ရှေးဟောင်းမြိုလူမျိုး: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၆၂ -
== ရိုးရာ မင်္ဂလာပွဲ ==
‘ မြို’လူ မျိုးတို့၏ ဓလေ့ထုံးစံအရ လက်ထပ်မင်္ဂလာကိစ္စတွင် အဓိကတာဝန်ရှိသူ မှာ ယောကျ်ားလေး ဘက်မှ ဖခင်ဖြစ်သည်။
ဖခင်မရှိပါက ဖခင်၏ အစ်ကို သို့မဟုတ် ညီက လက်ထပ်ခွင့်ပေးနိုင်သည်။ လူငယ်ချင်း ချစ်ကြိုက်၍ မင်္ဂလာပြုခြင်းရှိသလို မိဘများက သင့်လျှော်သည့် အိမ် ထောင်ဘက်ကို ရွေးချယ်ပေးသည့်ဓလေ့ရှိသည်။’’ မြို လူမျိုးဓလေ့ မှာ လူပျို နှင့် အပျို လွတ်လပ်စွာ နေထိုင်၍ ရပေမည့် အိမ်ထောင်ဘက် က်ို လွတ်လပ်စွာ ရွေးချယ်၍ မရပေ။ မြိုမျိုးကွဲပေါင်း (၇၀) ကျော် လေ့လာသိရှိရပြီး ထိုအနက်မှ ယူသင့်သည့် မျိုးရိုး ၊မယူသင့်သည့် မျိုးရိုး နှင့် သစ္စာဘက် ဟူ၍ ရှိလေ၏။ အမျိုးအချင်းချင်းယူ၍မရ၊သစ္စာဘက်ယူ၍မရ၊မယူရသည့်အမျိုးကိုမိဘကသော်လည်းကောင်း၊ဆွေမျိုးများကသော်လည်းကောင်း တားမြစ်သည်။ မိန့်ကလေး နှင့် ယောကျ်ားလေး ချစ်ကြိုက်တော့မည် ဆိုလျှင် ရှေးဦးစွာ ယူသင့်သည့် မျိုးရိုး ဟုတ် ၊မဟုတ်သည်ကို စုံစမ်းရသည်။ အကယ်၍ အမျိုးအချင်းချင်း ယူမိပါက ရွာမှနှင်ထုတ်လေ့ရှိသည်။ အမျိုးဂုဏ်ကို သစ္စာဖောက်သည့် အတွက်အမျိုးမှ ပယ်ရှားခြင်းခံရသည်။ သစ္စာဖက် ဆိုလျှင် လုံးဝ လက်ထပ်ခွင့် ကို တားမြစ်ထားသည် လိမ်ညာခြင်းမပြုရ ငွေရေးကြေးရေး ကိစ္စမှာလည်း အတိုးတောင်းခြင်းမပြုရ ၊ အကယ်၍ လိမ်ညာခြင်းပြု မိသည်ဘ၊ ချေးငွေ အတိုး တောင်းမိသည် ဆိုလျှင် အမင်္ဂလာ အမျိုးအပေါ် ၊ မိသားစုအပေါ် ကျရောက်စေသည် ဟု အယူရှိကြသည်။ ယူသင့်သည့် မျိုးရိုး ကို မင်္ဂလာဆောင် ပြုလျှင် ယောကျ်ားလေးဘက်မှ (အသွင်းဖိုး)ကို ပေးရသည် ထိုအသွင်းဖိုးကို ‘’မိန့်ကလေးမိဘတို့ ဘက်က မိမိ၏ သမီးအတွက် မင်္ဂလာကြေး(အသွင်းဖိုး) နှင့် မင်္ဂလာဧည့်ခံပွဲ ကုန်ကျစရိတ်ကို သတ်မှတ်ကြသည်။ ယောကျ်ားလေး ဘက်မှ တတ်နိုင်မည့် ကြေးငွေပမာဏ ကို တင်ပြကာ အပြန်အလှန် စေ့စပ်ညှိနှိုင်းကြသည်။ မင်္ဂလာကြေးအနေဖြင့် ငွေဒင်္ဂါးအရေအတွက် ဖြင့် သတ်မှတ်ကြသည်။ ဂျော့ဘုရင်တံဆိပ်ခေါင်းပါသောငွေဒင်္ဂါးပြား ၃၀၀၊ ၅၀၀ စသည်ဖြင့် သတ်မှတ်သည်။ ငွေဒင်္ဂါး ပြားလက်ဝယ်မရှိပါက အခြားရှိသော အိမ်များတွင် သွားရောက်ဝယ်ယူကြရသည်။ ထိုကဲ့သို့ သွားရောက် ဝယ်ယူသည့်တိုင် မရရှိပါ က အဆိုပါ ငွေဒင်္ဂါး အပြား ၃၀၀၊ ၅၀၀ နှင့ ညီသော ငွေကြေးပမာဏ ကို ပေးကြရသည်။ <ref>THE BRITISH BURMA GAZETTEER IN TWO VOLUMES. VOZi. II

PRINTED AT THE GOVERNMENT PRESS. 1879: Rangoon,p, 425.</ref>ထို့အပြင် မိန့်ကလေး မိဘများအတွက် တောင်ယာလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဓားရှည် ၅ လက်၊လှံ ၇စင်းတို့ကိုပါ ပေးကြရသည်။
မြိုတို့ ဓလ့ထုံးတမ်း အရ လက်ထပ် မင်္ဂလာ ပြုလုပ်ချိန်မှစ၍ မင်္ဂလါတစ်သက်တွင် ပွဲ (၃) ကြိမ် ပြုလုပ်ရသည် ထိုပွဲတိုင်း၌ (ယု)ခေါ်သည့် ရိုးရာခေါင်ရည် မပါ မဖြစ် ခေါရည်တည်ထားရသည်။ လက်ထပ်ပြီဆိုသည်နှင့် ပွဲသုံးကြိမ် (ဝှပ်လိုင်မ်) ၊ (မင်တင်) နှင့် (ဘုတ်အက်) ဟူ၍ ကျင်းပရသည်။ ထိုပွဲ (၃) ကြိမ် ပြုလုပ်ရာမှာ (အသွင်းဖိုး) ပေးရသလို ဟင်းပွဲ ဖလှယ် မိတ်ဆုံထမင်းစားကြသည်။ ယောကျ်ားလေး အမျိုးဘက် မှ ကြက်ကို စုဆောင်းရပြီး မိန့်ကလေး အမျိုးဆွေမျိုး ရောက်ရှိလာသည့် ဧည့်သည် များအားလုံလောက်သည် အထိ ကြက်ကို သတ်ရသည် ။ အလားတူမိန့်ကလေး အမျိုးဘက် ကလည်း ဝက်ကို ကြိုမွေး ထားပြီး ငါးဆုပ်ပြည့်သည့် ဝက်ထီးကို ယောကျ်ားလေးအမျိုး မှ ရောက်ရှိလာသည့် ဧည့်သည် များအား လုံလောက်သည် အထိ ကျေွးမွေးဧည့်ခံရသည်။ အကယ်၍ ဧည့်သည်များ၍ ဟင်းမလုံလောက်ပါက ဝက်တစ်ကောင်နောက်ထပ် သတ်ရသည် ။ ထို ပွဲတွင်မိန့်ကလေးအမျိုးဧည့်သည်များစားရန်အတွက် ယောကျ်ားလေး အမျိုးဘက် မှ ပါလာသော ကြက်ကို ယောကျ်ားလေး အမျိုးက ကြက်ကောင် ကို ဖျက်ပြီး ချက်ပေးရသည့် ဓ လေ့နှင့် ၎င်းပွဲကိုကျင်းပရသည်။ သို့သော် ၎င်းပွဲတွင်ဘလုံးဝဟင်း မြည်းစမ်းခြင်း မပြုပေ။ ထိုအပြင် ကြက်တစ်ေကောင်ကို အခေါင်းစုံ မစုံ၊ ခြေစုံ မစုံ ၊ အတောင်ပံ စုံ မ စုံ ၊ခြေသည်းခုတ် မခုတ်သတိထားရသည် အကယ်၍ မိန့်ကလေးအမျိုးဧည့်သည် များ စားသည့် အခါ တွင် ကြက်တစ်ကောင် တွင် တစ်ခုခု မစုံ တွေ့ရှိပါ က လျော်ကြေးငွေ ပေးရသည်။ယင်း လျော်ကြေး မှာ အရက် သို့မဟုတ် ခေါင်ရည်သို့မဟုတ် ဓား သို့မဟုတ် လှံ စသည်ဖြင့် လျော်ကြေးပေးရသည်။ ယောကျ်ားအမျိုး ဧည့်သည်များ စားရန်အတွက် မိန့်ကလေးအမျိုးဘက်မှ ဝက်ကောင်ကို ဖျက်ပြီး ချက်ပေးရသည် သို့သော် အလားတူ ၎င်းပွဲတွင် လုံးဝဟင်းမြည်းစမ် ခြင်းကိုကခွင့်မပြုပေ။ မိန့်ကလေး မိဘ နှင့် မောင် တို့ကို ကားအခြောက် သတ်ထားသော တောကြက်၊တောဝက် ၊ ရှဥ့် သားခြောက် တစ်မျိုးမျိုးကို ချက်ပြီး ဟင်းပွဲပြင်ပေးရသည်။ ထိုနေရာ၌ပင် ‘’ယင်းတို့နှစ်ဦးသည် အဆိုပါ ဟင်းကိုမစားမီ စေ့စပ်လမ်းစဉ်အခါက ညှိနှိုင်းထားသည့် ဓား၊ လှံ တို့ကို တောင်းဆိုကြသည်။ သတို့သားဘက်မှ ဖခင်ဖြစ်သူက စကောတစ်ချပ်ထဲတွင် အဆိုပါ ဓားနှင့်လှံ ၊မင်္ဂလာကြေး ကို ထည့်ကာ ပေးရသည်။ ထိုကဲ့သို့ ဓားနှင့်လှံကို လက်ခံရယူပြီးသည့်အခါမှသာလျှင်’’ ပြင်ဆင်ထားသည့် ဟင်း နှင့် (ယု)ခေါင်ရည်ကို သောက်စားကြလေသည်။ပြီးနောက်’’ဆွေမျိုးဧည့်ပရိသတ်များ၏ရှေ့မှောက်တွင် သတို့သမီး ဖခင်ဖြစ်သူက သတို့သားကို နှစ်ကိုက်မျှရှည်သော အဝတ်ဖြူ တစ်စဖြင့် ခေါင်းပေါင်းပေးလိုက်ခြင်းအားဖြင့် သားမက်အဖြစ် အသိအမှတ်ပြုလေသည်။’’လက်ထပ်မင်္ဂလာပွဲ သည် အနောက်ဘက် မောင်တောနှင့်ဘင်္ဂလားဒေရ့်ဘက် က အများအားဖြင့် မင်္ဂလာပွဲ ကျင်းပပုံ တူသည်ကိုတွေ့ရသည်။ ဘူးသီးတောင် ဘက် က( ရိုင်မာ) ၊ ပုဏားကျွန်း(တင်ဆာ) နှင့် ကျောက်တော် ယိုးချောင်းဖျား(နောက်ကော)ဘက်က တူညီသည်ကိုတွေ့သည် အများအားဖြင့် မောင်တောဘက်နှင့် ဘင်္ဂလား ဘက် လက်ထပ်မင်္ဂလာကျင်းပပြုလုပ်ပုံသည် ပို ကြီးကျယ်သည်ဟု ဆိုလို့ရပါသည်။