ပျား: တည်းဖြတ်မှု မူကွဲများ

→‎ပျားအမျိုးအစား: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎ပျားတို့၏ခန္ဓာတည်ဆောက်ပုံ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၃ -
 
==ပျားတို့၏ခန္ဓာတည်ဆောက်ပုံ==
ပျားများ၌ အခြားအင်းဆက်ပိုးများကဲ့သို့ ဦးခေါင်းပိုင်း၊ ရင်ပိုင်းနှင့်ဝမ်းပိုင်းဟူ၍ အပိုင်းသုံးပိုင်းရှိ၏။ ဦးခေါင်းနှင့် ရင်ပိုင်း၌ အမွေးငယ်များ ပါရှိသည်။ ပန်းဝတ်ရည်ကို စုတ်ယူရန်အတွက် အလွန်ကောင်းသော ပါးစပ်ရှိသည်။ ပျားများ၏ ကိုယ်ခန္ဓာရှိ မျက်စိ၊ ဦးမှင်၊ ပါးစပ်၊ အတောင်နှင့် အစွယ်များသည် ပျား၏တန်ဆာပလာများပင် ဖြစ်သည်။ အစာစုဆောင်းခြင်း ပျားအုံထိန်းသိမ်းခြင်းနှင့် ရန်သူဘေးရန်မှ ကာကွယ်ခြင်းတို့ကို ယင်းတို့၏ အကူအညီဖြင့် ပြုလုပ်ရသည်။
 
ပျားတွင် မျက်လုံး၅လုံးရှိသည့်အနက် ၃လုံးမှာ အလွန်သေးငယ်၏။ ယင်းတို့သည် ဦးခေါင်းထိပ်ပိုင်း၌ သုံးလုံး ဖိုခနောက်ဆိုင်တည်၏။ ကျန်မျက်လုံး ၂လုံးမှာ ကြီးမား၍ မျက်ပေါင်းများ ဖြစ်၏။ ယင်းတို့၌ ဖေးစက်ခေါ် ၆ မျက်နှာရှိ၍ အကွက်ကလေးများ ထောင်နှင့်ချီ၍ ပါရှိ၏။ ဤဖေးစက်ကလေးများသည် မျက်လုံးကလေးများပင် ဖြစ်၏။ ပျားများသည် မြင်မှုအာရုံထက်သန်သော်လည်း အချို့အရောင်များကို မသိရှိကြပေ။ သို့သော် မည်သည့် ပန်းမျိုး၌ ပန်းဝတ်ရည် အများဆုံး ရနိုင်မည်ကိုသိ၏။ တနေရာမှတနေရာသို့ သွားလာရာ၌ မျက်လုံးများကိုပင် သုံး၏။ အစာကို ရယူပြီးသည်နှင့် အထက်သို့ ထိုးပျံ၍ ပျားအုံရှိရာသို့ ပြန်လာကြသည်။
:ဦးခေါင်းထိပ်၌ရှိသော ဦးမှင်များကို နှာခေါင်းကဲ့သို့ အနံ့ခံရာ၌ သုံး၏။ ဦးမှင်ထိပ်၌ အနံ့သိမှုအတွက် အင်္ဂါများပါရှိ၏။ ပျားထီးများ၌ အနံ့သိမှုအင်္ဂါများ ပို၍ ပါရှိသဖြင့် အနံ့သိမှု အာရုံပို၍ထက်၏။ မိတ်လိုက်ရန် ပျားဘုရင်မများရှိရာသို့ ယင်းသို့ အနံ့ခံ၍ သွားတတ်၏။ ပျားဘုရင်မများသည် အစာလည်းမရှာ မိတ်လည်းလိုက်ရန် မလိုသဖြင့် အနံ့သိမှုအာရုံသည် ပျားထီးများလောက် မထက်မြက်ချေ။ ပျားများအဖို့ အနံ့သိမှုအာရုံသည် အထူးအရေးကြီး၏။ တစ်မိုင်မျှကျယ်သော ရေပြင်ခြားနေသော်လည်း မိမိတို့၏ အစာဖြစ်သော ပန်းများကို အနံ့ခံ၍ သိရှိကြ၏။ ယင်းတို့၏ အနံ့သိမှုအာရုံမှာ လူများမှာထက်ပို၍ ထက်မြက်ပေသည်။
ပျားပါးစပ်တွင် အရေးကြီးသော အစိတ်အပိုင်း ၂ပိုင်းပါဝင်၏။ တစ်ပိုင်းမှာ အစာများကို စုသိမ်းရန် လျှာဖြစ်၍ အခြားတစ်ပိုင်းမှာ မေးရိုးဖြစ်၏။ လုပ်သားပျား၏ လျှာသည် ရှည်လျား၍ ပြွန်ကဲ့သို့ ဖြစ်နေ၏။ လျှာထိပ်ဖျား၌ အမွေးရှိသော အကွက်တစ်ခုရှိသည်။ လျှာဖြင့် ပန်းဝတ်ရည်များကို စုတ်ယူ၏။ မေးရိုးသည် ကတ်ကျေးနှင့်တူ၏။ ပျားဘုရင်မ၏မေးရိုး၌ ကိုက်ဖြတ်ရန် သွားများပါရှိ၏။ လုပ်သားပျားများသည် မေးရိုးများဖြင့် ပျားဖယောင်းများကို ပုံသွင်းယူကြ၏။
 
ပျားကောင်သည် သေးငယ်သော်လည်း သူတို့အတောင်များကို ထိန်းသိမ်းပေးသော ကြွက်သားသည် အလွန်စွမ်းသည်။ ထို့ကြောင့် မိမိတို့ကိုယ်ထက် လေးလံသော ပစ္စည်းများကိုပင် သယ်ဆောင်သွားနိုင်ကြသည်။ အတောင်ကို တစ်မိနစ်လျှင် အကြိမ်ပေါင်း ၁၂၀၀၀ခန့် ခတ်၍ ပျံသန်းနိုင်သည်။ အတောင်များကို ပန်ကာကဲ့သို့ ပတ်ချာလည်လှည့်နိုင်၏။
ပျားပါးစပ်တွင် အရေးကြီးသော အစိတ်အပိုင်း ၂ပိုင်းပါဝင်၏။ တစ်ပိုင်းမှာ အစာများကို စုသိမ်းရန် လျှာဖြစ်၍ အခြားတစ်ပိုင်းမှာ မေးရိုးဖြစ်၏။ လုပ်သားပျား၏ လျှာသည် ရှည်လျား၍ ပြွန်ကဲ့သို့ ဖြစ်နေ၏။ လျှာထိပ်ဖျား၌ အမွေးရှိသော အကွက်တစ်ခုရှိသည်။ လျှာဖြင့် ပန်းဝတ်ရည်များကို စုတ်ယူ၏။ မေးရိုးသည် ကတ်ကျေးနှင့်တူ၏။ ပျားဘုရင်မ၏မေးရိုး၌ ကိုက်ဖြတ်ရန် သွားများပါရှိ၏။ လုပ်သားပျားများသည် မေးရိုးများဖြင့် ပျားဖယောင်းများကို ပုံသွင်းယူကြ၏။
ပျား၌ ခြေခြောက်ချောင်းရှိသည်။ ခြေချောင်းများ၌ သေးငယ်သော လက်သည်းနှင့်စေးကပ်သော ခြေဖျားများ ပါရှိ၏။ ထို့ကြောင့် ပွင့်ဖတ်များကို တွဲလွဲခိုခြင်း၊ ပျားလပို့တွင် ပတ်လက်လျှောက်ခြင်းများကို ကောင်းစွာပြုနိုင်သည်။ ခြေတွင် အစေးပါသဖြင့် ဝတ်မှုန်ကပ်၍ ပါနိုင်ရာ ဤသို့အားဖြင့် တစ်ပင်မှတစ်ပင်သို့ ဝတ်မှုန်ကူးစေနိုင်သည်။
:ပျားကောင်သည် သေးငယ်သော်လည်း သူတို့အတောင်များကို ထိန်းသိမ်းပေးသော ကြွက်သားသည် အလွန်စွမ်းသည်။ ထို့ကြောင့် မိမိတို့ကိုယ်ထက် လေးလံသော ပစ္စည်းများကိုပင် သယ်ဆောင်သွားနိုင်ကြသည်။ အတောင်ကို တစ်မိနစ်လျှင် အကြိမ်ပေါင်း ၁၂၀၀၀ခန့် ခတ်၍ ပျံသန်းနိုင်သည်။ အတောင်များကို ပန်ကာကဲ့သို့ ပတ်ချာလည်လှည့်နိုင်၏။
ပျား၌ ရန်သူကို ကာကွယ်ရန် အစွယ်ရှိ၏။ အစွယ်သည် ဝမ်းပိုင်းနောက်နားတွင် ရှိသည်။ အစွယ်သည် ကိုယ်အလျား၏သုံးပုံတစ်ပုံခန့် ရှည်၏။ လုပ်သားပျားများသည် ရန်သူအား အစွယ်ဖြင့် တုတ်၍ ခုခံကြရာ၌ သေကြရ၏။ မိမိတို့ အစွယ်များကို ရန်သူ၏ကိုယ်တွင်း ထိုးလိုက်ပြီးနောက် ပြန်၍ မနုတ်ယူနိုင်ကြပေ။ ထို့ကြောင့် သူတို့၏အသက် အန္တရာယ်မပြုသရွေ့ ပျားတို့သည် တုတ်လေ့မရှိချေ။ ပျားဘုရင်မများကမူ ရန်သူကို အစွယ်ဖြင့် တုတ်ပြီးနောက် ပြန်လည်နုတ်ယူနိုင်၏။ ပြိုင်ဖက်ပျားဘုရင်မချင်းသတ်ရာ၌ အစွယ်ြဖင့် ထိုးသတ်လေ့ရှိကြသည်။ ပျား၏အစွယ်တွင် ဖောမစ်အက်ဆစ်ပါသဖြင့် ပျားတုတ်ခံရသူသည် အစွယ်ကို ညှစ်မထုတ်ဘဲ ခွဲထုတ်ယူသင့်သည်။ ညှစ်ထုတ်ပါက ယင်းအဆိစ်များ အသားထဲသို့ဝင်၍ ကိုက်ခဲနာကျင်တတ်သည်။
 
ပျားဘုရင်မသည် မိတ်လိုက်ရန်အတွက် လေထဲ၌ ဝဲပျံနေတတ်၏။ ထိုအခါ ပျားထီးများ ထွက်လာ၍ လိုက်ကြ၏။ ပျားဘုရင်မသည် အမြင့်ဆုံးသို့ ပျံတက်ရာ၌ အသန်မာဆုံးပျားထီးသည် ယင်း၏နောက် လိုက်၍ မိတ်ဖက်ကြ၏။ မိတ်ဖက်ပြီးနောက် ပျားထီးသည် သေဆုံးသွားလေသည်။ ပျားဘုရင်မသည် ပျားအုံသို့ ပြန်လာ၍ ဥများအု၏။ တစ်ကြိမ်မိတ်လိုက်ရုံနှင့် ပျားဘုရင်မသည် တစ်သက်လုံး ဥများအုနိုင်၏။ တစ်နေ့လျှင် ဥပေါင်း ၅၀၀၀ အထိ အုနိုင်သည်။ မသေမီ ဥပေါင်း တစ်ကုဋေမျှ အုနိုင်သည်။ ပျားဘုရင်မ၏သက်တမ်းသည် ၃-၄နှစ် ဖြစ်၏။ အချို့မှာလည်း ၁၅နှစ်အထိပင် အသက်ရှင်နေနိုင်၏။
ပျား၌ ခြေခြောက်ချောင်းရှိသည်။ ခြေချောင်းများ၌ သေးငယ်သော လက်သည်းနှင့်စေးကပ်သော ခြေဖျားများ ပါရှိ၏။ ထို့ကြောင့် ပွင့်ဖတ်များကို တွဲလွဲခိုခြင်း၊ ပျားလပို့တွင် ပတ်လက်လျှောက်ခြင်းများကို ကောင်းစွာပြုနိုင်သည်။ ခြေတွင် အစေးပါသဖြင့် ဝတ်မှုန်ကပ်၍ ပါနိုင်ရာ ဤသို့အားဖြင့် တစ်ပင်မှတစ်ပင်သို့ ဝတ်မှုန်ကူးစေနိုင်သည်။
 
ပျား၌ ရန်သူကို ကာကွယ်ရန် အစွယ်ရှိ၏။ အစွယ်သည် ဝမ်းပိုင်းနောက်နားတွင် ရှိသည်။ အစွယ်သည် ကိုယ်အလျား၏သုံးပုံတစ်ပုံခန့် ရှည်၏။ လုပ်သားပျားများသည် ရန်သူအား အစွယ်ဖြင့် တုတ်၍ ခုခံကြရာ၌ သေကြရ၏။ မိမိတို့ အစွယ်များကို ရန်သူ၏ကိုယ်တွင်း ထိုးလိုက်ပြီးနောက် ပြန်၍ မနုတ်ယူနိုင်ကြပေ။ ထို့ကြောင့် သူတို့၏အသက် အန္တရာယ်မပြုသရွေ့ ပျားတို့သည် တုတ်လေ့မရှိချေ။ ပျားဘုရင်မများကမူ ရန်သူကို အစွယ်ဖြင့် တုတ်ပြီးနောက် ပြန်လည်နုတ်ယူနိုင်၏။ ပြိုင်ဖက်ပျားဘုရင်မချင်းသတ်ရာ၌ အစွယ်ြဖင့် ထိုးသတ်လေ့ရှိကြသည်။ ပျား၏အစွယ်တွင် ဖောမစ်အက်ဆစ်ပါသဖြင့် ပျားတုတ်ခံရသူသည် အစွယ်ကို ညှစ်မထုတ်ဘဲ ခွဲထုတ်ယူသင့်သည်။ ညှစ်ထုတ်ပါက ယင်းအဆိစ်များ အသားထဲသို့ဝင်၍ ကိုက်ခဲနာကျင်တတ်သည်။
 
ပျားဘုရင်မသည် မိတ်လိုက်ရန်အတွက် လေထဲ၌ ဝဲပျံနေတတ်၏။ ထိုအခါ ပျားထီးများ ထွက်လာ၍ လိုက်ကြ၏။ ပျားဘုရင်မသည် အမြင့်ဆုံးသို့ ပျံတက်ရာ၌ အသန်မာဆုံးပျားထီးသည် ယင်း၏နောက် လိုက်၍ မိတ်ဖက်ကြ၏။ မိတ်ဖက်ပြီးနောက် ပျားထီးသည် သေဆုံးသွားလေသည်။ ပျားဘုရင်မသည် ပျားအုံသို့ ပြန်လာ၍ ဥများအု၏။ တစ်ကြိမ်မိတ်လိုက်ရုံနှင့် ပျားဘုရင်မသည် တစ်သက်လုံး ဥများအုနိုင်၏။ တစ်နေ့လျှင် ဥပေါင်း ၅၀၀၀ အထိ အုနိုင်သည်။ မသေမီ ဥပေါင်း တစ်ကုဋေမျှ အုနိုင်သည်။ ပျားဘုရင်မ၏သက်တမ်းသည် ၃-၄နှစ် ဖြစ်၏။ အချို့မှာလည်း ၁၅နှစ်အထိပင် အသက်ရှင်နေနိုင်၏။
 
==ပျားအုံ တည်ဆောက်ပုံ==
ပျားအုံတစ်ခု၌ ကောင်ရေများလာသောအခါ ပျားတို့သည် အခြားတစ်နေရာသို့ ပြောင်း၍ ပျားအုံအသစ်ဖွဲ့တတ်ကြ၏။ ပျားတို့သည် ပျားအုံဟောင်းမှ မထွက်ခွာမီ ပျားရည်ကို နင့်အောင် စားသုံးထားကြ၏။ သို့မှသာ အိုးအိမ်အသစ်မထူထောင်နိုင်မီ အဆာခံနိုင်ပေလိမ့်မည်။ ပျားအုံပြုလုပ်ရန် နေရာကိုတွေ့သည်နှင့် တစ်ပြိုင်နက် ပျားဘုရင်မနှင့်ပါသွားသောလုပ်သားများတို့သည် ပျားအုံခေါင်းမှအောက်ခြေအထိ တစ်ကောင်နှင့်တစ်ကောင်တွယ်၍ ကန့်လန့်ကာကဲ့သို့ တန်းနကြလေသည်။ ယင်းသို့တန်းနေယင်း သူတို့၏ကိုယ်တွင်းမှ ဖယောင်းကို ညွှစ်ထုတ်ပြီးနောက် ခြေထောက်ဖြင့် ပွတ်ယူကြသည်။ ပျော့ပျောင်း၍ လိုသလို ပြုပြင်နိုင်သော ပျားဖယောင်းဖြင့် အခန်းများ ဆောက်လုပ်ကြရာ ခြောက်ထောင့် အခန်းများ တသီတတန်းတည်း အောက်ဖက်သို့ ထိုးထွက်လာသည်။
"https://my.wikipedia.org/wiki/ပျား" မှ ရယူရန်