သန်းဖေလေး: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၉ -
 
သန်းဖေလေးသည် ၁၉၅၂ ခုနှစ်၌ တယောကိုပါ ရေးသားသော ' မမြင်နိုင်တဲ့မီး ' သီချင်းဖြင့် ဝင်ဒါမီယာ ကရက်ဆင့် အသံလွှင့်ရုံမှ သီဆိုအသံလွှင့်ရင်း ဂီတလောကသို့ ရောက်ရှိသည်။' ရွှေမြိုင်ကြည် ' တူရိယာအဖွဲ့မှ တေးသီချင်းများ သီဆိုအသံလွှင့်ခဲ့ရာ ထိုအဖွဲ့၌ သူနှင့်အမည်တူ လူတစ်ယောက်ရှိနေသဖြင့် သန်းဖေလေးဟု အမည်ပြောင်းလိုက်ရာမှ သန်းဖေလေး အမည်ဖြင့် ဂီတလောကတွင် ထင်ရှားကျော်ကြားခဲ့သည်။
 
သန်းဖေလေးသည် ၁၉၅၃ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ် ဗဟိုမှတ်ပုံတင်ဌာန၌ အရပ်သားစာရေးအဖြစ် စတင်အမှုထမ်းသည်။၁၉၅၆ ခုနှစ်တွင် ဂီတစာဆို ဘိုကလေးမြင့်မောင် ၏ ''မေတ္တာဇာတ်လမ်း'' ၊မောင်လွမ်းပြေ ၏ ''အပေါင်းသင်္ချာ မင်းသမီး'' ၊ ''ညီမလေးရယ် စိုးရိမ်မိတယ်'' သီချင်းများဖြင့် အောင်မြင်ကျော်ကြားလာခဲ့သည်။၁၉၅၈ ခုနှစ်တွင် ကာကွယ်ရေးငွေစာရင်း ဝန်ရုံးမှ အင်းဝဘဏ်သို့ ပြောင်းရွေ့အမှုထမ်းသည်။တစ်ဖက်မှလည်း တေးသီချင်းများဆက်လက်သီဆိုအသံလွှင့်ခဲ့ရာ ''လေရူးမလေး မိမိမော်'' ၊ ''ငယ်ကချစ်တော့ မမေ့သာသည်'' ၊ ''ကြာလေလေ ဝေးမှာစိုးတယ်'' ၊ ''လောင်းရိပ်မိသော ပန်းကလေး'' သီချင်းများဖြင့် ပို၍ ထင်ရှားကျော်ကြားသည်။
 
==အနုပညာလမ်းခရီး==
သန်းဖေလေးသည် အဆုိတော် [[ကိုသန်းလှိုင်]]၊[[စန္ဒရားလှထွတ်]]တို့နှင့်အတူ တေးသီချင်းများ သီဆိုအသံလွှင့်ခဲ့သည်။' သီတဂူ တူရိယာအဖွဲ့ ' ကို [[ကိုသန်းလှိုင်]]နှင့်ပူးတွဲ၍ ဦးဆောင်ဖွဲ့စည်းသည်။ကိုယ်တိုင် သီဆိုအသံလွှင့်ခဲ့သော တေးသီချင်းအပုဒ် ၁၀၀ ခန့်​ရှိပြီး ကိုယ်တိုင်တေးသီချင်း အပုဒ် ၂၀ ခန့်ရေးသားခဲ့သည်။
 
သန်းဖေလေးသည် ၁၉၆၂ ခုနှစ်တွင် ဒါရိုက်တာ မင်းသား [[တင်ညွန့်]] ရ​ုိက်ကူးသော ''ရန်သူ့ကျော့ကွင်း'' ရုပ်ရှင်ဇာတ်ကား၌ မင်းသား [[ရွှေဘ]]၊မင်းသမီး [[သင်းသင်းလဲ့]] တို့နှင့်တွဲဖက်ကာ ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်သည်။''နောင်ဂျိန်ဖူးစာ'' ဇာတ်ကားတွင် မင်းသမီး [[ခင်သန်းနု]] နှင့်တွဲဖက်ကာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။''တတိယအရွယ်၏ ဒုတိယဝေဒနာ'' ၊ ''ပဲခူးဆား'' စသည်ဖြင့်ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်သရုပ်ဆောင်ခဲ့ရာ ၁၉၈၀ ပြည့်နှစ်ဝန်းကျင်တွင် ရုပ်ရှင်ဇာတ်ကားပေါင်း ၂၅၀ ခန့်ပါဝင်သရုပ်ဆောင်ခဲ့သည်။ကိုယ်တိုင် ပထမဆုံးဒါရိုက်တာအဖြစ် ' မရယ်ပါနဲ့လွမ်းနေတယ် ' ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့သည်။
 
သန်းဖေလေးသည် ခေတ်အဆက်ဆက် ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားမြောက်များစွာ၌ မင်းသား၏ညီအစ်ကိုအဖြစ်လည်းကောင်း၊သူငယ်ချင်းအဖြစ်လည်းကောင်း ဟာသနှင့်သဘာဝနေရာမှ လိုရာအားဖြည့်ပေးခဲ့သော အနုပညာရှင်တစ်ဦးအဖြစ် ကျွမ်းကျင်စွာပါဝင်သရုပ်ဆောင်ခဲ့သည်။
 
သန်းဖေလေးသည် ရုပ်ရှင်လောကတွင် ဟာသနှင့်သဘာဝ သရုပ်ဆောင်အဖြစ် နှစ်အတန်ကြာရပ်တည်နေစဥ်မှာပင် တေးသီချင်းများကိုလည်း ဆက်လက်သီဆိုထုတ်လွှင့်သည်။တစ်ခေတ်တစ်ခါက ကျော်ကြားခဲ့သော တေးသံရှင်[[မြကြီး၊ ဦး (အဆိုတော်)|ဦးမြကြီး]] သီဆိုခဲ့သည့် ''မခင်နှင်းဆီ'' ၊ ''မခင်နှင်းဆီရဲ့နှင်းဆီ'' ၊ ''မခင်နှင်းဆီရဲ့ဇာတ်သိမ်း'' ၊ ''မခင်နှင်းဆီသို့ပေးစာ'' သီချင်းများကို [[မြန်မာ့ရုပ်မြင်သံကြား]]မှ သီဆိုဖျော်ဖြေသည်။''ကျွန်တော်နှင့် ကိုမြကြီး'' ခေါင်းစဥ်ဖြင့် [[မြကြီး၊ ဦး (အဆိုတော်)|ဦးမြကြီး]]၏တေးသီချင်းများကို ပြန်လည်ဆန်းသစ်သီဆိုပြီး တေးစီးရီးခွေ ထုတ်လုပ်သည်။ဗီဒီယိုလောကတွင် ဗီဒီယိုဇာတ်ကားပေါင်း ၁၀၀ ခန့်ရိုက်ကူးခဲ့ရာတွင် ဒါရ​ိုက်တာ၊သရုပ်ဆောင် အဖြစ်ပါဝင်သည်။
 
==ဘဝနိဂုံး==
အဆုိတော်၊ရုပ်ရှင် နှင့် ဗီဒီယိုသရုပ်ဆောင်၊ဒါ​ရိုက်တာ​အဖြစ် နိုင်ငံအဝန်းထင်ရှားကျော်ကြားခဲ့သော သန်းဖေလေးသည် ၂၀၀၁ ခုနှစ်၊မတ်လ ၁၀ ရက်နေ့၌ ရန်ကုန်မြို့တွင် ကွယ်လွန်သည်။ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်နုနုရီနှင့် သားတစ်ယောက်၊သမီးတစ်ယောက် ကျန်ရစ်သည်။
 
==ကိုးကား==