ပျား: တည်းဖြတ်မှု မူကွဲများ

→‎ပျားတို့၏ခန္ဓာတည်ဆောက်ပုံ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎ပျားအုံ တည်ဆောက်ပုံ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂၈ -
 
==ပျားအုံ တည်ဆောက်ပုံ==
ပျားအုံတစ်ခု၌ ကောင်ရေများလာသောအခါ ပျားတို့သည် အခြားတစ်နေရာသို့ ပြောင်း၍ ပျားအုံအသစ်ဖွဲ့တတ်ကြ၏။ ပျားတို့သည် ပျားအုံဟောင်းမှ မထွက်ခွာမီ ပျားရည်ကို နင့်အောင် စားသုံးထားကြ၏။ သို့မှသာ အိုးအိမ်အသစ်မထူထောင်နိုင်မီ အဆာခံနိုင်ပေလိမ့်မည်။ ပျားအုံပြုလုပ်ရန် နေရာကိုတွေ့သည်နှင့် တစ်ပြိုင်နက် ပျားဘုရင်မနှင့်ပါသွားသောလုပ်သားများတို့သည် ပျားအုံခေါင်းမှအောက်ခြေအထိ တစ်ကောင်နှင့်တစ်ကောင်တွယ်၍ ကန့်လန့်ကာကဲ့သို့ တန်းနကြလေသည်။တန်းနေကြလေသည်။ ယင်းသို့တန်းနေယင်း သူတို့၏ကိုယ်တွင်းမှ ဖယောင်းကို ညွှစ်ထုတ်ပြီးနောက် ခြေထောက်ဖြင့် ပွတ်ယူကြသည်။ ပျော့ပျောင်း၍ လိုသလို ပြုပြင်နိုင်သော ပျားဖယောင်းဖြင့် အခန်းများ ဆောက်လုပ်ကြရာ ခြောက်ထောင့် အခန်းများ တသီတတန်းတည်း အောက်ဖက်သို့ ထိုးထွက်လာသည်။
 
==ပျားများ ပေါက်ပွားပုံ==
အခန်းတော်တော်များများ အဆင်သင့် ဖြစ်သည်နှင့် တစ်ပြိုင်နက် ပျားဘုရင်မသည် အပျိုဖော်ရံရွှေတော်များ ခြံရံ၍ အခန်းတွင်းသို့ ဝင်ကာ ဥတစ်လုံးစီ အုချလေသည်။ ပျားမိခင် ပျားဘုရင်မသည် မိမိအုခဲ့သော ဥများမှ မည်သည့်ပျားမျိုး ပေါက်လာမည်ကို သိသည့် အားလျော်စွာ ပျားဘုရင်မပေါက်လာမည့် ဥအတွက် သာမန်အခန်းထက် ကြီးသော အခန်းတစ်ခုကို ရွေးချယ်လေသည်။ ပျားထီးပေါက်မည့်ဥကိုမူ လုပ်သားပျားပေါက်မည့် ဥအုချသည့် အခန်းထက် ကြီးသော အခန်းတွင် အုသည်။ ပျားဘုရင်မ၏ဥအုသောလုပ်ငန်းပြီးလုနီးတွင် ပထမဆုံးဥခဲ့သော ဥများကစ၍ ပေါက်လာကြသည်။ ဥသည် ဖြူပြာပြာ မျဉ်းကွေးကလေးသဏ္ဍာန်ဖြစ်သည်။ ပထမသုံးလေးရက်တွင် အခန်းအောက်ဖက်၌ ကပ်နေတတ်ကြသည်။ ထို့နောက် လေးရက်လွန်သော် လုပ်သားပျားတို့က ရှာဖွေထားသော ပျားရည်နှင့် ဝတ်မှုန်ရောသည့် အစာများကို ကျွေးကြသည်။ အာဟာရအရှိဆုံးအစာကို ရရှိသည့် ပိုးလောင်းသည် ပျားဘုရင်မဖြစ်လာသည်။ ငါးရက်ရသောအခါ ယင်းပိုင်းလောင်းများကို လုပ်သားပျားများက အခန်းထဲ၌ ဖယောင်းဖြင့် အလုံပိတ်ထားကြသည်။ ထိုသို့ အခန်းအောင်းနေရစဉ် ပိုးလောင်းသည် ပိုးချည်ကဲ့သို့သော အမျှင်များနှင့် မိမိတို့ကိုယ်ကို မိမိတို့ ရစ်ပတ်၍ အိမ်ဖွဲ့ကြသည်။ ယင်းသို့ ပိုးအိမ်ဖွဲ့၍ နေသော ပျား၏ဘဝကို ပိုးတုံးလုံးဟု ခေါ်ကြ၏။ ပိုးတုံးလုံးဘဝမှ အင်္ဂါစုံ ပျားဘဝသို့ ၉ရက် ၁၀ရက်အတွင်း ရောက်လာကြသည်။ ပျားဘုရင်မသည် ဥဘဝမှ အင်္ဂါစုံ ပျားဘဝသို့ ၁၅ရက်အတွင်း ရောက်လာ၍ ပျားထီးသည် ၂၄ရက်အတွင်း ရောက်လာပြီးလျှင် လုပ်သားပျားသည် ၂၁ရက်အတွင်း ရောက်လာသည်။
"https://my.wikipedia.org/wiki/ပျား" မှ ရယူရန်