ရတ်ဒ်ယတ် ကစ်ပလင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး removed Category:အင်္ဂလန်နိုင်ငံ using HotCat
No edit summary
စာကြောင်း ၃ -
== ကစ်ပလင်အာ (ခရစ် ၁၈၆၅-၁၉၃၆) ==
ရတ်ဒယတ် ကစ်ပလင်းမှာကစ်ပလင်း (Rudyard Kipling)မှာ အင်္ဂလိပ်လူမျိုး ကဗျာဆရာနှင့် ဝတ္ထုရေး ဆရာဖြစ်၍ [[အိန္ဒိယနိုင်ငံ]] ဘုံဘေမြို့၌ ၁၈၆၅ ခု ဒီဇင်ဘာလ
၃ဝ ရက်နေ့တွင် ဖွားမြင်သည်။ သူ၏ဖခင်မှာ ထိုအချိန်က ဘုံဘေမြို့ သုခုမပညာသင်ကျောင်းတွင် ပါမောက္ခတစ်ဦးအဖြစ်
ဆောင်ရွက်နေသော ဇွန်လော့ကဝုကစ်ပလင်းဖြစ်သည်။ ကစ်ပလင်းသည် ၅ နှစ်သားအထိ ဘုံဘေမြို့၌ပင်နေထိုင်ခဲ့ရာ ထိုအတောအတွင်း အိန္ဒိယအမျိုးသမီးနို့ထိန်းများ၏ လက်ပေါ် တွင် ကြီးပြင်းခဲ့လေသည်။ သို့ဖြစ်ရကား ကစ်ပလင်းသည် ဟိန္ဒူစတန္နိဘာသာကို ငယ်ရွယ်စဉ်ကပင် နားလည်ခဲ့သဖြင့်၊ နို့ထိန်းများပြောပြသော အိန္ဒိယလူမျိုးများ၏ ရှေးဟောင်း ပုံပြင်များမှာ သူ၏မှတ်ဉာဏ်တွင် စွဲမြဲနေခဲ့၏။