ဗြဟ္မဇာလသုတ် မဟာသီလခန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဗြဟ္မဇာလသုတ် မိစ္ဆာဒိဋ္ဌိပြခန်းကို ဆက်စပ်စာမျက်နှာအဖြစ်ထည့်။
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-စီးပွါး +စီးပွား)
စာကြောင်း ၁ -
[[ဗြဟ္မဇာလသုတ်]] မဟာသီလခန်း၌ ပုထုဇဉ်တစ်ယောက်သည် ဘုရား၏ဂုဏ်ကို အထွဋ်အမြတ်ဖြစ်သော သီလစောင့်ထိန်းမှု ဆိုင်ရာ ဂုဏ်အင်္ဂါများဖြင့် ချီးမွမ်းပြောဆို နိုင်သည်ကို အကျယ်ရှင်းပြထားသည်။ မြတ်စွာဘုရားသည် နတ်ရွာနိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်နှင့် ဆန့်ကျင်ဘက်ဖြစ်သော နိမိတ် လက္ခဏာကျမ်းများဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ လောကီအကျိုးစီးပွါးတိုးတက်ရန်အတွက်ပြုသောလောကီအကျိုးစီးပွားတိုးတက်ရန်အတွက်ပြုသော ပူဇော်ပသမှုအမျိုးမျိုးဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ လောကီအကျိုးစီးပွါးဆိုင်ရာလောကီအကျိုးစီးပွားဆိုင်ရာ အတတ်အမျိုးမျိုးဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ ကျောက်မျက် အသုံးအဆောင် လူ တိရစ္ဆာန်အမျိုးမျိုး တို့၏ အကောင်းအဆိုးလက္ခဏာတို့ကို ဟောပြောခြင်းဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ ပြည်ထောင်မင်းတို့၏ စစ်မှုရေးရာများကို ရှေ့ဖြစ်ဟောပြောခြင်းဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ နေ လ နက္ခတ်တာရာ တို့ကိုလေ့လာကာ ရှေ့ဖြစ်ဟောပြောခြင်းဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ ရှေ့ဖြစ်ဟောအတတ် အတွက်အချက်အတတ် ကဗျာလင်္ကာအတတ်တို့ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ လက်ထပ်ထိမ်းမြားခြင်း ဥစ္စာဓနစုဆောင်းခြင်း အစရှိသည့် အိမ်ယာထောင်မှုဆိုင်ရာကိစ္စများကို စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ မန္တန်စုတ်ခြင်း နတ်မေးခြင်း နတ်ပင့်ခြင်း အစရှိသည့်အတတ်တို့ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ ဗလိနတ်စာကျွေးခြင်း လောကီအစီအရင်များစီရင်ခြင်း ဆေးဝါးကုသခြင်း အစရှိသည့်အတတ်တို့ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်တော်မူခြင်း အစရှိသော အထွဋ်အမြတ်ဖြစ်သော သီလစောင့်ထိန်းမှု ဆိုင်ရာ ဂုဏ်အင်္ဂါများဖြင့် ပြည့်စုံကြောင်း ကို ဤမဟာသီလခန်း၌ ဖေါ်ပြထားသည်။
 
==[[ဗြဟ္မဇာလသုတ်]] မဟာသီလခန်း ပါဠိနှင့် မြန်မာပြန်==