သင်္ဘော: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃၃ -
ဖိုနီးရှန်းလူမျိုး နှင့် ဂရိလူမျိုးတို့သည် ပင်လယ်တွင်း၌ ထရိုင်ရင်းမ် (triremes) ခေါ်သော ရွက်နှင့် လှော်ခတ်သူ နှစ်မျိုးစလုံးပါသည့် လှေများကို သုံး၍ ရေကြောင်းသွားလာခြင်းတွင် တဖြည်းဖြည်း ကျွမ်းကျင်လာကြပြီး မြေထဲပင်လယ်ဒေသတွင် သင်္ဘောသုံး၍ စူးစမ်းရှာဖွေခြင်း နှင့် ကိုလိုနီနယ်ချဲ့ခြင်း တို့ကို ပြုလုပ်လာကြသည်။ ဘီစီ ၃၄၀ ခန့်တွင် ဂရိ ရေကြောင်းသွားလာသူ မာဆာလီးယားမှ ပိုင်သီးယာစ်သည် ဂရိမှနေ၍ အနောက်ဥရောပ နှင့် ဂရိတ်ဗြိတိန်တို့သို့ စွန့်စားသွားရောက်ခဲ့သည်။
 
သံလိုက်အိမ်မြှောင်ကို အသုံးမပြုမီအချိန်က ကောင်းကင်ကိုကြည့်၍ သွားလာခြင်းသည်သာ ပင်လယ်ရေကြောင်းသွားလာရေးအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ တရုတ်ပြည်တွင် သံလိုက်အိမ်မြှောင်၏ အစောပိုင်း ပုံစံကို တီထွင်ပြုလုပ်ခဲ့ကြပြီး ၁၀၄၀ ခုနှစ် နှ၍့်မှ ၁⁠၁၁၇ ခုနှစ်အတွင်း ရေကြောင်းသွားလာရေးတွင် အသုံးပြုခဲ့ကြသည်။ ရေကြောင်းသွားသူတို့သုံးသော ခြောက်သွေ့နေသော သေတ္တာထဲတွင် လည်ပတ်နေသော အပ်ထည့်ထားသည့် သံလိုက်အိမ်မြှောင် ကို ဥရောပတွင် ၁၃၀၀ ခုနှစ် မတိုင်မီတွင် တီထွင်ခဲ့ကြသည်။
 
=== ယဉ်ကျေးမှု ပြန်လည်ဆန်းသစ်လာသောခေတ် တလျှောက် ===