နယ်သာလန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

→‎ယဉ်ကျေးမှု: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂၀၀ -
 
=== ကျန်းမာရေး ​စောင့်​​ရှောက်မှု ===
[[File:Anthonie van Leeuwenhoek (1632-1723). Natuurkundige te Delft Rijksmuseum SK-A-957.jpeg|thumb|Portrait of Antonie van Leeuwenhoek (1632–1723), known as "the father of microbiology"]]
[[File:Meander MC noordzijde 1.JPG|thumb|A public hospital in Amersfoort]]
 
၂၀၁၆ ခုနှစ်တွင် နယ်သာလန်နိုင်ငံသည် Euro health consumer index (EHCI)၏ နံပါတ် ၁ နေရာကို ဆက်လက်ရရှိခဲ့သည်။ ၎င်းညွှန်းကိန်းသည် ဥရောပရှိ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို လေ့လာခြင်းဖြစ်ပြီး အမြင့်ဆုံးအမှတ် ၁,၀၀၀ တွင် ၉၁၆ မှတ်ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် နယ်သာလန်နိုင်ငံသည် ၂၀၀၅ ခုနှစ်ကတည်းက ထုတ်ပြန်ခဲ့သော စစ်တမ်းတို့တွင် ထိပ်ဆုံးသုံးနိုင်ငံအနက် ပါဝင်ခဲ့ပါသည်။ တိုင်းတာစစ်ဆေးမှု ၄၈ မျိုးတွင် ပါဝင်သည့် လူနာအခွင့်အရေး၊ သတင်းအချက်အလက်၊ ကာကွယ်စောင့်ရှောက်မှုနှင့် အကျိုးရလာဒ်တို့တွင် နယ်သာလန်နိုင်ငံသည် ဥရောပ ၃၇ နိုင်ငံတွင် ထိပ်ဆုံးနိုင်ငံအဖြစ် ၆ နှစ်ဆက်တိုက် အသိအမှတ်ပြုခြင်းကို ခံထားရသည်။<ref>{{cite web|url=http://www.healthpowerhouse.com|title=Health Consumer Powerhouse|work=healthpowerhouse.com|accessdate=၂၃ ဇူလိုင် ၂၀၂၀}}</ref> ၂၀၀၉ ခုနှစ်တွင် ယူနိုက်တက်ကင်းဒမ်း၊ ဩစတေးလျ၊ ကနေဒါ၊ ဂျာမနီ၊ နယူးဇီလန်တို့နှင့် ကျန်း‌မာရေးစောင့်ရှောက်မှုနှင့်ပတ်သက်သော နှိုင်းယှဉ်လေ့လာမှုတစ်ရပ်တွင် ပထမနေရာတွင် ရှိနေခဲ့သည်။<ref>{{cite news| url=https://www.reuters.com/article/idUSTRE65M0SU20100623 | work=Reuters | title=U.S. scores dead last again in healthcare study | date=23 June 2010}}</ref><ref>{{cite web|url=http://content.healthaffairs.org/content/26/6/w717.full.pdf+html|archive-url=https://web.archive.org/web/20120110040524/http://content.healthaffairs.org/content/26/6/w717.full.pdf+html|url-status=dead|archive-date=10 January 2012|title=Toward Higher-Performance Health Systems: Adults' Health Care Experiences In Seven Countries, 2007}}</ref>
 
 
၂၀၀၆ ခုနှစ်တွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ ကြီးမားသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီးကတည်းကပင် ဒတ်ချ်တို့၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် နှစ်စဉ် ညွှန်းကိန်းများ၌ ပိုမိုများပြားသော အမှတ်များကို ရရှိခဲ့သည်။ HCP (Health Consumer Powerhouse) ၏ အဆိုအရ နယ်သာလန်နိုင်ငံတွင် 'ပရမ်းပတာဖြစ်သော စနစ်' ရှိပြီး ဆိုလိုသည်မှာ လူနာ၌ သူ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျန်းမာရေးအာမခံအား လွတ်လပ်စွာဝယ်ယူနိုင်မှု ကြီးမားစွာ ရရှိထားခြင်းဖြစ်သည်။ နယ်သာလန်နိုင်ငံနှင့် အခြားသောနိုင်ငံတို့နှင့် ကွာခြားချက်မှာ ထိုပရမ်းပတာဖြစ်မှု(လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်)ကို အစီအစဉ်တကျဖြစ်အောင် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်သော ဆုဲးဖြတ်ချက်များသည် လူနာနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူအကြား ပြောဆိုဆွေးနွေးမှုအတွင်းတွင် ပြုလုပ်နိုင်သည်။<ref>{{Cite web|url=https://healthpowerhouse.com/|title=Health Consumer Powerhouse – Health Care System's Indexes and reports}}</ref>
 
 
ကျန်းမာရေး‌အာမခံသည် နယ်သာလန်နိုင်ငံ၌ ဥပဒေအရ မဖြစ်မနေလုပ်ကြရသည်။ နယ်သာလန်နိုင်ငံ၌ ကျန်းမာရေးစောင့်ရှောက်မှုအား ဥပဒေအရ အာမခံပုံစံနှစ်ခုဖြင့် လွှမ်းခြုံထားသည်။
 
•Zorgverzekeringswet (ZVW)၊ "အခြေခံ အာမခံ" ဖြစ်ပြီး အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှု ဖြစ်သည်။
 
•Algemene Wet Bijzondere Ziektekosten (AWBZ) သည် ကာလရှည် ပြုစုစောင့်ရှောက်မှု ဖြစ်သည်။
 
 
ဒတ်ချ်နိုင်ငံသားများအတွက် AWBZ အာမခံသည် အစိုးရမှ အလိုအလျောက် အာမခံပေးထားပြီး အခြေခံကျန်းမာရေးစောင့်ရှောက်မှုကိုတော့ လူတိုင်းအနေဖြင့် ချုပ်ဆိုရန် လိုအပ်သည်။ အသက် ၁၈ နှစ်အောက် ကလေးများအနေဖြင့် ၎င်းတို့၏ မိဘအာမခံနှင့်ပင် အလိုအလျောက် အကျုံးဝင်သည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် အာမခံ မယူလိုပါက ၎င်းသည် ‌ကျန်းမာရေးကောင်းမွန်ရမည်။ အာမခံကုမ္ပဏီအနေဖြင့် အသက် ၁၈ နှစ်ကျော်လွန်သူ လူတိုင်းအတွက် အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေကို မမှီတည်သည့် အထွေထွေကျန်းမာရေး အာမခံပုံစံများ ပေးရပြီး လျှောက်ထားခွင့် ငြင်းပယ်ခြင်းနှင့် အထူးအခြေအနေတစ်ရပ်ပြဋ္ဌာန်းခြင်းသည် တရားမဝင်သော ကိစ္စရပ်များ ဖြစ်သည်။ တခြားသော ဥရောပနိုင်ငံများနှင့်မတူသည်မှာတော့ ဒတ်ချ်အစိုးရသည် လွယ်ကူ​စေမှုနှင့် ကျန်းမာ​ရေး​စောင့်​ရှောက်မှုစနစ်၏ အရည်အ​သွေးများအတွက် တာဝန်ခံမှုရှိပြီး စီမံခန့်ခွဲမှုအတွက် မပါဝင်ပေ။
 
 
နယ်သာလန်၏ ကျန်းမာရေးစောင့်ရှောက်မှုကို နည်းလမ်းများစွာဖြင့် ခွဲခြားနိုင်ပြီး somatic နှင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် 'ကုသခြင်း'(ကာလတို)၊ 'စောင့်ရှောက်မှု'(ကာလရှည်)တွင် အဆင့် သုံးဆင့် ခွဲခြားထားသည်။ မိသားစုဆရာဝန်များ(huisartsen)သည် ပထမအဆင့်၏ အကြီးမားဆုံး အစိတ်အပိုင်းများအဖြစ် ဖွဲ့စည်းထားကြသည်။ ပထမအဆင့်မှ အဖွဲ့ဝင်တစ်ယောက်၏ ညွန်းဆိုမှုရှိမှသာ ဒုတိယနှင့် တတိယအဆင့်အတွက် လက်ခံရန် လုပ်ဆောင်ခွင့်ရှိသည်။<ref name="Boot">J.M. Boot, 'De Nederlandse Gezondheidszorg', Bohn Stafleu van Loghum 2011</ref> ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် အခြားသော ဥရောပနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်အတော်လေးထိရောက်မှုရှိသော်လည်း ကုန်ကျစရိတ် ထိရောက်မှုအရှိဆုံးသော စနစ်တော့ မဟုတ်ပါ။<ref name=BCG>Boston Consulting Group, 'Zorg voor Waarde', 2011.</ref>
 
 
နယ်သာလန်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် လမ်းနှစ်သွယ်စနစ်ဖြင့် ဘဏ္ဍာ‌ငွေသုံးစွဲသည်စနစ်ကို ၂၀၀၆ ခုနှစ် ဇန်နဝါရီမှ စတင်ကျင့်သုံးခဲ့သည်။ တစ်စိတ်တပိုင်းဆေးရုံနေနှင့် ဘီးတပ်ကုလားထိုင်အစရှိသော မသန်စွမ်းကုန်ကျစရိတ်ကဲ့သို့ ကာလရှည်ကုသမှုတို့တွင် နိုင်ငံတော်မှထိန်းချုပ်သော အာမခံခွင့်ပြုမှုနှင့် ကုသခွင့်ပေးထားသည်။ ၎င်းသည် Algemene Wet Bijzondere Ziektekosten ("General Law on Exceptional Healthcare Costs") ခေါင်းစဉ်အောက်တွင်ရှိပြီး ၁၉၆၈ ခုနှစ်တွင်မှစ၍ ပထမဆုံးအသက်သွင်းခဲ့ခြင်းဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင်စ၍ အာမခံသည် ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျ‌ငွေ၏ ၂၇%ကို ကုန်ကျခံပေးခဲ့သည်။<ref name="statline.cbs.nl">{{cite web|url=http://statline.cbs.nl/StatWeb/publication/?DM=SLNL&PA=71914ned&D1=37-43&D2=a&HDR=G1&STB=T&VW=T|title=Zorgrekeningen; uitgaven (in lopende en constante prijzen) en financiering|date=20 May 2010|publisher=Centraal Bureau voor de Statistiek: StatLine|language=Dutch|accessdate=၁၄ ဩဂုတ် ၂၀၂၀}}</ref>
 
 
ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု(ကာလတို)အားလုံးအတွက်သည် ပုဂ္ဂလိက ကျန်းမာရေးအာမခံကုမ္ပဏီများ၏ မဖြစ်မနေထားရှိရသော ကျန်းမာရေးအာမခံစနစ်တွင် ဖြစ်သည်။ ဤကျန်းမာရေးအာမခံကုမ္ပဏီများကို တိကျသေချာသော အာမခံကုသမှုအမျိုးအစားအလိုက် ထောက်ပံ့ပေးရန် မဖြစ်မနေ လုပ်‌ဆောင်စေရသည်။<ref name="minvws.nl">{{cite web|url=http://www.minvws.nl/en/themes/health-insurance-system/|title=Ministerie van Volksgezondheid, Welzijn en Sport|first=Ministerie van Volksgezondheid, Welzijn en|last=Sport|work=minvws.nl|accessdate=၁၄ ဩဂုတ် ၂၀၂၀|date=18 February 2010}}</ref> အာမခံသည် ကျန်းမာရေးစောင့်ရှောက်မှု အားလုံးကုန်ကျငွေ၏ ၄၁% ကို ထောက်ပံ့ပေးရသည်။<ref name="statline.cbs.nl"/>
 
 
ကျန်းမာရေးစောင့်ရှောက်မှု ငွေပေးချေမှု၏ အခြားသော ရင်းမြစ်များမှာ အခွန်(၁၄%)၊ တိုက်ရိုက်‌ငွေချေမှု(out of pocket payments) (၉%)၊ ထပ်တိုးစိတ်ကြိုက် ကျန်းမာရေးအာမခံအမျိုးအစား (၄%)နှင့် အခြားသော ရင်းမြစ်(range of other sources)(၄%) တို့ဖြစ်သည်။ <ref name="statline.cbs.nl"/> လက်ခံနိုင်မှု(affordablility)ကို ဝင်‌ငွေနှင့်ဆက်စပ်သော ကင်းလွတ်ခွင့်စနစ်နှင့်
သီးခြားနှင့် အလုပ်သမားများမှ ပေးချေသော ဝင်ငွေနှင့် ဆင်စပ်သော ပရီမီယံတို့မှ အာမခံပေးသည်။
 
 
ဒတ်ချ်ကျန်းမာရေးစနစ်၏ အဓိကအကြောင်းအရာမှာအာမခံပရီမီယံမှာ ကျန်းမာရေးအခြေအနေနှင့် အသက်အရွယ်ကို ဆက်နွယ်မှု မရှိခြင်းဖြစ်သည်။ ကာလတို ကျန်းမာရေးစောင့်ရှောက်မှု အားလုံးအတွက် ကုန်ကျစရိတ်ကို အာမခံကုမ္ပဏီမှ ၅၀%၊ အာမခံထားသူမှ ၄၅%နှင့် အစိုးရမှ ၅% ပေးဆောင်သည်။ အသက် ၁၈ နှစ်အောက် ကလေးငယ်များအား အခမဲ့ လွှမ်းခြုံမှုပေးထားသည်။ အာမခံကုမ္ပဏီများမှ အာမခံကြေးပေးချေမှုသည် တစ်လလျှင် ယူရို ၁၀၀ (၂၀၁၀ ဩဂုတ်တွင် အမေရိကန်ဒေါ်လာ ၁၂၇ ခန့်နှင့် ၂၀၁၂ တွင် ယူရို ၁၅၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၉၆၊ မတူကွဲပြားသော အာမခံကုမ္ပဏီများအကြား ကွဲပြားမှု ၅ % ခန့်)ရှိပြီး နှစ်စဉ် အခွန်မဆောင်မီပေးချေရမှုသည် ယူရို ၂၂၀(အမေရိကန်ဒေါ်လာ ၂၈၈)ခန့်ရှိသည်။
 
== ယဉ်ကျေးမှု ==