ကော့ပငန်းကျွန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့: အလွတ်ဖြစ်နေသော ကိုးကားချက်များကို မထပ်နေစေရန် ကိုးကားအမည်များ ထည့်ခြင်း။ FAQ ကိုကြည့်ပါ။
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥ် +ဉ်)
စာကြောင်း ၆၂ -
 
ကော့ပငန်းကျွန်းအမည်မှာ ထိုင်းတောင်ပိုင်းသုံး စကားလုံးဖြစ်သည့် ငန်း မှ ဆင်းသက်လာပြီး "သဲတန်း"ဟူ၍ အဓိပ္ပာယ်ရသည်။ ၎င်းကျွန်းပေါ်တွင် သဲသောင်တန်းများစွာရှိသည်။ ထိုင်းဘုရင်များ၏ အကြိုက်ဆုံးဒေသဖြစ်ခဲ့သည်မှာ ကြာမြင့်ပြီးဖြစ်သည်။ ဥပမာအနေ
ဖြင့် ရာမ ၅ သို့မဟုတ် ချူလာလောင်ကွန်းမင်း၏ နန်းသက်တလျှောက်တွင် ကော့ပငန်းကျွန်းသို့ ၁၄ကြိမ်တိုင်အောင်လည်ပတ်ခဲ့ဖူးသည်။ ‌၁၉၇၇ခုနှစ် ကော့စမွေကျွန်းတွင် တွေ့ရှိရသည့် ဒေါင်ဆန်ယဥ်ကျေးမှုအမွေဖြစ်သည့်ဒေါင်ဆန်ယဉ်ကျေးမှုအမွေဖြစ်သည့် ကြေးစည်သည် ကော့စမွေ၊ ကော့ပငန်းကျွန်းများနှင့်အချား ကျွန်းများတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ခန့်ကတည်းက လူများနေထိုင်ခဲ့သည်ဆိုသည့် ခိုင်မာသော သက်သေအထောက်အထားများပင်ဖြစ်သည်။ မလေးရှားကျွန်ဆွယ်မှ လှေများဖြင့် ခရီးထွက်လာသည့် ပင်လယ်ပျော်များ(Semung, and Proto-Malay)သည် ကော့ပငန်းကျွန်းတွင် စတင်နေထိုင်ခဲ့သည် ပထမဆုံးသောလူအဖွဲ့အစည်းဖြစ်သည်ဟူ၍ သမိုင်းပညာရှင်အချို့နှင့်ရှေးဟောင်းသုတေသီများ ယုံကြည်ကြသည်။ လွန်ခဲ့သည့်ရာစုနှစ်အတွင်း ကျွန်း၏ လူဦး ရေသည်တဖြည်းဖြည်းတိုးများလာခဲ့သည်။ နောက်ပိုင်းတွင်သံဖြူတူးဖော်ခြင်းသည်စီးပွားရေး၏တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များတွင်သတ္ထုတူးဖော်ခြင်းလုပ်ငန်းသည်ယိုယွင်းပျက်စီးခဲ့ပြီးနောက်ဆုံးတွင်အဆုံးသတ်ခဲ့သည်။ ထို့နောက်ဆယ်စုနှစ်အတွင်း ခရီးသွားလုပ်ငန်းအား ပြောင်းလဲလုပ်ကိုင်လာခဲ့ကြသည်။ ယခုအခါ ကျွန်းသည်ကမ္ဘာလှည့်ခရီးသည်များအတွက်အဓိကနေရာဖြစ်သည်။ ဒေသဆိုင်ရာစီးပွားရေးအတွက်ငါးဖမ်းခြင်းနှင့်အုန်းသီးစိုက်ပျိုးခြင်းသည်လည်း အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။
ကျွန်း၏မြေမျက်နှာသွင်ပြင်ကြောင့် နေထိုင်သူများသည် ကမ်းရိုးတန်းတလျှောက်နေထိုင်ကြသည်။ ယေဘူယျအားဖြင့် ကျွန်းပေါ်ရှိ တောင်များအတွင်းသို့ လူများအပေါက်ရောက်နိုင်ချေ။ ကျွန်း၏တဝက်ခန့်အား အမျိုးသားဥယျာဥ်အဖြစ်အမျိုးသားဥယျာဉ်အဖြစ် ထားရှိပြီး ကော့ပငန်း၏ ၈၀ကီလိုမီတာစကွဲအထက်သည် မပျက်စီးသေးသည့် သစ်တောကြီးများနှင့် မတူကွဲပြားသည့် အပင်နှင့် သတ္တဝါများပေါက်ရောက်နေထိုင်ကြသည်။ ၎င်းကျွန်းအား နတ်ကြီးသောကျွန်းတစ်ကျွန်းအဖြစ်လည်း မှတ်ယူကြပြီး ကျွန်‌းပေါ်တွင် ဗုဒ္ဓဘုရားကျောင်းများ၊ ကျန်းမာရေးဆိုင်ရာနေရာများ၊ရေပူစမ်းများ နှင့် တရားစခန်းများအားလည်းတွေ့ရသည်။
 
==ကိုးကား==