တရုတ်စံကား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂၁ -
တရုတ်စံကားပန်းပင်သည် အပင်ပုမျိုးဖြစ်သည်။ ပေ ၂ဝ ထက် မြင့်သော အပင်များကို တွေ့ရခဲသည်။ အများအားဖြင့် အစဉ်အပွင့်ပွင့်လျက်ရှိသော်လည်း၊ ဒီဇင်ဘာလမှ မိုးရာသီတိုင် အောင် အရွက်ကြွေတတ်သည်။ မကြီးသေးသော အပင်ငယ်တို့၌ သာ အရွက်မကြွေဘဲ စိုစိုပြည်ပြည်ရှိနေတတ်သောကြောင့် တစ်နှစ်ပတ်လုံး ရှုချင်စဖွယ်ရှိ၏။ အခေါက်မှာ မွဲပြာရောင်ဖြစ် ၍ ချောမွတ်သော်လည်း၊ အပွေးတက်လျက်ရှိသည်။ အကိုင်းများသည် အဖျားဖက်တွင် ရှူးမသွားဘဲ၊ တုံးတိတိရှိတတ်၏။ အကိုင်းများတွင် နို့နှစ် ရောင် အစေးထွက်သည့် အခေါက် ရှိသည်။ အကိုင်းများ အောက်ခြေမှစ၍ ဖြာထွက်သည်။ အရွက်များ အကိုင်းထိပ်တွင် စု၍ ပတ်လည်ထွက်သည်။ အလျား ၁ ပေ ခန့် ထိရှည်သည်။ ရွက်ပြားချောသည်။ ရွက်ရင်းသိမ်၍ ရွက်ထိပ်တွင် ချွန်သည်။ ရွက်နားညီသည်။ ရွက်ညှာ ရှည်၍ အလယ်တွင် မြောင်း တိမ် သို့မဟုတ် အစင်းကြောင်း ပါသည်။ အပွင့်ပွင့်သည့် အခက်များပင်လျှင် အဖျားဖက်တွင် တုံးတိတိရှိသည်။ အသားများလျက် တုတ်၍ဆတ်သော ပွင့်တံတွင် အပွင့်များသည် အခိုင်လိုက်စု၍ ပွင့်တတ်သည်။
 
အပွင့်မှာ အဖြူရောင်ဖြစ်၍၊ ပန်းပွင့်၏ အလယ်တွင် အဝါရောင်ရှိသည်။အချင်း ၂ လက်မ ခန့် ရှိသည်။ ပွင့်ချပ် ၅ ခုပါရှိသည်။ အနံ့ မွှေးကြိုင် သည် ။အလယ် တွင် အဝါနုရောင် ၊ အစိမ်းရောင် ၊ ပန်းရောင် ၊ အမွေးနု ကလေးများရှိသည် ။ ကဆုန်လ၊ နယုန်လ များတွင် ပွင့်သည်။ပွင့်ချပ်အောက်ခံတွင် ပန်းရောင်ထနေသည်ကို တစ်ခါတစ်ရံတွေ့ရတတ်သည်။တခါတရံတွေ့ရတတ်သည်။ ပွင့်ချပ်များသည် အောက်ခြေတွင် တချပ်နှင့်တချပ် ထပ်လျက်ရှိ၍ ဝက်အူလိမ်သကဲ့သို့ တစ်ဘက်သို့လိမ်လျက်ရှိ၏။ ဝတ်ဆံဖိုများကိုမူ မမြင်နိုင်ချေ။ အချို့အပင်တွင် အနီရောင်ဖက်သို့လုနေသော လိမ္မော်ရောင်အပွင့်များ ပွင့်တတ်သည်။ တရုတ်စံကားပန်းတွင် အလွန် မွှေးကြိုင်သော အနံ့ရှိသည်။ အသီးမှာ ဦးချိုပုံသဏ္ဍန်ရှိသော သီးတောင့်ဖြစ်သည်။ အလျား ၈ လက်မရှိသည်။ နှစ်ခုတွဲ သီးသည်။ တွဲလောင်းကျ နေသော အညှာတွင် အတွဲလိုက် သို့မဟုတ် အစုံလိုက်အသီးသီးသည်။ ဝါခေါင် ၊ တော်သလင်း တွင် သီးသည်။အိန္ဒိယနိုင်ငံတွင် တွေ့ရသော သီးတောင့်များ၌ အစေ့ကိုမတွေ့ရချေ။ မြန်မာနိုင်ငံ၌လည်း ယင်းအစေ့ကိုတွေ့ရခဲသည်။ တစ်ပေအထိရှည်သော အရွက်များသည် အကိုင်း၏ အစွန်းပတ်လည်တွင် အပြည့်ပေါက်တတ်သည်။ အရွက်မှာ ချေမွှတ်၍ အနံကျဉ်းသည်။ အရွက်များသည် ရွက်ဖျားဖက်ထက် ရွက်တံဖက်သို့ ပိုမို၍ရှူး၏။ ရွက်လယ်ကြောမှ ရွက်ကြောပြိုင်တို့သည် အလျားလိုက် ဖြာထွက်လျက်ရှိသည်။
 
== ဝေါဟာရရင်းမြစ်နှင့် ဒေသအခေါ်များ ==