တစ်စီးရှင် သီဟသူ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၄၃ -
 
[[ပင်းယ]]တွင် မြို့မတည်မီ [[အင်းဝ]]နေရာတွင် မြို့တည်ရန် သုံးကြိမ်တိုင်တိုင် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ပင်းယတည်ပြီးနောက် သုံးနှစ်အကြာတွင် သားတော်တစ်ပါးဖြစ်သည့် [[အသင်္ခယာ စောယွန်း]]ကို [[စစ်ကိုင်းမြို့]]တည်ပေးပြီး မင်းအဖြစ်အုပ်ချုပ်စေသည်။ သီဟသူလွန်လျှင် သားဖြစ်သူ [[ဥဇနာ (ပင်းယ)|ဥဇနာ]]က ပင်းယနန်းကို ဆက်ခံသည်။
 
== ဆင်ဖြူရှင် ခံခြင်း ==
သက္ကရာဇ် ၆၇၆ ခုတွင် စမုန်မြစ်တွင် ဆင်ဖြူသေမျောလာရာ ငမွဲဥယျာဉ်၌ ဆယ်ထား၍ ပညာရှိတို့နှင့်တိုင်ပင်ကာ ညှပ်လုပ်၍ ရတနာကတင်ပြီး ဆင်ဖြူရှင် ခံသည်။ သို့ဖြင့် '''တစီးရှင်''' တွင်၏။ <ref>မှန်နန်း မဟာရာဇဝင်</ref>
 
== ကြင်ဘက်များ ==
 
=== တောင်နန်းမိဘုရား ဘွားစော ===
နရသီဟပတေ့၏ မိဘုရားငယ်တွင် မြင်သော မိစောဦးကို ဘွားစောအမည်နှင့် ကျော်စွာ မိဘုရားမြှောက်သည်။ ကျော်စွာ နန်းကျသည့်နောက် ထိုအမည်နှင့်ပင် မိဘုရားအရာ ဆက်ထားသည်။ မြင်သည့် သား ၃ ယောက်မှာ -
 
# ဥစ္စနာ (ဥဇနာဟု အတိုရေးလေ့ရှိ) (ကျော်စွာနှင့်ရကာ ပဋိသန္ဓေ ၃-လပါလာကာ မြင်သည့် မယားပါသား)
# ကျော်စွာ
# နော်ရထာ
 
=== မြောက်နန်းမိဘုရား ရတနာပုံ ===
လင်းယဉ်ရွာနေ သားတယောက်အမေ မုဆိုးမကို ပင်လယ်၌တွေ့စဉ် မိဘုရားမြှောက်သည်။ သမီး စောပုလဲကို မြင်မှ ရတနာပုံအမည်နှင့် မြောက်နန်းတင်သည်။ သားသမီး ၃ ယောက်မှာ -
 
# တရဖျား (မယားပါသား)
# အသင်္ခယာ (အမည်ရင်း စောယွမ်း)
# စောပုလဲ
 
== ကိုးကား ==