ရုပ်ရှင်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၈ -
ရုပ်ရှင်ရိုက်ကူးရာ၌ ပေ(၁၀၀) မှ ပေ(၁၀၀၀)အထိရှည်သော ဖလင်ကော်ပြားများကို အသုံးပြုကြသည်။ သတင်းကား၊ မော်ကွန်းတင်ကားနှင့် ပညာပေးကားများ ရိုက်ကူးရာ၌ များသောအားဖြင့် ကင်မရာအသေးနှင့် ပေ(၁၀၀)ပေ(၂၀၀)ပေ(၄၀၀) အသီးသီးရှည်သော ဖလင်ကို အသုံးပြုရိုက်ကူးတတ်ကြပြီးလျှင် ဇာတ်ထုပ်ကိုမူ ပေ(၄၀၀)နှင့် ပေ(၁၀၀၀)အထိရှည်သော ဖလင်ကို အသုံးပြု၍ ကင်မရာအကြီးနှင့် ရိုက်ကူးကြသည်။
 
ဖလင်ကော်ပြားသည် အသံထွက်ရုပ်ရှင်အတွက် ပေ(၁၀၀၀) ဖလင်လိပ်သည် အသင့်လျော်ဆုံးဖြစ်သည်။ များသောအားဖြင့် အကျယ် ၁၃/၈ လက်မ(၃၅-မီလီမီတာ)ရှိသည်။ အသံတိတ်ရုပ်ရှင် ရိုက်သောအခါ အကျယ် ၁လက်မ၊ အမြင့် ၃/၄လက်မအထိ ပုံတူရိုက်ယူနိုင်သည်။ အသံထွက်ရုပ်ရှင်ရိုက်ကူးသော အခါ ဖလင်၏ အနားတစ်လျှောက်၌အနားတလျှောက်၌ အသံအတွက် နေရာထားရသဖြင့် ဖလင်၏ အကျယ် ဆယ်ပုံတစ်ပုံကို လျော့၍ ပုံတူရိုက်ယူရသည်။ ဖလင်ကော်ပြား အနားနှစ်ဖက်တွင် လေးထောင့် အပေါက်ကလေးများ ပါရှိသည်။ အပေါက်ကလေး လေးပေါက် တစ်နေရာသည် ရိုက်ကွက်တစ်ကွက်စာ ဖြစ်၍ တစ်ပေလျှင် ရိုက်ကွက်(သို့) ပုံ(၁၆) ပုံ ရိုက်နိုင်သည်။
 
=== ရုပ်ရှင်ရိုက်စက် ===