ပျား: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
ပုံထည့်
စာကြောင်း ၁ -
[[File:Melittosphex burmensis.jpg|thumb|''[[Melittosphex burmensis]]'', Cretaceousကာလ အစောပိုင်း (လွန်ခဲ့သော နှစ်သန်း ၁၀၀မှ ၁၄၅ မှ) [[မြန်မာ]]မှ[[ပယင်းကျောက်]]အတွင်း ဖြစ်တည်နေသော ကျောက်ဖြစ် ပျားရုပ်ကြွင်း]]
"ပျားကို ပုံပြု၊ ခြကိုတု၊ ရမှုဥစ္စာ၊ ရတနာ" ဟူ၍လည်းကောင်း၊ "သင်ကြားပညာ၊ ပစ္စည်းရှာ၊ ပမာပျားသဏ္ဌာန်"ဟူ၍ လည်းကောင်း ဆိုရိုးရှိခဲ့သည်။ ပညာကိုဖြစ်စေ၊ ဥစ္စာကို ဖြစ်စေ ရှာဖွေစုဆောင်းသူတို့သည် ခြကောင်နှင့် ပျားကောင်များကို အတုယူကာ အနည်းငယ် ဖြစ်စေကာမူ မပျောက်မပျက်အောင် တဖြည်းဖြည်း စုဆောင်းထားပါက နောင်ပညာရှိကြီး ဥစ္စာရှင်ကြီးအဖြစ်သို့ ရောက်နိုင်ကြပေမည် ဖြစ်သည်။ ပျားတို့သည် အင်းဆက်ပိုးမျှသာဖြစ်သော်လည်း အုံဖွဲ့ပုံ၊ ဝေကျပုံတာဝန်ကို အသီးအသီးမတွယ်ကပ်ဘဲ ထမ်းဆောင်ကြပုံတို့မှာ စံနစ်တကျရှိလှသဖြင့် အင်းဆက်ပိုးအပေါင်းတို့တွင် အလွန်မှတ်သားနည်းယူဖွယ်ရာ ကောင်းပေသည်။ မြန်မာနိုင်ငံတွင် ပျားကြီး၊ ယင်းပျား၊ သစ်ခေါင်းပျား၊ ခွေးလှေးပျားနှင့် မွေးလိမ်ပျားဟူ၍ ပျားငါးမျိုးအထင်အရှား ရှိလေသည်။ ထိုပျားများအနက် ပျားကြီး၊ ယင်းပျားနှင့်သစ်ခေါင်းပျားများမှ ပျားရည် အမြောက်အများ ရရှိကြ၏။ ယင်းပျားအုံများကို တစ်ခါတစ်ရံ မြို့တွင်း၌ပင် တွေ့ရှိရတတ်၍၊ ပျားကြီးအုံများကိုမူ တောနက်တွင်းရှိ သစ်ပင်မြင့်များပေါ်၌သာ တွေ့ရတတ်သည်။
 
ပျားသည် ဟိုင်မင်နော့တာရာမျိုးစဉ်ဝင် အတောင်လေးခုရှိသော တုတ်တတ်သည့် အင်းဆက်ပိုးမျိုးဖြစ်သည်။ သားငယ်များအတွက် အလွန်အစာသိုလှောင်ကောင်းသဖြင့် ထင်ရှားသည်။ လူတို့ကဲ့သို့ပင် အဆောက်အအုံဖွဲ့၍ စုပေါင်းနေထိုင်တတ်ကြ၏။ မိမိတို့၏နေအိမ် ပျားအုံများကို ဆောက်ရာ၌ အထူးပင် ကျွမ်းကျင်လှပေသည်။ အင်းဆက်ပိုးများအနက် ပျားများသည် လူများအဖို့ အလွန်အသုံးကျသော အင်းဆက်ပိုးဖြစ်သည်။ ပျားရည်ကို ပေးရုံမက အပင်များကို တစ်ပင်နှင့်တစ်ပင် မျိုးကူးစေသဖြင့် အသီးဖွံ့ဖြိုးစေသည်။
 
==ပျားအမျိုးအစား==
ပျားမျိုးပေါင်း တစ်သောင်းခန့်ရှိ၏။ ယင်းတို့ကို ကမ္ဘာအရပ်ရပ်၌ တွေ့ကြရသည်။ အာတိတ်စက်ဝိုင်း၌လည်းကောင်း၊ သဲကန္တာရထဲ၍လည်းကောင်း၊ တောင်ပေါ်၌လည်းကောင်း ပျားများကို တွေ့နိုင်သည်။ အမေရိကအလယ်ပိုင်း၌ တွေ့ရသော ပျားမျိုးတွင် အစွယ်မရှိချေ။ အချို့ပျားများသည် သစ်ခေါင်းထဲတွင် နေ၍ အချို့သည် မြေကြီး၌ အုံဖွဲ့နေတတ်ကြသည်။
စာကြောင်း ၂၃ -
ပျား၌ ခြေခြောက်ချောင်းရှိသည်။ ခြေချောင်းများ၌ သေးငယ်သော လက်သည်းနှင့်စေးကပ်သော ခြေဖျားများ ပါရှိ၏။ ထို့ကြောင့် ပွင့်ဖတ်များကို တွဲလွဲခိုခြင်း၊ ပျားလပို့တွင် ပတ်လက်လျှောက်ခြင်းများကို ကောင်းစွာပြုနိုင်သည်။ ခြေတွင် အစေးပါသဖြင့် ဝတ်မှုန်ကပ်၍ ပါနိုင်ရာ ဤသို့အားဖြင့် တစ်ပင်မှတစ်ပင်သို့ ဝတ်မှုန်ကူးစေနိုင်သည်။
 
ပျား၌ ရန်သူကို ကာကွယ်ရန် အစွယ်ရှိ၏။ အစွယ်သည် ဝမ်းပိုင်းနောက်နားတွင် ရှိသည်။ အစွယ်သည် ကိုယ်အလျား၏သုံးပုံတစ်ပုံခန့် ရှည်၏။ လုပ်သားပျားများသည် ရန်သူအား အစွယ်ဖြင့် တုတ်၍ ခုခံကြရာ၌ သေကြရ၏။ မိမိတို့ အစွယ်များကို ရန်သူ၏ကိုယ်တွင်း ထိုးလိုက်ပြီးနောက် ပြန်၍ မနုတ်ယူနိုင်ကြပေ။ ထို့ကြောင့် သူတို့၏အသက် အန္တရာယ်မပြုသရွေ့ ပျားတို့သည် တုတ်လေ့မရှိချေ။ ပျားဘုရင်မများကမူ ရန်သူကို အစွယ်ဖြင့် တုတ်ပြီးနောက် ပြန်လည်နုတ်ယူနိုင်၏။ ပြိုင်ဖက်ပျားဘုရင်မချင်းသတ်ရာ၌ အစွယ်ြဖင့် ထိုးသတ်လေ့ရှိကြသည်။ ပျား၏အစွယ်တွင် ဖောမစ်အက်ဆစ်ပါသဖြင့် ပျားတုတ်ခံရသူသည် အစွယ်ကို ညှစ်မထုတ်ဘဲ ခွဲထုတ်ယူသင့်သည်။ ညှစ်ထုတ်ပါက ယင်းအဆိစ်များယင်းအဆိပ်များ အသားထဲသို့ဝင်၍ ကိုက်ခဲနာကျင်တတ်သည်။
 
ပျားဘုရင်မသည် မိတ်လိုက်ရန်အတွက် လေထဲ၌ ဝဲပျံနေတတ်၏။ ထိုအခါ ပျားထီးများ ထွက်လာ၍ လိုက်ကြ၏။ ပျားဘုရင်မသည် အမြင့်ဆုံးသို့ ပျံတက်ရာ၌ အသန်မာဆုံးပျားထီးသည် ယင်း၏နောက် လိုက်၍ မိတ်ဖက်ကြ၏။ မိတ်ဖက်ပြီးနောက် ပျားထီးသည် သေဆုံးသွားလေသည်။ ပျားဘုရင်မသည် ပျားအုံသို့ ပြန်လာ၍ ဥများအု၏။ တစ်ကြိမ်မိတ်လိုက်ရုံနှင့် ပျားဘုရင်မသည် တစ်သက်လုံး ဥများအုနိုင်၏။ တစ်နေ့လျှင် ဥပေါင်း ၅၀၀၀ အထိ အုနိုင်သည်။ မသေမီ ဥပေါင်း တစ်ကုဋေမျှ အုနိုင်သည်။ ပျားဘုရင်မ၏သက်တမ်းသည် ၃-၄နှစ် ဖြစ်၏။ အချို့မှာလည်း ၁၅နှစ်အထိပင် အသက်ရှင်နေနိုင်၏။
စာကြောင်း ၃၆ -
 
==ပျားတို့၏ လူတို့အပေါ် အကျိုးပြုချက်==
[[Image:Beekeeper.jpg|thumb|right|ပျားမွေးမြူသူတစ်ဦး အလုပ်ခွင်တွင်]]
ပျားရည်သည် လူကြိုက်များသောအာဟာရတစ်မျိုးဖြစ်၏။ ယင်းကို [[သစ်တော]]များ၌ ရှာဖွေယူကြရ၏။ ယခုအခါ၌ ပျားရည်အလို့ငှာ ပျားကို စီးပွားဖြစ် မွေးမြူကြသည်။ ပျားအုံမှရသော ပျားဖယောင်းကို ဖယောင်းတိုင်များ ပြုလုပ်၍လည်း သုံးကြ၏။ လိမ်းဆေးများ ဖော်စပ်ရာ၌လည်း ပျားဖယောင်းများကိုသုံး၏။ ထို့အပြင် ပျားတို့၏ လူတို့အပေါ် အခြားအကျိုးပြုချက်တစ်ရပ်ကား သစ်သီးများ ပိုမိုထွက်စေခြင်းပင် ဖြစ်သည်။ ပျားတို့သည် တစ်ပင်မှတစ်ပင် ကူးလူးပျံသန်းလျက်ရှိကြရာ ကူးယှက် မျိုးတည်မှု ဖြစ်စေသည်။
 
"https://my.wikipedia.org/wiki/ပျား" မှ ရယူရန်