ပျား: တည်းဖြတ်မှု မူကွဲများ

→‎ပျား: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎ပျားအမျိုးအစား: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၃ -
ပျားသည် ဟိုင်မင်နော့တာရာမျိုးစဉ်ဝင် အတောင်လေးခုရှိသော တုတ်တတ်သည့် အင်းဆက်ပိုးမျိုးဖြစ်သည်။ သားငယ်များအတွက် အလွန်အစာသိုလှောင်ကောင်းသဖြင့် ထင်ရှားသည်။ လူတို့ကဲ့သို့ပင် အဆောက်အအုံဖွဲ့၍ စုပေါင်းနေထိုင်တတ်ကြ၏။ မိမိတို့၏နေအိမ် ပျားအုံများကို ဆောက်ရာ၌ အထူးပင် ကျွမ်းကျင်လှပေသည်။ အင်းဆက်ပိုးများအနက် ပျားများသည် လူများအဖို့ အလွန်အသုံးကျသော အင်းဆက်ပိုးဖြစ်သည်။ ပျားရည်ကို ပေးရုံမက အပင်များကို တစ်ပင်နှင့်တစ်ပင် မျိုးကူးစေသဖြင့် အသီးဖွံ့ဖြိုးစေသည်။
 
==ပျားအမျိုးအစား==
ပျားမျိုးပေါင်း တစ်သောင်းခန့်ရှိ၏။ ယင်းတို့ကို ကမ္ဘာအရပ်ရပ်၌ တွေ့ကြရသည်။ အာတိတ်စက်ဝိုင်း၌လည်းကောင်း၊ သဲကန္တာရထဲ၍လည်းကောင်း၊ တောင်ပေါ်၌လည်းကောင်း ပျားများကို တွေ့နိုင်သည်။ အမေရိကအလယ်ပိုင်း၌ တွေ့ရသော ပျားမျိုးတွင် အစွယ်မရှိချေ။ အချို့ပျားများသည် သစ်ခေါင်းထဲတွင် နေ၍ အချို့သည် မြေကြီး၌ အုံဖွဲ့နေတတ်ကြသည်။
 
ပျားများကို ၂မျိုးခွဲခြားနိုင်၏။ တစ်မျိုးမှာ အစုလိုက်နေတတ်သော ပျားမျိုးဖြစ်၍ တစ်မျိုးမှာ သီးခြားနေတတ်သော ပျားမျိုး ဖြစ်၏။ ယင်းပျားနှင့်ပျားပိတုန်းသည် အစုလိုက်နေတတ်သော ပျားမျိုးဖြစ်သည်။ ယင်းတို့သည် သီးခြားနေတတ်သော ပျားမျိုးထက် ကြီးသည်။ အစုလိုက်နေတတ်သော ပျားမျိုးသည် အများအားဖြင့် တစ်လက်မ၏ ၁၂ပုံ တစ်ပုံ ရှည်၍ သီးခြားနေတတ်သော ပျားမျိုးသည် ယင်း၏ ၁၈ဆခန့် ကြီးသည်။
အစုလိုက်နေတတ်သော ပျားမျိုးတွင် ပျားဘုရင်မ၊ လုပ်သားပျားခေါ် လိင်မဲ့ပျားနှင့် ပျားထီးဟူ၍ သုံးမျိုးသုံးစား ခွဲခြားထားသည်။ ပျားအုံတစ်အုံတွင် ပျားဘုရင်မတစ်ကောင်သာ ရှိသည်။ ပျားဘုရင်မသည် ဥများအုပေးရသည်။ အခြားပျားများထက် ကိုယ်လုံးသွယ်၍ ရှည်သည်။ အတောင်တို့နှင့် ရင်အုံဝါသည်။ လုပ်သားပျားများကဲ့သို့ ဖယောင်းအိတ်နှင့် ဝတ်မှုန်အိတ်မပါချေ။ ပျားထီးများသည် ပျားမများနှင့် မျိုးပွားမှုကိစ္စ ဆောင်ရွက်ရသည်။ အခြား မည်သည့် အလုပ်ကိုမျှ လုပ်ကိုင်လေ့မရှိချေ။ လုပ်သားများထက် အကောင်ကြီး အမွေးထူ၍ မျက်လုံးလည်း ကြီးသည်။ မျိုးပွားမှု ကိစ္စဆောင်ရွက်ြပီးလျှင် ဆောင်းကူးရာသီ ရောက်သော် ယင်းပျားထီးများကို လုပ်သားပျားများက သတ်ပစ်ကြသည်။ လုပ်သားပျားများကား မဖွံ့ဖြိုးသော ပျားမများ ဖြစ်သည်။ သူတို့သည် အစာရှာရန်နှင့် မွေးလာသော ပျားကလေးများကို ကြည့်ရှုရန်အပြင် ပျားအုံကို ထိန်းသိမ်းရလေသည်။ လုပ်သားပျားမှာ ဥအုတတ်သော်လည်း၊ ယင်းဥတို့မှ ပျားထီးသာ ပေါက်သည်။ ကောင်ရေတစ်သောင်းခန့်ရှိသော ပျားအုံတစ်အုံတွင် လုပ်သားပျား ၉၅၀၀ခန့် ရှိတတ်သည်။ လုပ်သားပျားများ၏ နောက်ခြေထောက်တွင် ပျားပေါက်စများ စားသုံးဖို့ ဝတ်မှုန်ဝတ်ဆံများ စုဆောင်းသယ်ယူရန် ဝတ်မှုန်အိတ်ပါသည်။ ပိုက်အောက်၌လည်း ပျားဖယောင်းအိတ် ရှစ်အိတ်ပါသည်။
 
သီးခြားနေတတ်သော ပျားအချို့သည် သီးခြားအခန်းနှင့် ကိုယ့်မိသားစုချည်း နေတတ်သည်။ ယင်းပျားမျိုးသည် ဆောင်းရာသီတွင် သေကြေပျက်စီးတတ်ကြသော်လည်း အမများမှာမူ နွေကူးရာသီးတိုင်အောင် အသက်ရှင်နေတတ်ကြသည်။
အစုလိုက်နေတတ်သော ပျားမျိုးတွင် ပျားဘုရင်မ၊ လုပ်သားပျားခေါ် လိင်မဲ့ပျားနှင့် ပျားထီးဟူ၍ သုံးမျိုးသုံးစား ခွဲခြားထားသည်။ ပျားအုံတစ်အုံတွင် ပျားဘုရင်မတစ်ကောင်သာ ရှိသည်။ ပျားဘုရင်မသည် ဥများအုပေးရသည်။ အခြားပျားများထက် ကိုယ်လုံးသွယ်၍ ရှည်သည်။ အတောင်တို့နှင့် ရင်အုံဝါသည်။ လုပ်သားပျားများကဲ့သို့ ဖယောင်းအိတ်နှင့် ဝတ်မှုန်အိတ်မပါချေ။ ပျားထီးများသည် ပျားမများနှင့် မျိုးပွားမှုကိစ္စ ဆောင်ရွက်ရသည်။ အခြား မည်သည့် အလုပ်ကိုမျှ လုပ်ကိုင်လေ့မရှိချေ။ လုပ်သားများထက် အကောင်ကြီး အမွေးထူ၍ မျက်လုံးလည်း ကြီးသည်။ မျိုးပွားမှု ကိစ္စဆောင်ရွက်ြပီးလျှင် ဆောင်းကူးရာသီ ရောက်သော် ယင်းပျားထီးများကို လုပ်သားပျားများက သတ်ပစ်ကြသည်။ လုပ်သားပျားများကား မဖွံ့ဖြိုးသော ပျားမများ ဖြစ်သည်။ သူတို့သည် အစာရှာရန်နှင့် မွေးလာသော ပျားကလေးများကို ကြည့်ရှုရန်အပြင် ပျားအုံကို ထိန်းသိမ်းရလေသည်။ လုပ်သားပျားမှာ ဥအုတတ်သော်လည်း၊ ယင်းဥတို့မှ ပျားထီးသာ ပေါက်သည်။ ကောင်ရေတစ်သောင်းခန့်ရှိသော ပျားအုံတစ်အုံတွင် လုပ်သားပျား ၉၅၀၀ခန့် ရှိတတ်သည်။ လုပ်သားပျားများ၏ နောက်ခြေထောက်တွင် ပျားပေါက်စများ စားသုံးဖို့ ဝတ်မှုန်ဝတ်ဆံများ စုဆောင်းသယ်ယူရန် ဝတ်မှုန်အိတ်ပါသည်။ ပိုက်အောက်၌လည်း ပျားဖယောင်းအိတ် ရှစ်အိတ်ပါသည်။
 
သီးခြားနေတတ်သော ပျားအချို့သည် သီးခြားအခန်းနှင့် ကိုယ့်မိသားစုချည်း နေတတ်သည်။ ယင်းပျားမျိုးသည် ဆောင်းရာသီတွင် သေကြေပျက်စီးတတ်ကြသော်လည်း အမများမှာမူ နွေကူးရာသီးတိုင်အောင်နွေဦးရာသီတိုင်အောင် အသက်ရှင်နေတတ်ကြသည်။
 
==ပျားတို့၏ခန္ဓာတည်ဆောက်ပုံ==
ပျားများ၌ အခြားအင်းဆက်ပိုးများကဲ့သို့ ဦးခေါင်းပိုင်း၊ ရင်ပိုင်းနှင့်ဝမ်းပိုင်းဟူ၍ အပိုင်းသုံးပိုင်းရှိ၏။ ဦးခေါင်းနှင့် ရင်ပိုင်း၌ အမွေးငယ်များ ပါရှိသည်။ ပန်းဝတ်ရည်ကို စုတ်ယူရန်အတွက် အလွန်ကောင်းသော ပါးစပ်ရှိသည်။ ပျားများ၏ ကိုယ်ခန္ဓာရှိ မျက်စိ၊ ဦးမှင်၊ ပါးစပ်၊ အတောင်နှင့် အစွယ်များသည် ပျား၏တန်ဆာပလာများပင် ဖြစ်သည်။ အစာစုဆောင်းခြင်း ပျားအုံထိန်းသိမ်းခြင်းနှင့် ရန်သူဘေးရန်မှ ကာကွယ်ခြင်းတို့ကို ယင်းတို့၏ အကူအညီဖြင့် ပြုလုပ်ရသည်။
"https://my.wikipedia.org/wiki/ပျား" မှ ရယူရန်