အဲပုဂံ လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၁၁: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
[[ဖိုင်:Air Bagan Fokker 100 MRD-1.jpg|thumb|right|မတော်တဆမှုဖြစ်ပွားခဲ့သော Fokker 100အမျိုးအစား လေယာဉ် XY-AGCကို ၂၀၀၅ခုနှစ်တွင် တွေ့ရပုံ]]
အဲပုဂံ လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၁၁ လေယာဉ်သည် [[ရန်ကုန်]]မှ [[ဟဲဟိုး]]မြို့သို့ ပြည်တွင်းခရီးစဉ် ပျံသန်းပြေးဆွဲခဲ့သော Fokker 100 twinjet လေယာဉ်အမျိုးအစားဖြစ်ပြီး ၂၀၁၂ခုနှစ် ဒီဇင်ဘာ ၂၅ရက်နေ့တွင် [[ဟဲဟိုး လေဆိပ်]]သို့ ဆင်းသက်စဉ် ပြေးလမ်းချော်ကာ လယ်ကွင်းတစ်ခုထဲတွင် မီးလောင်ပျက်ကျခဲ့သည်။လေယာဉ်ပေါ်ပါပျက်ကျမီးလောင်ခဲ့သည်။လေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦးနှင့် မြေပြင်ပေါ်ရှိ ဆိုင်ကယ်စီးနင်းနေသူတစ်ဦး သေဆုံးခဲ့ပြီး ၁၀ယောက်မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြသည်။<ref>Htun, Yadana (8 January 2013). "Air Bagan survivors tell of terrifying Christmas crash-landing". USA Today. Associated Press. Retrieved 22 January 2019.</ref><ref>Alana Schetzer; Stephen Cauchi; Benjamin Preiss. "'I reckon this might be it': plane crash horror". Smh.com.au. Retrieved 26 December 2012.
</ref><ref>Eimer, David (31 May 2011). "British man injured in Burma plane crash". Telegraph. Retrieved 26 December 2012.</ref>
==ခရီးစဉ်မှတ်တမ်း==
Fokker 100အမျိုးအစားလေယာဉ်သည် ဒီဇင်ဘာ ၂၅ရက်နေ့ မနက်တွင် ခရီးစဉ်ပထမပိုင်းဖြစ်သော [[ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်]] မှ [[မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်]]သို့ ထွက်ခွာခဲ့သည်။မန္တလေးတွင် လေယာဉ်ဆီဖြည့်တင်းကာ မြန်မာစံတော်ချိန် မနက် ၈နာရီ ၂၆မိနစ်တွင် ဟဲဟိုးလေဆိပ်သို့ ဆက်လက်ထွက်ခွာခဲ့သည်။<ref name="a">[https://reports.aviation-safety.net/2012/20121225-0_F100_XY-AGC.pdf Fokker F-28 Mk 0100, XY-AGC Accident Near Heho Airport (VYHH) on 25 December 2012 ](PDF) (Report). Myanmar Accident Investigation Bureau (MAIB). Retrieved 22 January 2019.</ref>
==မတော်တဆမှုဖြစ်စဉ်==
ဟဲဟိုးသို့ ချဉ်းကပ်စဉ် လေကြောင်းထိန်းသိမ်းရေးမှ လေငြိမ်ကြောင်း၊ မြင်နိုင်စွမ်းမှာ ၃၀၀၀မီတာရှိကြောင်းနှင့် မြူအသင့်အတင့်ဆိုင်းနေကြောင်းစသော ဒေသဆိုင်ရာ ရာသီဥတုအခြေအနေများကို လေယာဉ်ဝန်ထမ်းများထံ သတင်းပို့ခဲ့သည်။ဒေသစံတော်ချိန် မနက် ၈နာရီ ၄၇မိနစ်တွင် တိကျမှုမရှိသော ရေဒီယိုကိရိယာသုံးနည်းလမ်းဖြင့် လေယာဉ်ကွင်းပြေးလမ်း ၃၆ကို စတင်ချဉ်းကပ်ခဲ့သည်။၊<ref name="a"/><br>
နောက်ဆုံးဦးတည်ချက်တွင် လေယာဉ်သည် ပြေးလမ်းမရောက်မီ ၁.၇ ကီလိုမီတာ (ရေမိုင် ၀.၉)အကွာတွင် စောစီးစွာ ဆင်းသက်မိခဲ့ပြီး ဓာတ်အားကြိုးလိုင်းများ နှင့် သစ်ပင်များကို တိုက်ဆွဲသွားကာ မြေပြင်ရှိ ကားလမ်းပေါ် ပျက်ကျခဲ့သည်။ပျက်ကျမှုကြောင့် လေယာဉ်တောင်ပံနှစ်ခုလုံး ပြတ်ထွက်သွားပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။အရေးပေါ်စွန့်ခွာမှုပြုလုပ်ခဲ့ရပြီး လေယာဉ်ခရီးသည်တစ်ဦးနှင့် ကားလမ်းပေါ်ရှိ ဆိုင်ကယ်စီးနင်းသူတစ်ဦးတို့ ထိခိုက်ဒဏ်ရာဖြင့် ဆုံးပါးခဲ့ရသည်။<ref name="a"/>
 
==စုံစမ်းစစ်ဆေးမှု==
 
လေယာဉ်၏ ခရီးစဉ်မှတ်တမ်းတင်စက်ကို စစ်ဆေးရန် ဩစတြေးလျ သယ်ယူပို့ဆောင်မှုဆိုင်ရာ ဘေးကင်းလုံခြုံရေးဗျူရိုအား ပို့ဆောင်ခဲ့သည်။<ref> Zaw Win Than (30 December 2013). [http://www.mmtimes.com/index.php/national-news/9147-air-bagan-crash-verdict-cites-pilot-error.html "Air Bagan crash verdict cites pilot error"]The Myanmar Times. Retrieved 14 January 2014.</ref>အစပိုင်းတွင် အာဏာပိုင်များက လေယာဉ်မှူးများသည် မြင်ကွင်းရှင်းလင်းမှုမရှိခြင်းကြောင့် ကားလမ်းနှင့် လေယာဉ်ပြေးလမ်းကို အထင်မှား၍ လွဲချော်ဆင်းသက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။<ref>Hradecky, Simon (1 May 2013). "Accident: Bagan F100 near Heho on Dec 25th 2012, landed on road outside airport". The Aviation Herald. Retrieved 8 June 2013.
</ref><ref>Htun, Yadana (26 December 2012). "Air Bagan survivor tells of terrifying landing". Boston Globe. Retrieved 27 December 2012.</ref>
သို့သော်လည်း အဆုံးသတ်အစီရင်ခံစာတွင် မတော်တဆမှုဖြစ်စဉ်၏ အဓိကအကြောင်းရင်းမှာ ပြေးလမ်းကို မမြင်ရသေးဘဲ သတ်မှတ်ထားသော ဆင်းသက်ရန် အနိမ့်ဆုံးအမြင့်ပေ ၅၃၀ အောက်မှ ဆင်းသက်ရန် ဆုံးဖြတ်ခဲ့သောကြောင့်ဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။ထိုအခြေအနေတွင် လေကြောင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ ဆင်းသက်ခြင်းကို အလျင်အမြန်ရပ်တန့်သင့်သည်။<ref name="a"/><br>
အစီရင်ခံစာတွင် ထိုကဲ့သို့သော ရာသီဥတုအခြေအနေမျိုးတွင် လေယာဉ်ကပ္ပတိန်က အန္တရာယ်ဖြစ်နိုင်ခြေကို လျှော့တွက်ကာ လက်ထောက်လေယာဉ်မှူးကို ကိုယ်တိုင်ဆင်းသက်စေခဲ့ခြင်း နှင့် ထိုအချိန်တွင် ဟဲဟိုးသို့ အခြားလေယာဉ်တစ်စီးရောက်လာခဲ့ခြင်းကြောင့် ဆင်းသက်ခြင်းကိုပြုလုပ်ရန် လေယာဉ်ဝန်ထမ်းများအပေါ် ဖိအားများနေခြင်းတို့ကို ထောက်ပြခဲ့သည်။ထို့ကြောင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ အကြံပြုချက် သုံးခုကို ပြုလုပ်ခဲ့သည်။<ref name="a"/>
==ကိုးကား==
{{reflist}}