ရန္တပိုစာချုပ်: တည်းဖြတ်မှု မူကွဲများ

ဗန့်ကျီ ဝန်မင်းလှသီဟသူ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
ဗန့်ကျီ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃၆ -
သို့သော် ဗြိတိသျှတို့က စစ်နှစ်ဖက်ညှပ်ကာ ခဲယမ်းမီးကျောက်တို့ကို သုံး၍ တိုက်ခိုက်မှုကြောင့် ပြည်မြို့မှ မြန်မာတပ်များ ဆုတ်ခွာ၍ ဝက်ထီးကန်အရပ်မှ ခုခံကြပြန်သည်။ ဝက်ထီးကန်သို့ ချီတက် တိုက်ခိုက်သော ကာနယ်မက်ဒူးဝေါ (Col.Mc Dowall) ၏ ဗြိတိသျှတပ်များသည် အထိနာလှ၏။ ဤတိုက်ပွဲ၌ ဗိုလ်မှူးကြီး မက်ဒူးဝေါ အပါအဝင် အင်္ဂလိပ်အရာရှိ ငါးယောက်နှင့်တကွ အင်္ဂလိပ်စစ်သား အမြောက်အမြား၊ ကုလားစစ်ဗာရီ အမြောက်အမြား ကျဆုံးလေသည်။ ဗြိတိသျှတို့ မခံမရပ်နိုင်တော့ဘဲ ပြည်မြို့သို့ ပြန်လည်ဆုတ်ခွာကြရသည်။ သို့သော် များမကြာမီကပင် အင်အားအလုံးအရင်းဖြင့် ပြန်လည်၍ ဗြိတိသျှတို့က တိုက်ခိုက်သောအခါ မြန်မာတပ်များ ဆုတ်ရလေ၏။
ပြည်မြို့နှင့် ဝက်ထီးကန် ကျသွားပြီးနောက် မြန်မာ့တပ်မတော်သည် မြေထဲ မလွန်၊ ပုဂံ၊ ညောင်ဦး၊ ဆမိတ်ခုံ အစရှိသည့် မြို့ရွာများမှ ခုခံတိုက်ခိုက်နိုင်သမျှ တိုက်ခိုက်ရင်း အခြေအနေအရ အဆင့်ဆင့် ဆုတ်ခွာခဲ့ကြရာ နောက်ဆုံးတွင် ဗြိတိသျှတပ်များသည် ရန္တပိုရွာ အထိ ချီတက်နိုင်ခဲ့ကြလေသည်။ ထိုအခါ မြန်မာ့လွှတ်တော်သည် အခြေအနေအမှန်ကို သိလာသည့်အလျောက် စစ်ပြေငြိမ်းစကားဆိုရန် စစ်ကိုင်းမင်းအား တိုက်တွန်းလေတော့သည်။ ထို့ကြောင့် ယုဒသန် (Dr.Adoniram Judson) နှင့် ဒေါက်တာ ပရိုက် (Dr.Price) တို့ကို ဗြိတိသျှတပ်များ ရှိရာသို့ စေလွှတ်၍ စစ်ပြေငြိမ်းရေး အစီအစဉ်ကို ဆွေးနွေးစေသည်။
ဤသို့ဖြင့် မြန်မာအစိုးရက အာဏာကုန် လွဲအပ် အပ်နှင်းထားသော လယ်ကိုင်းမြို့စားဝန်ကြီး မင်းကြီးမဟာမင်းလှကျော်ထင်၊ ကျီဝန်ဗန့်ကျီဝန် အတွင်းဝန်မင်းကြီး မဟာမင်းလှသီဟသူရတို့သည် ဆာအာချီ ဘောကင်းဘဲလ် အပါအဝင် အခြားအင်္ဂလိပ်အရာရှိတို့နှင့် ရန ္တပိုရွာတွင် တွေ့ဆုံကာ နောင်တွင် ရန ္တပိုစာချုပ် ဟု ထင်ရှားသည့် စစ်ပြေငြိမ်းရေးစာချုပ်ကို ချုပ်ဆိုခဲ့လေသည်။ ဤစာအုပ်ဖြင့် အင်္ဂလိပ် – မြန်မာ ပထမစစ်ပွဲသည် ၁၈၂၆ ခုနှစ်တွင် ပြီးဆုံးသွားခဲ့လေသည်။
ရန္တပိုစာချုပ်၏ ပုရပိုက်ပါ မူရင်း အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည် -
(၁) ရန္တပိုရွာမှာ ၁၈၂၆ ခု၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ သက္ကရာဇ် ၁၁၈၇ ခု တပေါင်း လပြည့်ကျော် ၃ ရက်နေ့၊ ဘိလပ်အရေးပိုင် ဗိုလ်ချုပ်မင်းတို့နှင့် မြန်မာအရေးပိုင် ၊ လယ်ကိုင်းမြို့စား ဝန်ကြီးမင်း၊ ရွှေခွန်ဝန်၊ အတွင်းဝန်မင်းကြီးတို့သည် အချင်းချင်း စိတ်သဘောတူ၍ ပြောဆိုကြသည့် စကား။