"ရှေးဟောင်းမြိုလူမျိုး" ၏ တည်းဖြတ်မှု မူကွဲများ

၁၉၀ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၃ လ
== သမိုင်း ==
[[ဖိုင်:မြိုအမျိုးသား သုံးဦး.jpg|thumb|377x377px|မြိုအမျိုးသား သုံးဦး ရိုးရာ နပက် ဝတ်ဆင်မှုနဲ့။]]
မြိုးတိုင်းရင်းသားလူမျိုးများ' ရခိုင်ဒေသသို့စတင်အခြေချမှုနှင့်ပတ်သက်၍ ရခိုင်သမိုင်းများတွင်လည်းခြေရာကောက်ယူနိုင်ပါ သည်။ ကစၦပနဒီမြစ်ဝှမ်းဒေသသို့ ရခိုင်လူမျိုးများ မြောက်ဘက်မှဝင်ရောက်လာရာ မြိုတို့သည် အဆိုပါဒေသတွင်ရှိနှင့်နေပြီးဖြစ်ကြောင်း ၊ပထမဓညဝတီကိုတည်ထောင်ကာ ရခိုင်မင်းဆက်ကို တည်ထောင်ခဲ့သော သူရဲကောင်း မရယုမင်း သည် "မြို"အကြီးအကဲတစ်ဦး၏သမီး မပိန်နှင့် လက်ထပ်ထိမ်းမြားခဲ့ကြောင်း၊ ထို့နောက် "မြို"လူမျိုးတို့နှင့် ပူးပေါင်းကာ ထိုစဉ်က ကစၦပနဒီ မြစ်ဝှမ်းတစ်ဝိုက် မင်းမှုဆိုးသွမ်းနေကြသော ဘီလူးများကို တိုက်ခိုက်အောင်မြင်ခဲ့ကြောင်း ရခိုင် သမိုင်းများက ဆိုပါသည်။<ref>ရခိုင်ရာဇဝင်သစ်ကျမ်း(ပထမတွဲ)(စာ ၉၃-၉၆)(စာ ၁၂၂-၁၃၅).</ref> ထိုအကြောင်းကို အဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်းအပိုဒ်(၆) တွင် 'မာရယုလျှင်၊ ဘဖြူမြိုထီး၊ သင်းကြီးအောင်လာ၊ သည်းချာဒေဝီ၊ သမီးဘီနှင့် ယှဉ်မှီတကွ' ဟူ၍ စပ်ဆိုထားပါသည် ရခိုင်မဟာမုနိဘုရားသမိုင်းစာအုပ်တွင် 'မာရယုသည် စွမ်းရည်သတ္တိနှင့် ပြည့်စုံသည်ဖြစ်၍ မြိုလူမျိုးခေါင်းဆောင်ရအောင်လာ၏ သမီးနှင့်လက်ထပ်သည်' ဟုဖော်ပြထားပါသည်။<ref>History of Burma ,1883,pg,43,45<br /></ref>ဤအဖြစ်အပျက်ကို နှောင်းပိုင်းသုတေသီတို့က ခရစ်နှစ်အဖြစ် နန်းစဉ် နန်းဆက် သမိုင်းပြု၍ ဖော်ပြရာ ဘီစီ-၃၃၂၅ သည် မာရယု၏ နန်းတက်နှစ်ပင်ဖြစ်သည်။ သို့ဖြစ်၍ ရခိုင်သမိုင်းဦး ကာလကပင် ရခိုင်ပြည်နယ်၌ "မြို"တိုင်းရင်းသားတို့ရှိနှင့်ပြီဖြစ်ကြောင်း ယေဘုယျ မှတ်ချက်ယူနိုင်ပါသည်။ မြိုတို့သည် ရခိုင်နှင့်အတူတကွ နေထိုင်လာခဲ့ကြရာ ဝေသာလီခေတ်ကုန်ခါနီးတွင် မြို လူမျိုးသုံးဦးဘုရင်ဖြစ်လာခဲ့သော သမိုင်းကြောင်းသည် ရခိုင်ရာဇဝင်တွင် ထင်ရှားခဲ့ပါသည။ ဝေသာလီကျောက်လှေကားခေတ်တွင် စူဠစန္ဒားမင်းနတ်ရွာစံပြီးနောက် မင်းဆက်ပြတ်ခဲ့ရာ စန္ဒာဒေဝီမိဘုရားသည်ဘုရင်ကြီးမှာခဲ့အတိုင်း မိမိလက်စွပ်ဖြင့်တန်သူကို ရှာဖွေခဲ့ရာ မတွေ့ရ၍ချောင်းဖျား၊မြောင်းဖျား၊တောတောင်အနှံ့အပြားရှာဖွေစေသည်။ထိုအခါအဆင်း၊ခွန်အား၊စွမ်းအားဖြင့်ပြည့်စုံသောမြိုလူမျိုးသုံးဦးဖြစ်သည့် အမြတူ၊ အမြကူ၊ပဲဖြူ တို့နှင့် လက်စွပ်တန်သည်ဖြစ်၍ဝေသာလီမြိ့တော်သို့ခေါ်ယူခဲ့သည်။ <ref>Mro-cha''-A hub for Mru Indigenous people promoting the'' Mru ''Retaning their Ethnicity,pg,24''</ref>ယင်းနောက်အစ်ကိုကြီး အမြကူကို အိမ်ရှေ့အရာအပ်နှင်းကာ သားဖြစ်သူပဲဖြူကို မြောက်ဦးမြို့အားစားစေသည်။ ထိုအကြောင်းကို ရခိုင်မင်းသမီးဧချင်းအပိုဒ်(၁၄)တွင် 'မြိုတွင် ထင်ရှား၊ သင်းကြီးသားလျှင်၊ ရည်သွားလုံးရပ်၊ စည်းကြပ်ကျစ်ကြော၊ ချောမောဆင်းရောင်၊ ညီနောင်သားဘ သုံးယောက်ရ၍၊ အစတည်တုံ၊ အမြတူနှင့်၊ တူစုံသားမောင်၊ထီးနန်းဆောင်၍ နောင်တလစ်မှု၊ သားပဲဖြူနှင့်၊ ရိပ်ဖြူဆောင်းချုပ် ၊ ပြည်ရွာအုပ်လျက်' ဟုမှတ်တမ်းတင်ခဲ့သည်။[၆] ပဲဖြူမင်း မြောက်ဦးမြို့တည်၍နေစဉ် မြောက်ဘက်မှ မွန်ဂိုလီယံများ ဝင်ရောက်တိုက်ခိုက်၍ပျက်စီးသည်ကို 'တုံလှုပ်မစွမ်း၊ ခဲ့ယိုယွင်းတွင် ရှမ်းလိမ်းဘုန်းရှင်၊ သိုခင်ဘွားကြီး၊ တောင်ရိုးစီး၍ဖျက်ဆီးလေသော၊ တို့ရွာတစ်ကြိမ်၊ မင်းမဲ့တိမ်သည်' ဟူ၍ ရခိုင်မင်းသမီးဧချင်းအပိုဒ်(၁၄)၌ပင်ဖော်ပြထားပါသည်။ရခိုင်ဘုရင်ကောလိယမင်း၏သားတော်ဿရာဇာလက်ထက်တွင်ပျောက်ဆုံးနေသော မဟာ မြတ်မုနိရုပ်ပွားတော်ကြီးအား အမတ်ကြီးလကျၤာကို ဆုလာဘ်ပေး၍ ရှာဖွေစေသည်။နောက်ဆုံးတွင်ချောင်းဖျား၊ မြောင်းဖျား၊ တောနားတောင်နားတွင် နေထိုင်စားသောက်ကြသော မြိုလူမျိုးရဟောင်လာနှင့် အပေါင်လာညီအစ်ကို နှစ်ဦး၏ အကူအညီလမ်းညွန်မှုဖြင့် [[မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)|မဟာမြတ်မုနိ]] ရုပ်ပွားတော်ကြီးကို ချောင်းဖျားငယ်တစ်ခုတွင် လည်တော်တိုင် မြေဖုံး၍ တွေ့ရသည် ဟုဆိုသည်။<ref>ဓညဝတီရာဇဝင်သစ်ကျမ်း(ပဌတွဲ)၊၁၃၁၆-ခုနှစ် ၊စာမျက်နှာ-၁၃၁။</ref> ယင်းအကြောင်းကို ရခိုင်မင်းသမီးဧချင်းအပိုဒ်(၁၉)တွင် 'ကောလိယမင်း၊ အရင်းသည်းခြာ၊ ဿရာလျှင်၊ မဟာမုနိ၊ ရှိသည့်အကြောင်း၊ ပေါင်လောင်မြို့ထီး၊ သင်းကြီးညွန်ပြ'ဟူ၍ ဖော်ပြထားပါသည်။ သို့ဖြစ်၍ ရခိုင်သမိုင်းများ၏ အဆိုအရ တစ်နည်းနည်းဖြင့် ရခိုင်ဒေသသို့ ရောက်ရှိခဲ့မည် ဖြစ်သော "မြို"တိုင်းရင်းသားများသည် ရခိုင်ပြည်မြောက်ပိုင်း ကစၦပနဒီကစ္ဆပနဒီ နှင့် လေးမြို့မြစ် ဝှမ်းသို့ တစ်သုတ်ပြီးတစ်သုတ် အခြေချခဲ့ကြောင်း တွေ့ရှိရသည်။ ထိုကစ္စပနဒီနှင့်လေးမြို့မြစ်ဝှမ်းသို့ အခြေချလာပုံနှင့်ပတ်သက်၍ ဤသို့ဆိုပါသည် BC-၃၃၀၀ ကျော်က အဆိုပါ မြိုလူမျိုးများသည် အိန္ဒိယတောင်တန်းအရပ်ဒေသနှင့်တရုတ်ပြည် ယူနန်အရပ်ဒေသတွင်နေထိုင်ခဲ့လေ၏။ ထိုအရပ်ဒေသမှတစ်ဆင့် ကစ္စပနဒီ (မြိုဘာသာခေါ်ယာမ်မာစေ) လေးမြို့မြစ် နှင့်ကုလာတန်မြစ် ဝှမ်းပီချောင်း၊မီးချောင်းအရပ်ဒေသ၌အခြေချလာရာထိုအရပ်၌ပင်ရခိုင်တိုင်းရင်းသားများနှင့်ရင်းနှီးစွာနေထိုင်ရင်းရခိုင်မင်းဆက်သုံးဆက်မျှ အုပ်စိုးခဲ့ကြသည်။" ၁၉၄၃၊ စစ်အတွင်းကမြန်မာနိုင်ငံအစိုးရက ဆင်းလားမြို့တွင် ပုံနှိပ်ထုတ်ဝေခဲ့သော မြန်မာနိုင်ငံလက်စွဲစာအုပ်တွင် ချင်းအမျိုးအနွယ်ဝင် 'မြို'တိုင်းရင်းသားတို့ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာပုံနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြခဲ့ပသည်။ တိဗက်-မြန်မာ မျိုးနွယ်အုပ်စုသည် သုံးစုခွဲ၍ လမ်းကြောင်းဖြင့်တောင်ဘက်သို့ ဆင်းလာခဲ့ရာ ဧရာဝတီမြစ်ဖျားခံရာ အရပ်ဒေသများမှဖြတ်ကျော်ခဲ့ကြသည်။ ထိုနေရာမှချင်းအမျိုးသားတို့သည်အနောက်ဘက် တောင်တန်းများသို့ တက်ခဲ့ကြလေသည်။ ဆင်းသက်လာသောသုံးစု အနက်အများစုတွင် မြန်မာနှင့် ရှေးမြန်မာများပါဝင်သည်။ တောင်ဘက်သို့ဆက်၍ ဆင်းသက်လာရင်း လမ်းတစ်လျှောက်တွင် အချို့က အတည်တကျစွဲမြဲနေထိုင်ရစ်ကြရာ မြန်မာပြည်မြောက်ပိုင်းနေ မျိုးနွယ်စုများဖြစ်သွားကြသည်။ ရခိုင်ရိုးမတောင်တန်းများ၌ နေကြသော ချင်း၊ ဒိုင်းနက်၊ မြို ၊ တောင်သား၊ ခမီးတို့သည်လည်း တိဗက်မြန်မာအုပ်စုဝင်များဖြစ်ကြသည်။ ချင်း ၊ ကချင်နှင့် မျိုးနွယ်ချင်းဆက်စပ်သော နာဂတို့သည် မြန်မာနိုင်ငံမြောက်ဘက် တောင်တန်းများ၊ ဟူးကောင်းတောင်ကြားနှင့် ချင်းတွင်းမြစ်အနောက်ဘက်တို့တွင် နေထိုင်ကြသည်ဟုရေးသားထားပါသည်။ ထို့အပြင် ရခိုင်ရာဇဝင်ကျမ်းများဖြစ်ကြသည့် ရခိုင်မဟာရာဇဝင်တော်ကြီး ဓညဝတီရာဇဝင်သစ် မရယုနှင့် ဗေဒါရှင်းတမ်း စသည့်ကျမ်းကန်များတွင်လည်းကောင်းတစ်ချို့သောစာအုပ်စာပေများတွင်လည်းကောင်းမြိုလူမျိုးကိုရေးသားကြရာတွင်စသည့်ကျမ်းကန်များတွင်လည်းကောင်း ၊တချို့သောစာအုပ်စာပေများတွင်လည်းကောင်း၊ မြိုလူမျိုးကိုရေးသားကြရာတွင်[[မြိုဟူသောဝေါဟာရ]] အပြင် မြိုဟူ၍လည်းကောင်း မြုန်"ဟူ၍လည်းကောင်း "မြို့"ဟူ၍လည်းကောင်း မှုကွဲစာလုံးပေါင်းဖြင့်ရေးသားထားပါသည်။ မြို၊ မြုန်၊ မြုမ် ၊ မြူ၊ မြို့ဟူသော အရေးအသားသည် "မြို"လူမျိုးတစ်မျိုးကိုပင်ရေးးသားထားဟုမှတ်ယူနိုင်ပါသည်။ အိနိ္ဒယလူမျိုးများကအိန္ဒိယလူမျိုးများက မြိုလူမျိုးများကို "မြုံဂျာ"ဟုခေါ်ဝေါ်နေကြသည်။ မှုလ "မြူ" "မရု"စကားလုံးကို ရခိုင် တိုင်းရင်းသားတို့က "မြို"ဟုခေါ်ပြီး ဗမာတိုင်းရင်းသား တို့ကမှု "မြို"ကို "မျို"အသံထွက်သည်။<ref>Morternal Morbidity and Mortality among Indigenous People in Bangladesh: A study of the Mru Community, pg,18,32<br /></ref> မြို လူမျိုးကို တစ်ခြားတိုင်းသားများက သူ့လျာသံနှင့်မည်သို့ပင်ခေါ်စေကာမှု မိမိကိုယ်ကို "မြူ""မရု"ဟု ယနေ့တိုင်ခေါ်ဝေါ်ကြပါသည်။ မြိုတိုင်းရင်းသားလူမျိုးများမှာ မှုလ "မြူ"နာမည် <ref>A Politics of Nudity: Photographs of the‘Naked Mru’ of BangladeshWILLEM VAN SCHENDEL<nowiki/>https://pure.uva.nl/ws/files/3501618/153275_201292.pdf</ref>ရှိသလို ရခိုင်၊ရခိုင်လူမျိုး၊ ဗမာစသည့်တိုင်းရင်းတို့မှာလည်း[[ဗမာလူမျိုး]] စသည့်တိုင်းရင်းတို့မှာလည်း"Burma ဘာမာ"ဟုတွေ့ရပြီး၊ရခိုင်တိုင်းရင်းသားတို့မှာလည်း"Arakan အာရကန်"ဟုတွေ့ရပါသည်။ မြိုတိုင်းရင်းသားတို့သည် မိမိကိုယ်ကိုယ် "မြူ"ဟူ၍အပြင် "မြိုစာ Mro-cha"ဟူ၍ ၊ မရိုစာ Mo-roo-sa ဟူ၍လည်းခေါ်ပါသည်။ <ref>Francis Buchanan in Southeast Bengal (1798) ,P.65.</ref>"မြူ"အသုံးနုန်း သည် အများဆိုင်'နာမ်'ကိုလည်းသုံးပါသည်"မြိုစာ"အသုံးနုန်းသည်မိမိကိုယ် ကိုယ်စားပြုပါသည်။ ထို့အပြင် "မရိုစာ Mro-cha"ဟူ၍လည်းကောင်း၊ "မရုစာ Mru- chaဟူ၍ လည်းကောင်းခေါ်ဆို သည်။ [[လူသား|လူ]] လူသားဟု၊ [[လူသား]]ဟု အဓိပ္ပါယ်ရသည်။
 
== ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာစကား ==
၄၄၅

တည်းဖြတ်မှုများ