ မင်းသမီးကိုပါ ခေါ်ဆောင်သွားကြောင်း ဖော်ပြပါရှိသည်။
 
သရေခေတ္တရာမြို့တွင် [[ဗိဿနိုးမိဖုရားသင်္ချိုင်း]]နေရာ တည်ရှိခြင်း၊ မြို့ဟောင်း နှစ်ရပ်လုံးတွင် မြို့ရိုး၊ ပြအိုး အပြိုအပျက်တို့ကို ဒိဋ္ဌတွေ့မြင်နိုင်ခြင်းတို့ကို ထောက်လျှင် တချိန်တစ်ခါက ဤမြို့နှစ်မြို့သည် အပြိုင်အဆိုင် ထွန်းကားခဲ့သည်ဟု ယူဆရသည်။ သရေခေတ္တရာမြို့၌ မှီတင်းနေထိုင်ကြသူများအနက် [[ပျူလူမျိုး]]တို့ ပါဝင်ကြောင်းနှင့် ထိုပျူလူမျိုးများ၏ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းတွင် အဓိက အချက်များမှာ လူများသေဆုံးပြီးနောက်တွင် မီးသင်္ဂြိုဟ်၍ အရိုးနှင့်ပြာများကို မြေအရိုးအိုးတို့တွင် ထည့်သွင်းမြှုပ်နှံခြင်းနှင့် ပျူဒင်္ဂါးဟု ယခုခေါ်စမှတ်ပြုသည့် အမှတ်လက္ခဏာများ ပါရှိသည့် ငွေပြားဝိုင်းကလေးများကို အသုံးပြုခြင်းကို အထောက်အထား ခိုင်လုံစွာ လေ့လာသိရှိပြီး ဖြစ်သည်။