ပျား: တည်းဖြတ်မှု မူကွဲများ

→‎ပျားအုံ တည်ဆောက်ပုံ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎ပျားများ ပေါက်ပွားပုံ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၃၁ -
 
==ပျားများ ပေါက်ပွားပုံ==
အခန်းတော်တော်များများ အဆင်သင့် ဖြစ်သည်နှင့် တစ်ပြိုင်နက် ပျားဘုရင်မသည် အပျိုဖော်ရံရွှေတော်များ ခြံရံ၍ အခန်းတွင်းသို့ ဝင်ကာ ဥတစ်လုံးစီ အုချလေသည်။ ပျားမိခင် ပျားဘုရင်မသည် မိမိအုခဲ့သော ဥများမှ မည်သည့်ပျားမျိုး ပေါက်လာမည်ကို သိသည့် အားလျော်စွာ ပျားဘုရင်မပေါက်လာမည့် ဥအတွက် သာမန်အခန်းထက် ကြီးသော အခန်းတစ်ခုကို ရွေးချယ်လေသည်။ ပျားထီးပေါက်မည့်ဥကိုမူ လုပ်သားပျားပေါက်မည့် ဥအုချသည့် အခန်းထက် ကြီးသော အခန်းတွင် အုသည်။ ပျားဘုရင်မ၏ဥအုသောလုပ်ငန်းပြီးလုနီးတွင် ပထမဆုံးဥခဲ့သော ဥများကစ၍ ပေါက်လာကြသည်။ ဥသည် ဖြူပြာပြာ မျဉ်းကွေးကလေးသဏ္ဍာန်ဖြစ်သည်။ ပထမသုံးလေးရက်တွင် အခန်းအောက်ဖက်၌ ကပ်နေတတ်ကြသည်။ ထို့နောက် လေးရက်လွန်သော် လုပ်သားပျားတို့က ရှာဖွေထားသော ပျားရည်နှင့် ဝတ်မှုန်ရောသည့် အစာများကို ကျွေးကြသည်။ အာဟာရအရှိဆုံးအစာကို ရရှိသည့် ပိုးလောင်းသည် ပျားဘုရင်မဖြစ်လာသည်။ ငါးရက်ရသောအခါ ယင်းပိုင်းလောင်းများကို လုပ်သားပျားများက အခန်းထဲ၌ ဖယောင်းဖြင့် အလုံပိတ်ထားကြသည်။ ထိုသို့ အခန်းအောင်းနေရစဉ် ပိုးလောင်းသည် ပိုးချည်ကဲ့သို့သော အမျှင်များနှင့် မိမိတို့ကိုယ်ကို မိမိတို့ ရစ်ပတ်၍ အိမ်ဖွဲ့ကြသည်။ ယင်းသို့ ပိုးအိမ်ဖွဲ့၍ နေသော ပျား၏ဘဝကို ပိုးတုံးလုံးဟု ခေါ်ကြ၏။ ပိုးတုံးလုံးဘဝမှ အင်္ဂါစုံ ပျားဘဝသို့ ၉ရက် ၁၀ရက်အတွင်း ရောက်လာကြသည်။ ပျားဘုရင်မသည် ဥဘဝမှ အင်္ဂါစုံ ပျားဘဝသို့ ၁၅ရက်အတွင်း ရောက်လာ၍ ပျားထီးသည် ၂၄ရက်အတွင်း ရောက်လာပြီးလျှင် လုပ်သားပျားသည် ၂၁ရက်အတွင်း ရောက်လာသည်။
 
ပျားသည် အင်္ဂါစုံပျားဘဝသို့ ရောက်သည်နှင့်တစ်ပြိုင်နက် အခန်းတွင်းမှ ထွက်လာကြသည်။ သူတို့သည် အခြားပျားများနှင့်အတူ ပျားအုံအပေါက်ဝမှ ဘုရင်မရှိရာ အခန်းတွင်းသို့ သွားရာလမ်းတစ်လျှောက် တစ်ထောက်တစ်ထောက်မှ အတောင်များကို အတင်းခတ်ကာ ပျားအုံအေးမြလာစေရန် ပြုလုပ်ပေးသည်။ သို့ရာတွင် ဘုရင်မလောင်း ပျားမင်းသမီးသည် ဘုရင်မရှိသရွေ့ကာလပတ်လုံး အခန်းတွင်းမှ ထွက်မလာတော့ချေ။ ပျားမင်းသမီး၏အသံကြားရုံဖြင့် ပျားဘုရင်မသည် ယင်းအခန်းသို့ သွားကာ အဆိပ်ဆူးဖြင့် တုတ်သတ်တတ်သည်။ ပျားတစ်အုံတွင် ပျားမင်းသမီး ခုနှစ်ကောင် ရှစ်ကောင်ခန့် ပါရှိတတ်သည်။ ပျားအုံတွင် ပျားမျိုးစုံ ပြည့်သွားသည့်အခါ ပျားဘုရင်မသည် လုပ်သားပျားအနည်းငယ်နှင့်အတူ ပျားအုံသစ်လုပ်ရန် ထွက်သွားတတ်သည်။ သူ့ကိုယ်တွင်လည်း အုရန် ဥထောင်ပေါင်းများစွာ ရှိနေသေးသည်။ ပျားဘုရင်မထွက်သွားပြီးသည်နောက်မှ ပျားမင်းသမီးသည် အခန်းတွင်းမှ ထွက်လာ၍ ကျန်ရစ်သော လုပ်သားပျားတို့၏စောင့်ရှောက်ပြုစုမှုကို ခံယူသည်။ ထို့နောက် ပျားမင်းသမီးသည် မိတ်ဖက်ပြုရန် ပျားအုံမှ ပျံထွက်သွားတတ်သည်။
 
==ပျားတို့၏ လူတို့အပေါ် အကျိုးပြုချက်==
ပျားရည်သည် လူကြိုက်များသောအာဟာရတစ်မျိုးဖြစ်၏။ ယင်းကို သစ်တောများ၌ ရှာဖွေယူကြရ၏။ ယခုအခါ၌ ပျားရည်အလို့ငှာ ပျားကို စီးပွားဖြစ် မွေးမြူကြသည်။ ပျားအုံမှရသော ပျားဖယောင်းကို ဖယောင်းတိုင်များ ပြုလုပ်၍လည်း သုံးကြ၏။ လိမ်းဆေးများ ဖော်စပ်ရာ၌လည်း ပျားဖယောင်းများကိုသုံး၏။ ထို့အပြင် ပျားတို့၏ လူတို့အပေါ် အခြားအကျိုးပြုချက်တစ်ရပ်ကား သစ်သီးများ ပိုမိုထွက်စေခြင်းပင် ဖြစ်သည်။ ပျားတို့သည် တစ်ပင်မှတစ်ပင် ကူးလူးပျံသန်းလျက်ရှိကြရာ ကူးယှက် မျိုးတည်မှု ဖြစ်စေသည်။
"https://my.wikipedia.org/wiki/ပျား" မှ ရယူရန်