အဲလ်ဗတ် ဖိုက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၂၂ -
 
ဖိုက်သည် မြန်မာနိုင်ငံမှ တစ်ဆင့် ဗြိတိသျှ-တရုတ် ရောင်းဝယ်ရေးဖြစ်မြောက်ရန် အလွန် စိတ်အား ထက်သန်သူ တစ်စုတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံမှ [[ရှန်ဟိုင်း]]သို့ မီးရထားလမ်း ဖောက်ရန် အထိပင် စိတ်အားသန်ခဲ့သည်။ သို့သော် ထိုစဉ်က အိန္ဒိယ ဘုရင်ခံချုပ် လော့မေယိုက ဖိုက်တို့၏ အကြံသည် တစ်ခေတ် စောလွန်း လှပါသေးသည်ဟု ဖိုက်ထံ အကြောင်းပြန်ကြား ခဲ့လေသည်။ ဖိုက်သည် ၁၈ရ၁ ခုနှစ်တွင် မဟာဝန်ရှင်တော် မင်းကြီးအဖြစ်မှ အငြိမ်းစားယူခဲ့သည်။ ဖိုက်သည် မြန်မာနိုင်ငံတွင် ၃၂ နှစ်မျှ နေထိုင်ခဲ့ဘူးသည်။ မြန်မာနိုင်ငံအကြောင်းနှင့် စပ်လျဉ်း၍ အတိတ်နှင့် ပစ္စုပ္ပန် မြန်မာနိုင်ငံ ဟူသော အတွဲနှစ်တွဲပါ ကျမ်းတစ်စောင်ပြုစုကာ ၁၈ရ၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ယင်းသည် သုတေသီတို့အတွက် အကိုးအကား ပြုရသော ကျမ်းစာတစ်စောင် ဖြစ်သည်။ ကိုယ်ရေး အတ္ထုပ္ပတ္တိ ရေးသားဟန်ဖြင့် ပြုစုထားသော်လည်း မြန်မာနိုင်ငံသမိုင်း၊ မြန်မာနိုင်ငံ ပထဝီဝင်တို့ကိုပါ ထည့်သွင်း ရေးသား မှတ်တမ်းတင်ထား ခဲ့လေသည်။ မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်မြို့ရှိ သမ္မတ အိမ်တော်ဝင်း၏ အနောက်ဘက်လမ်းမကြီးကို ယခင်က ဖိုက်အား အစွဲပြုလျက် ဖိုက်လမ်းဟု ခေါ်ဝေါ်ခဲ့ပေသည်။
 
{{ကိုလိုနီခေတ်}}