သခင်မြ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၁၈ -
[[ဂျပန်ခေတ်]]တွင် လွတ်လပ်ရေးပြင်ဆင်မှုအဖွဲ့ဝင်၊ ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီး အဖြစ်လည်းကောင်း၊ ဒုဝန်ကြီးချုပ်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့လေသည်။ ဂျပန်တို့၏ ဖိနှိပ်ရက်စက်မှုကို တွန်းလှန်ရန် ၁၉၄၄ ခုနှစ်တွင် [[ဖဆပလ]] အဖွဲ့ချုပ်ကြီးကို လျို့ဝှက်စွာ တည်ထောင်ခဲ့ရာ [[ပြည်သူ့အရေးတော်ပုံပါတီ]] (နောင် ဆိုရှယ်လစ်ပါတီ) လည်းပါဝင်ခဲ့ရာ သခင်မြသည် ထိုပါတီ၏ ခေါင်းဆောင်ဖြစ်သည်။ ဂျပန်တော်လှန်ရေး ပြီးသည့် နောက်တွင် ဖဆပလအဖွဲ့ချုပ်ကြီးတွင် ပါဝင်ဆောင်ရွက်ပြီး [[မြန်မာနိုင်ငံ]] [[ဆိုရှယ်လစ်ပါတီ]] တည်ထောင်သောအခါ ဥက္ကဋ္ဌဖြစ်လာသည်။
 
ဖဆပလအစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအဖြစ်လည်းကောင်း၊ နောင် ဘဏ္ဍာရေးဝန်ကြီး အဖြစ်လည်းကောင်း ဆောင်ရွက်ရလေသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် [[အင်္ဂလိပ်]]အစိုးရက ဖိတ်ခေါ်ဆွေးနွေးသောအခါ ဗြိတိန်နိုင်ငံသို့ ဗိုလ်ချုပ်နှင့်အတူ ကိုယ်စားလှယ်တော် တစ်ဦးအနေနှင့် လိုက်ပါခဲ့ရသည်။ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အင်္ဂလန်သို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် သွားရောက်ခဲ့သူဖြစ်သည်။ သခင်မြသည် ရိုးဖြောင့်ခြင်းဂုဏ်နှင့် ပြည့်စုံပြီး ကိုယ်ကျိုးမငဲ့ ဆောင်ရွက်ခဲ့ပုံများကို လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် အကြိမ်ကြိမ်တွေ့မြင်ကြရသည်။
 
[[သာယာဝတီခရိုင်]] [[အုတ်ဖိုမြို့]] ဦးဘကျော်၏ သမီး ဒေါ်ခင်ညွန့်နှင့် လက်ထပ် ထိမ်းမြားခဲ့ပြီး သားသမီးမထွန်းကားခဲ့ချေ။