အင်းဝမြို့: တည်းဖြတ်မှု မူကွဲများ

add link
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥ် +ဉ်)
စာကြောင်း ၇၁ -
 
===ဒုတိယအင်းဝ===
ညောင်ရမ်းမင်းဆက်ကို တည်ထောင်သူရှင်သစ္စာ([[ညောင်ရမ်းမင်းတရားကြီး|ညောင်ရမ်းမင်း]])၁၆၀၀-တွင်အင်းဝကို သိမ်းပိုက်မင်းပြုရာမှအင်းဝမှာမင်းနေပြည်တော်​အ​ဖြစ်ပြန်လည်သတ်မှတ်ခံခဲ့ရသည်။သို့ရာတွင်ညောင်ရမ်းမင်းဆက်မှအနောက်ဖက်လွန်မင်း(ညောင်ရမ်းမင်း၏သားတော်ကြီး​သခင်လတ်)လက်ထက်တွင် အောက်ပြည်အရပ်ကို သိမ်းသွင်းရန်နန်းသက် တစ်လျှောက်လုံးနီးပါးမျှဟံသာဝတီတွင်နန်းစိုက်နေခဲ့ရသည်။သာလွန်မင်း(၁၆၂၈-၁၆၄၈)လက်ထက်ရောက်မှအင်းဝသည် မင်းနေပြည်တော်အဖြစ် ပြန်လည်ရောက်ရှိလာရသည်။ညောင်ရမ်းမင်းဆက် နောက်ဆုံးအချိန်များတွင် မင်းများညံ့ဖျင်းသည်ကြောင့်၎င်း၊ရာသီဥတု ဖောက်ပြန်သည်ကြောင့်၎င်း တိုင်းပြည်အနှံ့မငြိမ်မသက်​​ဖြစ်ကာမဟာဓမ္မရာဇာဓိပတိလက်ထက်တွင် ဟံသာဝတီမှမွန်တို့က သမိန်ထောဗုဒ္ဓကိတ္တိကို မင်းမြှောက်ပြီးပုန်ကန်ကြလေသည်။အင်းဝမှ မနှိမ်နင်းနိုင်ပဲရှိစဥ်မနှိမ်နင်းနိုင်ပဲရှိစဉ် သမိန်ထောဗုဒ္ဓကိတ္တိကို သူ့၏ယောက္ခမတော်သူ ဆင်ဝန်ဦးအောင်လှက တေဇာထဲသို့လိုက်​ခါ်သည်ကိုပုန်ကန်သည်ဟုထင်​ပြီး ထွက်ပြေးသဖြင့် ဇင်းမယ်ရှမ်းလူမျိုးဖြစ်သူဦးအောင်လှမှ ဗြညားဓိရာဇာဘွဲ့ခံပြီးညီတော်ကိုအိမ်ရှေ့အရာထားကာ ဟံသာဝတီကိုမင်းပြုလေသည်။၁၇၅၁-တွင်မွန်ဘုရင်ဗညားဒလသည် အင်းဝကိုတိုက်ခိုက်သိမ်းပိုက်ကာ ဘုရင်မဟာဓမ္မရာဇာဓိပတိကိုမိဖုရား၊သား၊သမီး၊ဆွေမျိုးတို့နှင့်တကွ ဟံသာဝတီသို့ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် အင်းဝထီးနန်းပျက်လေသည်။မွန်စစ်သူကြီး တလပန်းကိုစစ်သည်လေးသောင်းဖြင့် အင်းဝတွင်အစောင့်ထားခဲ့ကာ မြန်မာပြည်အောက်ပိုင်းကိုထိပါးလာသော ယိုးဒယားတို့ကိုရင်ဆိုင်တိုက်ခိုက်ရန်အတွက် ဗညားဒလ ဟံသာဝတီသို့ပြန်လေသည်။နောက်ပိုင်းတွင် ဟံသာဝတီရှိဗမာတို့က ကယ်တင်မည်ကိုးစိုးရိမ်သလို၊ဗေဒင်ဝါသနာရှင် မဟာဓမ္မရာဇာဓိပတိ၏ ခေါင်းပိုင်းပုပ်ပြီးသေနေသောငါး၏အမြှီးပိုင်းတဖြတ်ဖြတ်လှုပ်ခတ်ခြင်းကိုဘမြင်တွေ့ပြီးနမိတ်ဖတ်သော စကားတို့ကိုမကြိုက်သဖြင့်`အစ်ကိုတော်မင်းမြတ် နတ်ပြည်သို့သွား၍မင်းပြုလေတော့`ဟု ဆိုကာ၊မင်း၊မိဖုရားနှင့်သားသမီးဆွေမျိုးအပေါင်းအပါတို့ကို ရေချကွပ်မျက်သဖြင့် အင်းဝမင်းဆက်ပျက်လေသည်။အောက်အရပ်မှ ယိုးဒယားတို့နှင့်ရင်ဆိုင်တိုက်ခိုက်နေရသော မွန်ဘုရင်သည် ထိုင်းနှင့်ဖြစ်သောစစ်အတွက် အင်းဝတွင်ထားသောစစ်သူကြီးတလပန်းကို ဟံသာဝတီသို့ပြန်ခေါ်ခဲ့သဖြင့် မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျအနေဖြင့် အလွန့်အလွန်အဖိုးထိုက်တန်သော လူသူ၊လက်နက်ရိက္ခာနှင့်ပတ်ဝန်းကျင်မြို့ရွာများကိုစုစည်းစည်းရုံးပြီး၊စစ်အင်အားကြီးမားလာအောင် အချိန်ယူပြီးပြင်ဆင်နိုင်ခွင့်ရရှိခဲ့ပြီး တကယ်တမ်းလည်းအကျိုးရှိအောင်လူသူလက်နက်ရိက္ခာပြည့်စုံအောင်စည်းရုံးနိုင်ခဲ့သောကြောင့် အချိန်လွန်မှအင်အားအလုံးအရင်းနှင့် လာတိုက်ခဲ့သောမွန်တို့ကို အထက်မြန်မာပြည်တွင်တွန်းလှန်နိုင်ခဲ့ပြီး၊အင်အားကောင်းသထက်ကောင်းလာကာ နောက်ဆုံးတွင် ဟံသာဝတီနေ့ပည်တော်ပဲခူးမြို့ကိုပါ ၁၇၅၇ တွင်သိမ်းပိုက်ဖျက်ဆီးခဲ့ပြီး တတိယမြန်မာနိုင်ငံတော်ကြီးကိုကုန်းဘောင်မင်းဆက်တည်ထောင်သူအလောင်းဘုရားမှ ဦးဆောင်စုစည်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။ မွန်ဘုရင်ဗညားဒလအနေဖြင့် အချိန်တစ်နှစ်ခန့်ကို အကျိုးရှိရှိသုံးပြီး၊အင်းဝတွင်စစ်အင်အားအလုံးအရင်းဖြင့်ရှိနေသော မွန်စစ်သူကြီတလပန်းကိုသာ မုဆိုးဖိုရွာကိုတိုက်ခိုက်နှိမ်နင်းပြီး အင်အားကိုချိုးနှိမ်ထားနိုင်ပါက တတိယမြန်မာနိုင်ငံ၏သမိုင်းကြောင်းမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါသည်။
 
===တတိယအင်းဝ===