ဝီကီပီးဒီးယား:ထင်ရှားအရေးပါမှု (စာအုပ်များ): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၁ -
စာအုပ်တစ်အုပ်အား ဝီကီပီးဒီးယားပေါ်တွင် ဆောင်းပါးတစ်ပုဒ်အနေဖြင့် ထားရှိသင့် မထားရှိသင့်ကို စဉ်းစားဆုံးဖြတ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရန် ထပ်ဆောင်းသတ်မှတ်ချက်အချို့အနေဖြင့် ဤလမ်းညွှန်ချက်က ထောက်ပံ့ပေးသည်။ ဤထင်ရှားအရေးပါမှု လမ်းညွှန်ချက်အရ အားရကျေနပ်ဖွယ်ရှိခြင်းသည် စာအုပ်အား ဆောင်းပါးတစ်ခုအနေဖြင့် ထားရှိရန် အာမခံချက်ဖြစ်သည်။
 
စာအုပ်တစ်ခုသည် [[WP:GNG|ယေဘုယျ ထင်ရှားအရေးပါမှု လမ်းညွှန်ချက်]] သို့မဟုတ် ဤနေရာတွင် ဖော်ပြထားသော သတ်မှတ်ချက်၊ သို့မဟုတ် အခြားသော [[WP:SNG|အကြောင်းအရာသီးသန့် ထင်ရှားအရေးပါမှု လမ်းညွှန်ချက်]] တို့အနက် တစ်ခုခုဖြင့် ကိုက်ညီနေပြီး [[WP:NOT|ဝီကီပီးဒီးယားက ဘာမဟုတ်ဘူးလဲ]] မူဝါဒနှင့် သွေဖယ်ခြင်း မရှိလျှင် ထိုစာအုပ်အကြောင်းအား ဆောင်းပါးတစ်ပုဒ်အနေဖြင့် ရေးသားနိုင်သည်ဟု ယူဆသည်။
 
အဆိုပါ စာအုပ်အား အပြည့်အဝရည်ညွှန်းထားသော သီးခြား ဆောင်းပါးတစ်ခု ရှိရန် လိုအပ်သည်ဟု လုံးဝအာမခံချက် ပေးခြင်း မဟုတ်ပါ။ တည်းဖြတ်သူများအနေဖြင့် သူတို့၏ ဆင်ခြင်တုံတရားဖြင့် ဆက်စပ်သော ခေါင်းစီးနှစ်ခု သို့မဟုတ် ထို့ထက်ပိုသည်များကို ဆောင်းပါးတစ်ခုထဲအဖြစ်သို့ [[WP:MERGE|ပေါင်းစပ်]]ခြင်းကို ဆောင်ရွက်ရမည် ဖြစ်သည်။